[Zawgyi]

တရုတ္မွာ မေန႔က က်င္းပခဲ့တဲ့ နည္းပညာ ပြဲအခမ္းအနား ၁ ခုမွာ Xiaomi ရဲ႕ စီအီးအို လီဂြ်န္လည္း ပါ၀င္ ေဆြးေႏြးခဲ့ၿပီး သူက ကုမၸဏီရဲ႕ 5G ခရီးစဥ္နဲ႔ ပတ္သက္တဲ့ အဓိက သတင္းအခ်က္အလက္အခ်ိဳ႕ကို ေျပာခဲ့ပါတယ္။ သူက Xiaomi ဟာ လြန္ခဲ့တဲ့ ၃ ႏွစ္ကတည္းက 5G နည္းပညာနဲ႔ မိုဘိုင္းဖုန္းေတြကို သုေတသန ျပဳလုပ္ခဲ့တယ္လို႔ ေျပာပါတယ္။

လီဂြ်န္က Xiaomi ဟာ စက္တင္ဘာလမွာ ေနာက္ထပ္ 5G Phone ၁ လံုးကို ေရာင္းမယ္လို႔ ေျပာပါတယ္။ အဲဒီဖုန္းဟာ Mi Mix 4 ျဖစ္ႏုိင္ၿပီး ဒီႏွစ္ အေစာပိုင္းမွာ ေရာင္းခ်ခဲ့တဲ့ Mi Mix 3 5G ရဲ႕ မ်ိဳးဆက္ျဖစ္ပါတယ္။ လီဂြ်န္က ၿပီးခဲ့တဲ့ ႏွစ္ေတြမွာ ေရာင္းအား က်ဆင္းခဲ့တဲ့ စမတ္ဖုန္း ေစ်းကြက္ကို 5G က ျပန္လည္ဦးေမာ့လာေအာင္ ျပဳလုပ္ႏုိင္မယ္လို႔ ေျပာပါတယ္။ သူက AI+IoT+5G ဟာ ေနာက္မ်ိဳးဆက္ စူပါ အင္တာနက္ ျဖစ္ၿပီး Xiaomi ဟာ အဲဒီ နည္းပညာေတြကို အေကာင္းဆံုး ဖန္တီးမယ္လို႔ ေျပာပါတယ္။

“ လာမယ့္ ႏွစ္မွာ 5G ဟာ သတင္းအခ်က္အလက္ ဆက္သြယ္ေရး၊ မိုဘိုင္း အင္တာနက္နဲ႔ အင္တာနက္ ခ်ိတ္ဆက္ႏုိင္တဲ့ ကိရိယာ နယ္ပယ္ေတြမွာ အရမ္းကို ေျပာင္းလဲေစေတာ့မွာ ျဖစ္ပါတယ္။ Xiaomi ကလည္း အဲဒီ ေျပာင္းလဲမႈမွာ ပါ၀င္မွာ ျဖစ္ၿပီး နည္းပညာ အပိုင္းမွာ ရင္းႏွီးျမွပ္ႏွံမႈေတြကို တိုးျမွင့္မွာ ျဖစ္ပါတယ္။ အထူးသျဖင့္ 5G Mobile Phones ေတြ ျဖစ္ပါတယ္။  ထုတ္လုပ္မႈ ကုန္က်စားရိတ္ သက္သာေအာင္လည္း စီမံခန္႔ခြဲမွာ ျဖစ္ပါတယ္။ “ လို႔ လီဂြ်န္က ေျပာပါတယ္။

လီဂြ်န္က Xiaomi ဟာ ဒီႏွစ္ ပထမႏွစ္၀က္မွာ ယြမ္ ၂၇ ဘီလီယမ္ ၀င္ေငြရွိခဲ့ၿပီး အရင္ႏွစ္ကထက္ ၄၉ ရာခုိင္ႏႈန္း တိုးတက္လာတယ္လို႔ ေျပာပါတယ္။

Ref : gizmochina

[Unicode]

Xiaomi က စက်တင်ဘာလမှာ ဒုတိယမြောက် 5G Phone ရောင်းမည်

တရုတ်မှာ မနေ့က ကျင်းပခဲ့တဲ့ နည်းပညာ ပွဲအခမ်းအနား ၁ ခုမှာ Xiaomi ရဲ့ စီအီးအို လီဂျွန်လည်း ပါဝင် ဆွေးနွေးခဲ့ပြီး သူက ကုမ္ပဏီရဲ့ 5G ခရီးစဉ်နဲ့ ပတ်သက်တဲ့ အဓိက သတင်းအချက်အလက်အချို့ကို ပြောခဲ့ပါတယ်။ သူက Xiaomi ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက 5G နည်းပညာနဲ့ မိုဘိုင်းဖုန်းတွေကို သုတေသန ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

လီဂျွန်က Xiaomi ဟာ စက်တင်ဘာလမှာ နောက်ထပ် 5G Phone ၁ လုံးကို ရောင်းမယ်လို့ ပြောပါတယ်။ အဲဒီဖုန်းဟာ Mi Mix 4 ဖြစ်နိုင်ပြီး ဒီနှစ် အစောပိုင်းမှာ ရောင်းချခဲ့တဲ့ Mi Mix 3 5G ရဲ့ မျိုးဆက်ဖြစ်ပါတယ်။ လီဂျွန်က ပြီးခဲ့တဲ့ နှစ်တွေမှာ ရောင်းအား ကျဆင်းခဲ့တဲ့ စမတ်ဖုန်း ဈေးကွက်ကို 5G က ပြန်လည်ဦးမော့လာအောင် ပြုလုပ်နိုင်မယ်လို့ ပြောပါတယ်။ သူက AI+IoT+5G ဟာ နောက်မျိုးဆက် စူပါ အင်တာနက် ဖြစ်ပြီး Xiaomi ဟာ အဲဒီ နည်းပညာတွေကို အကောင်းဆုံး ဖန်တီးမယ်လို့ ပြောပါတယ်။

“ လာမယ့် နှစ်မှာ 5G ဟာ သတင်းအချက်အလက် ဆက်သွယ်ရေး၊ မိုဘိုင်း အင်တာနက်နဲ့ အင်တာနက် ချိတ်ဆက်နိုင်တဲ့ ကိရိယာ နယ်ပယ်တွေမှာ အရမ်းကို ပြောင်းလဲစေတော့မှာ ဖြစ်ပါတယ်။ Xiaomi ကလည်း အဲဒီ ပြောင်းလဲမှုမှာ ပါဝင်မှာ ဖြစ်ပြီး နည်းပညာ အပိုင်းမှာ ရင်းနှီးမြှပ်နှံမှုတွေကို တိုးမြှင့်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် 5G Mobile Phones တွေ ဖြစ်ပါတယ်။ ထုတ်လုပ်မှု ကုန်ကျစားရိတ် သက်သာအောင်လည်း စီမံခန့်ခွဲမှာ ဖြစ်ပါတယ်။ “ လို့ လီဂျွန်က ပြောပါတယ်။

လီဂျွန်က Xiaomi ဟာ ဒီနှစ် ပထမနှစ်ဝက်မှာ ယွမ် ၂၇ ဘီလီယမ် ဝင်ငွေရှိခဲ့ပြီး အရင်နှစ်ကထက် ၄၉ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ပြောပါတယ်။

Ref : gizmochina