Xiaomi ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စွမ်းရည်မြင့် Mi 11 ကို ကြေညာခဲ့ပြီး  Snapdragon 888 Chipset ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ မိတ်ဆက်ပြီးနောက် ရက်အနည်းငယ်အတွင်း တရုတ်မှာ စတင် ရောင်းပေးခဲ့ပြီး အခုတော့ Xiaomi က Mi 11 ရောင်းအားကို ကြွားလိုက်ပါတယ်။ Xiaomi က ၂၁ ရက်အတွင်း အလုံးရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာလိုက်ပြီး ဒါဟာ အထင်ကြီးစရာကောင်းပါတယ်။

Xiaomi Mi 11 Million Units Sold

8/128GB ကို ၃,၉၉၉ ယွမ် ၊ 8/256GB ကို ၄,၂၉၉ ယွမ်နဲ့ 12/256GB ကို ၄,၆၉၉ ယွမ် သတ်မှတ်ထားပြီး ၈ သိန်း ၂ သောင်းက စမှာပါ။ Mi 11 ရဲ့ Specs တွေအကြောင်းပြန်ပြောရရင် ၆.၈၁ လက်မ AMOLED QHD+ မျက်နှာပြင်ပါလာပါတယ်။ 120Hz Refresh Rate နဲ့ 480Hz Touch Sampling Rate ပါတဲ့အတွက် မျက်နှာပြင်  တုန့်ပြန်မှု အရမ်းကောင်းပြီး  မျက်နှာပြင်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။

Xiaomi Mi 11 announced: The first Snapdragon 888 phone

SD888 SoC မောင်းနှင်ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ နှလုံးခုန်နှုန်းတိုင်းတာတာတွေ ပါလာပါတယ်။ ကင်မရာတွေ အကြောင်းပြောရရင် အနောက်ဘက်မှာ 108MP Main , 13MP Ultrawide Angle နဲ့ 5MP Macro ၃ လုံးနဲ့ အရှေ့ဘက်မှာ 20MP Punch Hole ၁ လုံး ထည့်သွင်းထားပါတယ်။  Android 11 အခြေပြု MIUI 12 မောင်းနှင်ထားပါတယ်။

Buy Xiaomi Mi 11 5G Phone - Giztop

4,600mAh ဘက်ထရီ ထည့်သွင်းထားပြီး 55W Wired Fast Charging , 50W Wireless နဲ့ 10W Reverse Charging တွေ ထောက်ပံ့ထားပါတယ်။ မိတ်ဆက်ပွဲမှာ Mi 11 ၁ လုံးထဲကိုပဲ ကြေညာခဲ့ပေမယ့် Periscope Lens ပါတဲ့ Mi 11 Pro ကိုလည်း နောက်ပိုင်းမှာ ချပြနိုင်ပါတယ်။ Mi 11 Pro ရဲ့ သတင်းအချက်အလက်တွေ အွန်လိုင်းမှာ ပေါက်ကြားနေပေမယ့် ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gizmochina