[Zawgyi]

Xiaomi က Android 10 အေျချပဳ MIUI 11 ကို ျဖန္႔ခ်ိထားတာ သိပ္မၾကာေသးပါဘူး။ ဒါေပမယ့္လည္း ေနာက္မ်ိဳးဆက္ MIUI 12 ကို ကုမၸဏီက စတင္ ဖန္တီးေနပါၿပီ။ ဒီသတင္းကို Public Relation အေထြေထြမန္ေနဂ်ာ Xu Jieyun က အတည္ျပဳလိုက္တာပါ။ MIUI 12 ရဲ႕ လုပ္ေဆာင္ခ်က္ေတြကိုေတာ့ မသိရေသးပါဘူး။

MIUI 11 မွာ ရုပ္ထြက္ေတြကို ဆန္းသစ္ထားပါတယ္။ အိုင္ကြန္ေတြက ပိုေပ်ာ့ေျပာင္းလာတဲ့ ဒီဇိုင္း ျဖစ္ၿပီး System-wide Dark Mode ပါလာပါတယ္။ Always-on Display က ပိုလန္းလာပါတယ္။ Animations , Themes , Wallpapers အသစ္ေတြ ထည့္ထားပါတယ္။ Notification System က ပိုတိုးတက္လာပါတယ္။ အသံအရည္အေသြးကိုလည္း ပိုေကာင္းေအာင္ ဖန္တီးထားပါတယ္။  Power-saving Mode က ပိုလန္းလာပါတယ္။

Xiaomi က MIUI 11 ကို အိႏၵိယမွာ ျဖန္႔ခ်ိေပးမယ့္ အခ်ိန္ကို ေၾကညာထားပါတယ္။ မၾကာခင္မွာ ကမာၻအ၀န္းမွာ ျဖန္႔ခ်ိမယ့္ အခ်ိန္ကို ေျပာမွာ ျဖစ္ပါတယ္။ ဒီလ ၂၂ ရက္ေန႔မွာ နာမည္ေက်ာ္ ဖုန္းေတြ ျဖစ္တဲ့ POCO F1, Redmi K20, Redmi Y3, Redmi 7, Redmi Note 7, Redmi Note 7S နဲ႔ Redmi Note 7 Pro တို႔အတြက္ ျဖန္႔ခ်ိမွာပါ။

အဲဒီေနာက္မွာ  Redmi K20 Pro, Redmi 6, Redmi 6 Pro, Redmi 6A, Redmi Note 5, Redmi Note 5 Pro, Redmi 5. Redmi 5A, Redmi Note 4, Redmi Y1, Redmi Y1 lite, Redmi Y2, Redmi 4, Mi Mix 2 နဲ႔ Mi Max 2 တို႔အတြက္ ႏုိ၀င္ဘာလ ၄ ရက္ေန႔မွာ ရရွိမွာပါ။ တတိယ အသုတ္ကို ႏို၀င္ဘာလ ၁၃ ရက္ေန႔မွာ Redmi Note 6 Pro, Redmi 7A, Redmi 8, Redmi 8A နဲ႔ Redmi Note 8 အတြက္ ျဖန္႔ခ်ိေပးမွာပါ။ စတုတၳအသုတ္မွာ Redmi Note 8 Pro ပါ၀င္လာၿပီး ဒီဇင္ဘာလ ၁၈ ရက္ေန႔မွာ ရမွာပါ။

Ref : gizmochina

[Unicode]

Xiaomi က MIUI 12 ကို စတင် ဖန်တီးနေပြီ

Xiaomi က Android 10 အခြေပြု MIUI 11 ကို ဖြန့်ချိထားတာ သိပ်မကြာသေးပါဘူး။ ဒါပေမယ့်လည်း နောက်မျိုးဆက် MIUI 12 ကို ကုမ္ပဏီက စတင် ဖန်တီးနေပါပြီ။ ဒီသတင်းကို Public Relation ရဲ့ အထွေထွေမန်နေဂျာ Xu Jieyun က အတည်ပြုလိုက်တာပါ။ MIUI 12 ရဲ့ လုပ်ဆောင်ချက်တွေကိုတော့ မသိရသေးပါဘူး။

MIUI 11 မှာ ရုပ်ထွက်တွေကို ဆန်းသစ်ထားပါတယ်။ အိုင်ကွန်တွေက ပိုပျော့ပြောင်းလာတဲ့ ဒီဇိုင်း ဖြစ်ပြီး System-wide Dark Mode ပါလာပါတယ်။ Always-on Display က ပိုလန်းလာပါတယ်။ Animations , Themes , Wallpapers အသစ်တွေ ထည့်ထားပါတယ်။ Notification System က ပိုတိုးတက်လာပါတယ်။ အသံအရည်အသွေးကိုလည်း ပိုကောင်းအောင် ဖန်တီးထားပါတယ်။ Power-saving Mode က ပိုလန်းလာပါတယ်။

Xiaomi က MIUI 11 ကို အိန္ဒိယမှာ ဖြန့်ချိပေးမယ့် အချိန်ကို ကြေညာထားပါတယ်။ မကြာခင်မှာ ကမ္ဘာအဝန်းမှာ ဖြန့်ချိမယ့် အချိန်ကို ပြောမှာ ဖြစ်ပါတယ်။ ဒီလ ၂၂ ရက်နေ့မှာ နာမည်ကျော် ဖုန်းတွေ ဖြစ်တဲ့ POCO F1, Redmi K20, Redmi Y3, Redmi 7, Redmi Note 7, Redmi Note 7S နဲ့ Redmi Note 7 Pro တို့အတွက် ဖြန့်ချိမှာပါ။

အဲဒီနောက်မှာ Redmi K20 Pro, Redmi 6, Redmi 6 Pro, Redmi 6A, Redmi Note 5, Redmi Note 5 Pro, Redmi 5. Redmi 5A, Redmi Note 4, Redmi Y1, Redmi Y1 lite, Redmi Y2, Redmi 4, Mi Mix 2 နဲ့ Mi Max 2 တို့အတွက် နိုဝင်ဘာလ ၄ ရက်နေ့မှာ ရရှိမှာပါ။ တတိယ အသုတ်ကို နိုဝင်ဘာလ ၁၃ ရက်နေ့မှာ Redmi Note 6 Pro, Redmi 7A, Redmi 8, Redmi 8A နဲ့ Redmi Note 8 အတွက် ဖြန့်ချိပေးမှာပါ။ စတုတ္ထအသုတ်မှာ Redmi Note 8 Pro ပါဝင်လာပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ရမှာပါ။

Ref : gizmochina