[Zawgyi]

Xiaomi ဟာ သူ႔ရဲ႕ စမတ္ဖုန္းေတြကို ထုတ္လုပ္ၿပီးခ်ိန္ကေန ေနာက္ ၅ ႏွစ္အထိ MIUI Software Update ေတြေထာက္ပံ့ေပးမယ္လို႔ ဆိုခဲ့ပါတယ္။ ဒီလိုမ်ိဳး ေမာ္ဒယ္အလိုက္ MIUI Software ေတြမတူညီေပမယ့္လည္း လိုက္လံ ေထာက္ပံ့ေပးျခင္းကသုံးစြဲသူေတြရဲ႕ စိတ္ေက်နပ္မႈနဲ႔ အားေပးမႈကို ရရွိခဲ့ျခင္း အေၾကာင္းရင္းထဲမွာ ပါဝင္ေနတာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ ဧၿပီလဆန္းမွာ ထုတ္လိုက္တဲ့ ေၾကညာခ်က္မွာေတာ့ Xiaomi ဟာ Redmi စမတ္ဖုန္း ၇ မ်ိဳးကို MIUI Update ေတြဆက္ၿပီးေထာက္ပံ့ေတာ့မွာမဟုတ္ဘဲ ရပ္တန႔္လိုက္ေတာ့မယ္ဆိုတာကို ေတြ႕ျမင္လိုက္ၾကရပါတယ္။ ဒီေၾကညာခ်က္က Redmi အသုံးျပဳသူေတြအတြက္ေတာ့ ဝမ္းနည္းစရာ သတင္းတစ္ခုလို႔ဆိုရင္လည္း မမွားပါဘူး။

Software Update ရပ္ဆိုင္းမယ့္ စာရင္းထဲမွာ ပါဝင္တဲ့ ဖုန္းေတြကေတာ့ ၂၀၁၇ ဇန္နဝါရီမွာ ထုတ္ခဲ့တဲ့ Xiaomi Redmi Note 4, ၂၀၁၆ ဇြန္မွာ ထုတ္ခဲ့တဲ့ Xiaomi Redmi 3S, ၂၀၁၆ ဇူလိုင္မွာ ထုတ္ခဲ့တဲ့ Xiaomi Redmi 3X, ၂၀၁၇ ေမမွာ ထုတ္ခဲ့တဲ့ Xiaomi Redmi 4, ၂၀၁၆ ႏိုဝင္ဘာမွာ ထုတ္ခဲ့တဲ့ Xiaomi Redmi 4A, ၂၀၁၆ ေဖေဖာ္ဝါရီမွာ ထုတ္ခဲ့တဲ့ Xiaomi Redmi Note 3 နဲ႔ ၂၀၁၆ ၾသဂုတ္မွာ ထုတ္ခဲ့တဲ့ Xiaomi Redmi Pro တို႔ပဲ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ အထက္မွာေဖာ္ျပခဲ့တဲ့ Redmi ဖုန္း ၇ မ်ိဳးဟာ MIUI 11 နဲ႔ Global ROM ေတြ ရရွိေတာ့မွာ မဟုတ္ပါဘူး။ MIUI Update မရဘူးဆိုေပမယ့္ Security Update ေတြေတာ့ ရရွိေနဦးမွာ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ၅ ႏွစ္မျပည့္ခင္မွာ အခုလို ပစ္ခ်ထားခဲ့တာကို ခံလိုက္ရတဲ့အတြက္ အမွန္တကယ္ကို ဝမ္းနည္းစရာ ျဖစ္ပါတယ္။ Xiaomi ရဲ႕ ေၾကညာခ်က္အရ ဒီ ဖုန္းအမ်ိဳးအစား ၇ မ်ိဳးပဲ မ်က္ႏွာငယ္ရတာျဖစ္ၿပီး က်န္တဲ့ အမ်ိဳးအစားေတြကေတာ့ ၅ ႏွစ္ျပည့္တဲ့အထိ Software Update ေတြ ရရွိဦးမယ္ဆိုတဲ့ သေဘာပဲ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

ကံမကောင်းစွာနဲ့ ၅ နှစ်မပြည့်ခင်မှာ MIUI Update တွေရပ်တန့်ခံလိုက်ရတဲ့ Redmi ဖုန်း ၇ မျိုး

Xiaomi ဟာ သူ့ရဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ပြီးချိန်ကနေ နောက် ၅ နှစ်အထိ MIUI Software Update တွေထောက်ပံ့ပေးမယ်လို့ ဆိုခဲ့ပါတယ်။ ဒီလိုမျိုး မော်ဒယ်အလိုက် MIUI Software တွေမတူညီပေမယ့်လည်း လိုက်လံ ထောက်ပံ့ပေးခြင်းကသုံးစွဲသူတွေရဲ့ စိတ်ကျေနပ်မှုနဲ့ အားပေးမှုကို ရရှိခဲ့ခြင်း အကြောင်းရင်းထဲမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဧပြီလဆန်းမှာ ထုတ်လိုက်တဲ့ ကြေညာချက်မှာတော့ Xiaomi ဟာ Redmi စမတ်ဖုန်း ၇ မျိုးကို MIUI Update တွေဆက်ပြီးထောက်ပံ့တော့မှာမဟုတ်ဘဲ ရပ်တန့်လိုက်တော့မယ်ဆိုတာကို တွေ့မြင်လိုက်ကြရပါတယ်။ ဒီကြေညာချက်က Redmi အသုံးပြုသူတွေအတွက်တော့ ဝမ်းနည်းစရာ သတင်းတစ်ခုလို့ဆိုရင်လည်း မမှားပါဘူး။

Software Update ရပ်ဆိုင်းမယ့် စာရင်းထဲမှာ ပါဝင်တဲ့ ဖုန်းတွေကတော့ ၂၀၁၇ ဇန်နဝါရီမှာ ထုတ်ခဲ့တဲ့ Xiaomi Redmi Note 4, ၂၀၁၆ ဇွန်မှာ ထုတ်ခဲ့တဲ့ Xiaomi Redmi 3S, ၂၀၁၆ ဇူလိုင်မှာ ထုတ်ခဲ့တဲ့ Xiaomi Redmi 3X, ၂၀၁၇ မေမှာ ထုတ်ခဲ့တဲ့ Xiaomi Redmi 4, ၂၀၁၆ နိုဝင်ဘာမှာ ထုတ်ခဲ့တဲ့ Xiaomi Redmi 4A, ၂၀၁၆ ဖေဖော်ဝါရီမှာ ထုတ်ခဲ့တဲ့ Xiaomi Redmi Note 3 နဲ့ ၂၀၁၆ သြဂုတ်မှာ ထုတ်ခဲ့တဲ့ Xiaomi Redmi Pro တို့ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် အထက်မှာဖော်ပြခဲ့တဲ့ Redmi ဖုန်း ၇ မျိုးဟာ MIUI 11 နဲ့ Global ROM တွေ ရရှိတော့မှာ မဟုတ်ပါဘူး။ MIUI Update မရဘူးဆိုပေမယ့် Security Update တွေတော့ ရရှိနေဦးမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၅ နှစ်မပြည့်ခင်မှာ အခုလို ပစ်ချထားခဲ့တာကို ခံလိုက်ရတဲ့အတွက် အမှန်တကယ်ကို ဝမ်းနည်းစရာ ဖြစ်ပါတယ်။ Xiaomi ရဲ့ ကြေညာချက်အရ ဒီ ဖုန်းအမျိုးအစား ၇ မျိုးပဲ မျက်နှာငယ်ရတာဖြစ်ပြီး ကျန်တဲ့ အမျိုးအစားတွေကတော့ ၅ နှစ်ပြည့်တဲ့အထိ Software Update တွေ ရရှိဦးမယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။

Ref: GSMArena