[Zawgyi]

တ႐ုတ္ရဲ႕ Selfie app နဲ႔ စမတ္ဖုန္းထုတ္လုပ္သူ Meitu က သူတို႔ကုမၸဏီရဲ႕ Hardware လုပ္ငန္းေတြကို Xiaomi က ဦးစီးလုပ္ေဆာင္ေတာ့မွာျဖစ္တယ္လို႔ သတင္းထုတ္ျပန္ေၾကညာလိုက္ပါတယ္။ အနာဂတ္မွာ ထုတ္လုပ္မယ့္ ဖုန္းေတြကို Metiu အမွတ္တံဆိပ္နဲ႔ပဲ ဆက္သြားမွာျဖစ္ေပမယ့္ Xiaomi ကေတာ့ သုေတသနနဲ႔ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြ၊ ဒီဇိုင္းပိုင္ဆိုင္ရာနဲ႔ အေရာင္းပိုင္းဆိုင္ရာေတြကို ကိုင္တြယ္မွာ ျဖစ္ပါတယ္။

Xiaomi က အခုလိုမ်ိဳး ဦးစီး ကိုင္တြယ္လိုက္တယ္ဆိုေပမယ့္ Meitu ကေတာ့ ကင္မရာ Software ပိုင္းမွာ ဆက္လက္ၿပီး ပါဝင္လုပ္ကိုင္ေနရဦးမွာ ျဖစ္ပါတယ္။ အေျခခံအားျဖင့္ေတာ့ Xiaomi အေနနဲ႔ မေဝးလွတဲ့ အနာဂတ္မွာ ကမာၻ႔ေဈးကြက္အသီးသီးကို ကင္မရာဖုန္းေတြ ျဖန႔္ျဖဴးဖို႔ အာ႐ုံစိုက္ေနတာျဖစ္ၿပီး Meitu ကို ဝယ္ယူျခင္းက ေသျခာတဲ့ အေလာင္းအစားတစ္ခု ျပဳလုပ္လိုက္တာပဲ ျဖစ္ပါတယ္။

Meitu ဟာ Selfie app ေတြနဲ႔ လူႀကိဳက္မ်ားခဲ့တဲ့ အမွတ္တံဆိပ္တစ္ခုျဖစ္တာေၾကာင့္ Xiaomi နဲ႔ပူးေပါင္းလိုက္ျခင္းက ႏွစ္ဦးႏွစ္ဖက္လုံးအတြက္ ၿပီးျပည့္စုံတဲ့ ပန္းတိုင္ဆီ ဦးတည္ေစျခင္းလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ၅ ႏွစ္အတြင္းမွာ ဖုန္းအလုံးေရ ၃.၅ သန္း ေရာင္းခ်ခဲ့ေပမယ့္ Selfie နဲ႔နာမည္ႀကီးတဲ့ Meitue အေနနဲ႔ ပိုမိုမ်ားျပားတဲ့ ထုတ္လုပ္မႈကို ေမွ်ာ္မွန္းႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

လုပ္ငန္းသေဘာအရ Xiaomi ဟာ ဖုန္းေရာင္းခ်ျခင္းအျမတ္ေငြထဲက ရာခိုင္ႏႈန္းအခ်ိဳ႕ကို Meitu ကို ခြဲေဝေပးရမွာ ျဖစ္ပါတယ္။ Meitu အေနနဲ႔ကလည္း ဒီသေဘာတူညီမႈအရ သူ႔ရဲ႕နည္းပညာေတြကို Xiaomi ဖုန္းေတြမွာပါ ထည့္သြင္းအသုံးျပဳခြင့္ ေပးရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အနာဂတ္ Xiaomi ဖုန္းေတြမွာ Meitu ရဲ႕ Selfie App ေတြပါဝင္လာဖြယ္ရွိတယ္လို႔ ဆိုရမွာပါ။

Ref: The Verge

 

[Unicode]

တရုတ်ရဲ့ Selfie app နဲ့ စမတ်ဖုန်းထုတ်လုပ်သူ Meitu က သူတို့ကုမ္ပဏီရဲ့ Hardware လုပ်ငန်းတွေကို Xiaomi က ဦးစီးလုပ်ဆောင်တော့မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။ အနာဂတ်မှာ ထုတ်လုပ်မယ့် ဖုန်းတွေကို Metiu အမှတ်တံဆိပ်နဲ့ပဲ ဆက်သွားမှာဖြစ်ပေမယ့် Xiaomi ကတော့ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ဒီဇိုင်းပိုင်ဆိုင်ရာနဲ့ အရောင်းပိုင်းဆိုင်ရာတွေကို ကိုင်တွယ်မှာ ဖြစ်ပါတယ်။

Xiaomi က အခုလိုမျိုး ဦးစီး ကိုင်တွယ်လိုက်တယ်ဆိုပေမယ့် Meitu ကတော့ ကင်မရာ Software ပိုင်းမှာ ဆက်လက်ပြီး ပါဝင်လုပ်ကိုင်နေရဦးမှာ ဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ Xiaomi အနေနဲ့ မဝေးလှတဲ့ အနာဂတ်မှာ ကမ္ဘာ့ဈေးကွက်အသီးသီးကို ကင်မရာဖုန်းတွေ ဖြန့်ဖြူးဖို့ အာရုံစိုက်နေတာဖြစ်ပြီး Meitu ကို ဝယ်ယူခြင်းက သေခြာတဲ့ အလောင်းအစားတစ်ခု ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်။

Meitu ဟာ Selfie app တွေနဲ့ လူကြိုက်များခဲ့တဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တာကြောင့် Xiaomi နဲ့ပူးပေါင်းလိုက်ခြင်းက နှစ်ဦးနှစ်ဖက်လုံးအတွက် ပြီးပြည့်စုံတဲ့ ပန်းတိုင်ဆီ ဦးတည်စေခြင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၅ နှစ်အတွင်းမှာ ဖုန်းအလုံးရေ ၃.၅ သန်း ရောင်းချခဲ့ပေမယ့် Selfie နဲ့နာမည်ကြီးတဲ့ Meitue အနေနဲ့ ပိုမိုများပြားတဲ့ ထုတ်လုပ်မှုကို မျှော်မှန်းနိုင်တော့မှာ ဖြစ်ပါတယ်။

လုပ်ငန်းသဘောအရ Xiaomi ဟာ ဖုန်းရောင်းချခြင်းအမြတ်ငွေထဲက ရာခိုင်နှုန်းအချို့ကို Meitu ကို ခွဲဝေပေးရမှာ ဖြစ်ပါတယ်။ Meitu အနေနဲ့ကလည်း ဒီသဘောတူညီမှုအရ သူ့ရဲ့နည်းပညာတွေကို Xiaomi ဖုန်းတွေမှာပါ ထည့်သွင်းအသုံးပြုခွင့် ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ် Xiaomi ဖုန်းတွေမှာ Meitu ရဲ့ Selfie App တွေပါဝင်လာဖွယ်ရှိတယ်လို့ ဆိုရမှာပါ။

Ref: The Verge