[Zawgyi]

စမတ္ဖုန္းဒီဇိုင္းနဲ႔ နည္းပညာေတြဟာ လြန္ခဲ့တဲ့ ၂ႏွစ္ေလာက္ကစၿပီး တေန႔တျခား တိုးတက္ေျပာင္းလဲလာခဲ့ပါတယ္။ Bezel အထူႀကီးေတြကေန Bezel ေသးေသးေလးေတြ ျဖစ္ေအာင္လုပ္၊ Bezel ေသးေသးေလးေတြကို ထပ္ခ်ဴံ႕ၿပီး Notch အျဖစ္ ဖန္တီး၊ Notch အႀကီးႀကီးေတြကေန Notch ေသးေသးေလးေတြ ျဖစ္ေအာင္လုပ္၊ ေနာက္ဆုံး Notch ကို ျဖဳတ္ၿပီး Punch Hole ေတြ၊ Pop-up / Flip Camera ေတြ အစားထိုးလာတဲ့အထိ အမ်ိဴးမ်ိဴးေသာ တီထြင္ဆန္းသစ္မႈေတြကို ျပဳလုပ္ခဲ့ၾကပါတယ္။

Screen to body ratio မ်ားတဲ့ မ်က္ႏွာျပင္ျပည့္ စမတ္ဖုန္းတစ္လုံး ျဖစ္ဖို႔ သြားရာလမ္းေၾကာင္းမွာ ဆူးေညႇာင့္ခလုတ္ျဖစ္ေနသူက Selfie Camera လို႔ ေျပာရမွာပါ။ ဒီေန႔ေခတ္မွာေတာ့ အဆိုပါ Selfie Camera ျပႆနာကို မ်ားေသာအားျဖင့္ Waterdrop / Teardrop Notch ေတြ၊ Pop-up Camera ေတြနဲ႔ ေျဖရွင္းေလ့ ရွိၾကပါတယ္။ ဒါေပမယ့္ ၿပီးျပည့္စုံတဲ့ ေျဖရွင္းခ်က္ေတြ မဟုတ္ေသးဘူးလို႔ ေျပာရမွာပါ။ ဒါ့ေၾကာင့္ စမတ္ဖုန္း ထုတ္လုပ္ေရာင္းခ်သူေတြဟာ Selfie Camera ေနရာနဲ႔ ပတ္သက္ၿပီး လက္ရွိနည္းလမ္းေတြထက္ ပိုမိုအဆင့္ျမင့္တဲ့ နည္းပညာကို ေလ့လာစမ္းသပ္တီထြင္ေနၾကပါတယ္။

အဆိုပါ နည္းပညာကေတာ့ Selfie Camera ကို Display ေအာက္မွာ ျမႇပ္ႏွံတပ္ဆင္တာျဖစ္ၿပီး Samsung အပါအဝင္ စမတ္ဖုန္းကုမၸဏီႀကီးတခ်ိဴ႕ ေလ့လာစမ္းသပ္ေနၾကတဲ့ နည္းပညာျဖစ္ပါတယ္။ ဒီေန႔ၾကားသိခဲ့ရတဲ့ သတင္းအရဆိုရင္ In-display (Under Display) Selfie Camera နည္းပညာကို အသုံးျပဳဖို႔ ႀကံ႐ြယ္ေနတဲ့ ကုမၸဏီႀကီးေတြထဲမွာ Xiaomi ကိုလည္း ထည့္သြင္းစဥ္းစားရေတာ့မွာပါ။

Xiaomi အေနနဲ႔ Selfie Camera ကို Display ေအာက္မွာ ထည့္သြင္းအသုံးျပဳဖို႔အတြက္ မူပိုင္ခြင့္ဒီဇိုင္းကို လြန္ခဲ့တဲ့ ၂၀၁၈ခုႏွစ္ ႏိုဝင္ဘာလ ကတည္းက ေလွ်ာက္ထားခဲ့တာ ျဖစ္ပါတယ္။ မူပိုင္ခြင့္ဒီဇိုင္းအရ Selfie Camera နဲ႔ Light Sensor ေတြကို Main Display ရဲ႕ ေနာက္မွာျမႇပ္ႏွံထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Main Display ရဲ႕ ေအာက္မွာလည္း Secondary Display တစ္ခု ထပ္မံပါဝင္ေၾကာင္း ေဖာ္ျပထားပါေသးတယ္။ Light Sensor က Display ၂လုံးနဲ႔ တြဲဖက္အလုပ္လုပ္မွာ ျဖစ္တဲ့အတြက္ Camera အသုံးျပဳတဲ့ အခ်ိန္မွသာ Display ေအာက္က Sensor ေတြကို ျမင္ေတြ႕ရမယ္လို႔ ဆိုပါတယ္။

Xiaomi အျပင္ Oppo ကလည္း In-display Camera နည္းပညာပါဝင္တဲ့ စမတ္ဖုန္းကို ဒီႏွစ္ထဲမွာ ထုတ္ျပသြားမယ္လို႔ သိရပါတယ္။ တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ In-display Camera နည္းပညာဟာ ဒီႏွစ္ ေႏွာင္းပိုင္း ဒါမွမဟုတ္ ေနာက္ႏွစ္ထဲမွာ ေရပန္းစားလာႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : Gizmochina

[Unicode]

Selfie Camera ကို Display အောက်မှာ မြှပ်နှံထားမယ့် Xiaomi ဖုန်း မူပိုင်ခွင့်

စမတ်ဖုန်းဒီဇိုင်းနဲ့ နည်းပညာတွေဟာ လွန်ခဲ့တဲ့ ၂နှစ်လောက်ကစပြီး တနေ့တခြား တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ Bezel အထူကြီးတွေကနေ Bezel သေးသေးလေးတွေ ဖြစ်အောင်လုပ်၊ Bezel သေးသေးလေးတွေကို ထပ်ချူံ့ပြီး Notch အဖြစ် ဖန်တီး၊ Notch အကြီးကြီးတွေကနေ Notch သေးသေးလေးတွေ ဖြစ်အောင်လုပ်၊ နောက်ဆုံး Notch ကို ဖြုတ်ပြီး Punch Hole တွေ၊ Pop-up / Flip Camera တွေ အစားထိုးလာတဲ့အထိ အမျိူးမျိူးသော တီထွင်ဆန်းသစ်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

Screen to body ratio များတဲ့ မျက်နှာပြင်ပြည့် စမတ်ဖုန်းတစ်လုံး ဖြစ်ဖို့ သွားရာလမ်းကြောင်းမှာ ဆူးညှောင့်ခလုတ်ဖြစ်နေသူက Selfie Camera လို့ ပြောရမှာပါ။ ဒီနေ့ခေတ်မှာတော့ အဆိုပါ Selfie Camera ပြဿနာကို များသောအားဖြင့် Waterdrop / Teardrop Notch တွေ၊ Pop-up Camera တွေနဲ့ ဖြေရှင်းလေ့ ရှိကြပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံတဲ့ ဖြေရှင်းချက်တွေ မဟုတ်သေးဘူးလို့ ပြောရမှာပါ။ ဒါ့ကြောင့် စမတ်ဖုန်း ထုတ်လုပ်ရောင်းချသူတွေဟာ Selfie Camera နေရာနဲ့ ပတ်သက်ပြီး လက်ရှိနည်းလမ်းတွေထက် ပိုမိုအဆင့်မြင့်တဲ့ နည်းပညာကို လေ့လာစမ်းသပ်တီထွင်နေကြပါတယ်။

အဆိုပါ နည်းပညာကတော့ Selfie Camera ကို Display အောက်မှာ မြှပ်နှံတပ်ဆင်တာဖြစ်ပြီး Samsung အပါအဝင် စမတ်ဖုန်းကုမ္ပဏီကြီးတချိူ့ လေ့လာစမ်းသပ်နေကြတဲ့ နည်းပညာဖြစ်ပါတယ်။ ဒီနေ့ကြားသိခဲ့ရတဲ့ သတင်းအရဆိုရင် In-display (Under Display) Selfie Camera နည်းပညာကို အသုံးပြုဖို့ ကြံရွယ်နေတဲ့ ကုမ္ပဏီကြီးတွေထဲမှာ Xiaomi ကိုလည်း ထည့်သွင်းစဥ်းစားရတော့မှာပါ။

Xiaomi အနေနဲ့ Selfie Camera ကို Display အောက်မှာ ထည့်သွင်းအသုံးပြုဖို့အတွက် မူပိုင်ခွင့်ဒီဇိုင်းကို လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် နိုဝင်ဘာလ ကတည်းက လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ မူပိုင်ခွင့်ဒီဇိုင်းအရ Selfie Camera နဲ့ Light Sensor တွေကို Main Display ရဲ့ နောက်မှာမြှပ်နှံထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Main Display ရဲ့ အောက်မှာလည်း Secondary Display တစ်ခု ထပ်မံပါဝင်ကြောင်း ဖော်ပြထားပါသေးတယ်။ Light Sensor က Display ၂လုံးနဲ့ တွဲဖက်အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် Camera အသုံးပြုတဲ့ အချိန်မှသာ Display အောက်က Sensor တွေကို မြင်တွေ့ရမယ်လို့ ဆိုပါတယ်။

Xiaomi အပြင် Oppo ကလည်း In-display Camera နည်းပညာပါဝင်တဲ့ စမတ်ဖုန်းကို ဒီနှစ်ထဲမှာ ထုတ်ပြသွားမယ်လို့ သိရပါတယ်။ တချိူ့သော ကျွမ်းကျင်ပညာရှင်တွေကတော့ In-display Camera နည်းပညာဟာ ဒီနှစ် နှောင်းပိုင်း ဒါမှမဟုတ် နောက်နှစ်ထဲမှာ ရေပန်းစားလာနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : Gizmochina