Xiaomi က နောက်ဆုံး ငွေစာရင်းရှင်းတမ်းကို ထုတ်ပြန်ကြေညာလိုက်ပြီး ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လ ၁ ရက်ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း စမတ်ဖုန်း အလုံးရေ ၄၆.၆ သန်း စံချိန်တင်ရောင်းချရတယ်လို့ သိရပါတယ်။ တန်ဖိုးအနေနဲ့ ယွမ် ၄၇.၆ ဘီလီယမ်ဖိုး ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။ ဒီနှစ် ကွာတား ၃ မှာ ရောင်းချရတဲ့ စမတ်ဖုန်း အရေအတွက်ဟာ အရင်နှစ် ကွာတား ၃ ကထက် ၄၅.၃ ရာခိုင်နှုန်း ပိုများလာတာပါ။ ကိုဗစ် ကပ်ရောဂါ ကာလမှာ ဒီလို ရောင်းအား အရမ်းတက်လာတာ ထူးဆန်းပါတယ်။ Canalys ရဲ့ တစ်ကမ္ဘာလုံး စမတ်ဖုန်း ရောင်းအား စစ်တမ်းအရ Xiaomi ဟာ ဈေးကွက်ဝေစု ၁၃.၅ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့ နံပါတ် ၃ စမတ်ဖုန်း ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ဘွဲ့ကို သိမ်းပိုက်ထားပါတယ်။

ဒီနှစ် ကွာတား ၃ မှာ Xiaomi ရဲ့ စုစုပေါင်း ဝင်ငွေဟာ ယွမ် ၇၂.၂ ဘီလီယမ် (ဒေါ်လာ ၁၀.၉ ဘီလီယမ်) ဖြစ်ပြီး အရင်နှစ် ကွာတား ၃ ကထက် ၃၄.၅ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ အသားတင် အမြတ်ငွေဟာ ယွမ် ၄.၁ ဘီလီယမ်(ဒေါ်လာ ၆၂၁ သန်း) အထိ ရှိလာပါတယ်။ Xiaomi ဖုန်းတွေရဲ့  Average Selling Price (ASP) ဟာ ၁ လုံးကို ယွမ် ၁,၀၂၂ (၁၅၅ ဒေါ်လာ) အထိ မြင့်မားလာပြီး ဒါဟာ ကွာတား ၃ မှာ စွမ်းရည်မြင့် Mi ဖုန်းတွေ ရောင်းအားလန်းလို့ ဖြစ်ပါတယ်။

တရုတ်ပြင်ပက ဝင်ငွေဟာလည်း ယွမ် ၃၉.၈ ဘီလီယမ် (ဒေါ်လာ ၆.၀၃ ဘီလီယမ်) အထိရှိလာပြီး အရင်နှစ်ကထက် ၅၂.၁ ရာခိုင်နှုန်း မြင့်မားလာပါတယ်။ AIoT Device တွေရဲ့ ဝင်ငွေဟာ ယွမ် ၁၈.၁ ဘီလီယမ် (ဒေါ်လာ ၂.၇ ဘီလီယမ်) ရှိလာပြီး အရင်နှစ်ကထက် ၁၆.၁ ရာခိုင်နှုန်း ပိုလန်းလာပါတယ်။

Ref : gsmarena