Unicode

Xiaomi ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Redmi K30 Series ဖုန်းသစ်တွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါဖုန်းတွေဟာ လက်ရှိအချိန်မှာ စျေးအသက်သာဆုံး 5G ဖုန်းသစ်တွေဖြစ်လာသလို Snapdragon 765 Processor နဲ့ 120Hz Display တွေပါ ပါဝင်တဲ့အတွက် လက်ရှိအချိန်မှာ Price-to-Performance အကောင်းဆုံးဖုန်းတွေဆိုရင်လည်း မမှားပါဘူး။

ဒါပေမယ့် ဒီလိုမျိုး K30 Series ဖုန်းတွေကို မိတ်ဆက်တဲ့အချိန်မှာ ပြီးခဲ့တဲ့မေလတုန်းက မိတ်ဆက်ထားခဲ့တဲ့ Redmi K20 Series ဖုန်းတွေရဲ့ ရောင်းအားကိုပါ ကြေညာသွားခဲ့ပါတယ်။ Xiaomi ရဲ့ ပြောကြားချက်အရတော့ ဒီလိုမျိုး ၆ လဝန်းကျင် ကာလအတွင်းမှာတင် Redmi K20 Series ဖုန်းအလုံးရေ ၄.၅ သန်းကျော် တင်ပို့ရောင်းချရခဲ့တာဖြစ်ပါတယ်။

ဒီ Redmi K20 Series ဖုန်းတွေဟာ Pop-up Selfie Camera ပါဝင်တဲ့အပြင် Full View Display အစစ်ကို ရရှိနိုင်တဲ့ဖုန်းတွေဖြစ်သလို Design ပိုင်းအရလည်း တခြားသောဖုန်းတွေကနေ ကွဲပြားနေတဲ့အတွက် အောင်မြင်တဲ့ဖုန်းတွေဖြစ်ပါတယ်။ Xiaomi ဟာ Redmi K20 Series ဖုန်းတွေကို Mi 9T အနေနဲ့လည်း Global Version အနေနဲ့ ရောင်းချထားတဲ့အတွက် ဒီ ၄.၅ သန်းကျော် ပမာဏက Mi 9T ပါ ပါဝင်ခြင်းရှိမရှိကိုတော့ မသိရှိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် အခုမိတ်ဆက်သွားခဲ့တဲ့ Redmi K30 Series ဖုန်းသစ်တွေကလည်း ပြီးခဲ့တဲ့ K20 Series ဖုန်းတွေကို ကျော်လွန်ပြီး ရောင်းချနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena

Zawgyi

Xiaomi ကေန ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက Redmi K30 Series ဖုန္းသစ္ေတြကို မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ အဆိုပါဖုန္းေတြဟာ လက္ရွိအခ်ိန္မွာ ေစ်းအသက္သာဆုံး 5G ဖုန္းသစ္ေတြျဖစ္လာသလို Snapdragon 765 Processor နဲ႔ 120Hz Display ေတြပါ ပါဝင္တဲ့အတြက္ လက္ရွိအခ်ိန္မွာ Price-to-Performance အေကာင္းဆုံးဖုန္းေတြဆိုရင္လည္း မမွားပါဘူး။

ဒါေပမယ့္ ဒီလိုမ်ိဳး K30 Series ဖုန္းေတြကို မိတ္ဆက္တဲ့အခ်ိန္မွာ ၿပီးခဲ့တဲ့ေမလတုန္းက မိတ္ဆက္ထားခဲ့တဲ့ Redmi K20 Series ဖုန္းေတြရဲ႕ ေရာင္းအားကိုပါ ေၾကညာသြားခဲ့ပါတယ္။ Xiaomi ရဲ႕ ေျပာၾကားခ်က္အရေတာ့ ဒီလိုမ်ိဳး ၆ လဝန္းက်င္ ကာလအတြင္းမွာတင္ Redmi K20 Series ဖုန္းအလုံးေရ ၄.၅ သန္းေက်ာ္ တင္ပို႔ေရာင္းခ်ရခဲ့တာျဖစ္ပါတယ္။

ဒီ Redmi K20 Series ဖုန္းေတြဟာ Pop-up Selfie Camera ပါဝင္တဲ့အျပင္ Full View Display အစစ္ကို ရရွိႏိုင္တဲ့ဖုန္းေတြျဖစ္သလို Design ပိုင္းအရလည္း တျခားေသာဖုန္းေတြကေန ကြဲျပားေနတဲ့အတြက္ ေအာင္ျမင္တဲ့ဖုန္းေတြျဖစ္ပါတယ္။ Xiaomi ဟာ Redmi K20 Series ဖုန္းေတြကို Mi 9T အေနနဲ႔လည္း Global Version အေနနဲ႔ ေရာင္းခ်ထားတဲ့အတြက္ ဒီ ၄.၅ သန္းေက်ာ္ ပမာဏက Mi 9T ပါ ပါဝင္ျခင္းရွိမရွိကိုေတာ့ မသိရွိရေသးပါဘူး။

ဘာပဲျဖစ္ျဖစ္ အခုမိတ္ဆက္သြားခဲ့တဲ့ Redmi K30 Series ဖုန္းသစ္ေတြကလည္း ၿပီးခဲ့တဲ့ K20 Series ဖုန္းေတြကို ေက်ာ္လြန္ၿပီး ေရာင္းခ်ႏိုင္မလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Ref – GSM Arena