Zawgyi Font Version
Unicode Version
Xiaomi ကနေ မယုံနိုင်စရာ Promotion တစ်ခုလုပ်လိုက်ပါတယ်။ မယုံနိုင်စရာ Promotion ဆိုလို့ Xiaomi ရဲ့ စပွန်ဆာ Article ထင်နေဦးမယ်။ မဟုတ်ပါဘူး။ Xiaomi ရဲ့ တရုတ်ပြည်တွင်းမှာပဲ လုပ်တဲ့ Promotion တစ်ခုပါ။
Xiaomi ကနေ သူ့ရဲ့ Mi Phone ရယ် Mi Laptop ရယ် Mi Band 3 နဲ့ Mi Bluetooth Earphones တွေပါဝင်တဲ့ Set ကိုမှ iPhone ဈေးနဲ့ရောင်းချတာပါ။ iPhone အသစ်ဈေးတွေနဲ့ ကွက်တိရောင်းချခဲ့တာဖြစ်ပြီး သူ့ရဲ့Set သုံးမျိုးကို iPhone အသစ်သုံးလုံး နာမည်တပ်ထားပါတယ်။ XS Suit, XS Max Set နဲ့ XR Suit ဆိုပြီး သုံးမျိုးဝယ်ယူနိုင်ပါတယ်။
XS Suit မှာ Mi Mix 2s ရယ် Mi Notebook Air ရယ် Mi Band 3 နဲ့ Mi Bluetooth Headset တို့ပါဝင်ပါတယ်။ XS Max Set မှာတော့ Mi 8, Mi Notebook Pro နဲ့ Mi Band 3, Bluetooth Headset တို့ပါဝင်တယ်။ XR Suit မှာတော့ Mi8 SE, Mi Notebook Air ရယ် Mi Band 3 နဲ့ Bluetooth Headset တို့ပါဝင်ပါတယ်။
iPhone တစ်လုံးတန်ဖိုးနဲ့ ဖုန်းတစ်လုံးရော Laptop တစ်လုံးပါရမှာဆိုတော့ မယုံနိုင်စရာ Promotion ကြီးပါပဲ။ ပရိတ်သတ်ကြီးရော အဲ့ဒီ Promotion ကိုပြည်တွင်းမှာလုပ်စေချင်ပါသလား။