[Zawgyi]

Xiaomi ဟာ အရည္အေသြးေကာင္းၿပီး ေဈးသက္သာတဲ့ စမတ္ဖုန္းေတြ ထုတ္လုပ္ေရာင္းခ်ေနတဲ့ ကုမၸဏီတစ္ခုအျဖစ္ ကမာၻတစ္ဝန္းလုံးက စမတ္ဖုန္းသုံးစြဲသူေတြ လက္ခံထားၾကမယ္ထင္ပါတယ္။ ဒီ တ႐ုတ္စမတ္ဖုန္းကုမၸဏီဟာ Android One စမတ္ဖုန္းေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း နာမည္ေက်ာ္ၾကားပါတယ္။

လက္ရွိအခ်ိန္မွာလည္း Android One Program ကို အင္တိုက္အားတိုက္ ေဆာင္႐ြက္ေနတာကို ေတြ႕ျမင္ရမွာပါ။ Xiaomi ရဲ႕ Android One စမတ္ဖုန္းဆိုရင္ ၂၀၁၇ မွာထုတ္လုပ္ခဲ့တဲ့ Mi A1, ၂၀၁၈မွာ Mi A2 ဆိုၿပီး မွတ္မိၾကမယ္ထင္ပါတယ္။ အခု ၂၀၁၉ မွာလည္း Xiaomi ဟာ Android One စမတ္ဖုန္းသစ္ကို မိတ္ဆကေ္ပးဦးမယ္လို႔ သိရပါတယ္။

XDA Developers ဘက္ကေန ထြက္ေပၚလာတဲ့သတင္းအရ Xiaomi ဟာ စမတ္ဖုန္းသစ္ ၃ မ်ိဳးကို စမ္းသပ္ေနတယ္လို႔ သိရပါတယ္။ Code-name ေတြကေတာ့ Pyxis, Bamboo_sprout နဲ႔ Cosmos_sprout တို႔ပဲ ျဖစ္ၾကပါတယ္။ Pyxis ကေတာ့ တ႐ုတ္ျပည္တြင္းအတြက္ပဲ ရည္႐ြယ္ထားတဲ့အတြက္ MIUI Version နဲ႔ပဲ ထြက္ေပၚလာမယ္လို႔ ဆိုပါတယ္။

Bamboo_sprout နဲ႔ Cosmos_sprout ေတြကေတာ့ Android One Project အတြက္ ရည္႐ြယ္ထားတဲ့ ဖုန္းေတြလို႔ သိရပါတယ္။ XDA Developers ရဲ႕ ေဖာ္ျပခ်က္အရ Xiaomi က စမ္းသပ္ေနတဲ့ စမတ္ဖုန္းသစ္ ၃ မ်ိဳးစလုံးမွာ In-Display Fingerprint Sensor ေတြ ပါဝင္ေနတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ေက်ာဘက္ကင္မရာနဲ႔ Selfie ကင္မရာေတြမွာ Pixel-binning နည္းပညာသုံးထားၿပီး 32MP ကင္မရာေတြျဖစ္တယ္လို႔လည္း ဆိုပါတယ္။

Xiaomi အေနနဲ႔ ဒီစမတ္ဖုန္းသစ္ႏွစ္မ်ိဳးကို Mi A3 Series အျဖစ္ ျမင္ေတြ႕ရဖြယ္ရွိတယ္လို႔ ယူဆရပါတယ္။ ေနာက္တစ္ခ်က္ေတာ့ ဒီစမတ္ဖုန္းေတြမွာ Snapdragon 855 လို Flagship ဖုန္းေတြမွာသုံးတဲ့ Chipset အစား Mid-range ဖုန္းေတြအတြက္သုံးတဲ့ Chipset ထဲကမွ အျမင့္ဆုံးအမ်ိဳးအစားကိုပဲ ေမွ်ာ္လင့္လို႔ ရႏိုင္ဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။

Ref: Phone Arena

[Unicode]

In-Display Fingerprint နဲ့ Android One ဖုန်းနှစ်မျိုး ထုတ်ဦးမယ့် Xiaomi

Xiaomi ဟာ အရည်အသွေးကောင်းပြီး ဈေးသက်သာတဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီတစ်ခုအဖြစ် ကမ္ဘာတစ်ဝန်းလုံးက စမတ်ဖုန်းသုံးစွဲသူတွေ လက်ခံထားကြမယ်ထင်ပါတယ်။ ဒီ တရုတ်စမတ်ဖုန်းကုမ္ပဏီဟာ Android One စမတ်ဖုန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း နာမည်ကျော်ကြားပါတယ်။

လက်ရှိအချိန်မှာလည်း Android One Program ကို အင်တိုက်အားတိုက် ဆောင်ရွက်နေတာကို တွေ့မြင်ရမှာပါ။ Xiaomi ရဲ့ Android One စမတ်ဖုန်းဆိုရင် ၂၀၁၇ မှာထုတ်လုပ်ခဲ့တဲ့ Mi A1, ၂၀၁၈မှာ Mi A2 ဆိုပြီး မှတ်မိကြမယ်ထင်ပါတယ်။ အခု ၂၀၁၉ မှာလည်း Xiaomi ဟာ Android One စမတ်ဖုန်းသစ်ကို မိတ်ဆက်ပေးဦးမယ်လို့ သိရပါတယ်။

XDA Developers ဘက်ကနေ ထွက်ပေါ်လာတဲ့သတင်းအရ Xiaomi ဟာ စမတ်ဖုန်းသစ် ၃ မျိုးကို စမ်းသပ်နေတယ်လို့ သိရပါတယ်။ Code-name တွေကတော့ Pyxis, Bamboo_sprout နဲ့ Cosmos_sprout တို့ပဲ ဖြစ်ကြပါတယ်။ Pyxis ကတော့ တရုတ်ပြည်တွင်းအတွက်ပဲ ရည်ရွယ်ထားတဲ့အတွက် MIUI Version နဲ့ပဲ ထွက်ပေါ်လာမယ်လို့ ဆိုပါတယ်။

Bamboo_sprout နဲ့ Cosmos_sprout တွေကတော့ Android One Project အတွက် ရည်ရွယ်ထားတဲ့ ဖုန်းတွေလို့ သိရပါတယ်။ XDA Developers ရဲ့ ဖော်ပြချက်အရ Xiaomi က စမ်းသပ်နေတဲ့ စမတ်ဖုန်းသစ် ၃ မျိုးစလုံးမှာ In-Display Fingerprint Sensor တွေ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျောဘက်ကင်မရာနဲ့ Selfie ကင်မရာတွေမှာ Pixel-binning နည်းပညာသုံးထားပြီး 32MP ကင်မရာတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

Xiaomi အနေနဲ့ ဒီစမတ်ဖုန်းသစ်နှစ်မျိုးကို Mi A3 Series အဖြစ် မြင်တွေ့ရဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ နောက်တစ်ချက်တော့ ဒီစမတ်ဖုန်းတွေမှာ Snapdragon 855 လို Flagship ဖုန်းတွေမှာသုံးတဲ့ Chipset အစား Mid-range ဖုန်းတွေအတွက်သုံးတဲ့ Chipset ထဲကမှ အမြင့်ဆုံးအမျိုးအစားကိုပဲ မျှော်လင့်လို့ ရနိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

Ref: Phone Arena