Zawgyi

Xiaomi ကေန လာမယ့္ ၾသဂုတ္လ ၂၉ ရက္ေန႔မွာ Redmi Note 8 Series စမတ္ဖုန္းေတြကို မိတ္ဆက္လာေတာ့မွာျဖစ္ပါတယ္။ ဒီ Redmi Note 8 Series ဖုန္းေတြဟာ လက္ရွိမွာ လူစိတ္ဝင္စားမႈအမ်ားဆုံး ဖုန္းေတြလို႔ေျပာလို႔ရသလို အခုလည္း Xiaomi ကေန Special Edition Redmi Note 8 Pro ဖုန္းတစ္မ်ိဳးကို မိတ္ဆက္မယ္ဆိုတာ အတည္ျပဳလိုက္ပါၿပီ။

အခု Xiaomi ကေန မိတ္ဆက္လာမွာကေတာ့ Online Multiplayer Game ေတြထဲမွာ ယခင္တုန္းကေဆာ့ကစားသူမ်ားျပားခဲ့တဲ့ World of Warcraft နဲ႔ ပူးေပါင္းထားတဲ့ Redmi Note 8 Pro Warcraft Edition ဖုန္းပဲျဖစ္ပါတယ္။ Xiaomi ကေတာ့ ဒီ Special Edition ဖုန္း ၂ ခုရဲ႕ ပုံစံကို မထုတ္ျပေသးေပမယ့္ ဖုန္းဘူးခြံပုံစံ ၂ မ်ိဳးကိုေတာ့ ျပသခဲ့ပါတယ္။

ျဖစ္ႏိုင္တာက Redmi Note 8 Pro Warcraft Edition ဖုန္းဟာ Fire & Ice Theme ၂ မ်ိဳးနဲ႔ အေရာင္ ၂ ေရာင္မိတ္ဆက္လာႏိုင္ၿပီးေတာ့ ပထမအေရာင္က အမည္းေရာင္နဲ႔အနီေရာင္ကို အေျခခံလာၿပီး ေနာက္အေရာင္ကေတာ့ အျဖဳနဲ႔ အျပာေရာင္ကို အေျခခံလာႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ Xiaomi Redmi Note 8 Pro စမတ္ဖုန္းဟာ Gaming Processor တစ္ခုျဖစ္တဲ့ MediaTek Helio G90T နဲ႔ ထြက္ရွိလာမွာဆိုေတ့ာ ဒီလိုမ်ိဳး World of Warcraft Edition ဖုန္းေတြက ပိုၿပီးေတာင္ လိုက္ဖက္ေနမွာပါ။

ေနာက္တစ္ခုျဖစ္ႏိုင္တာက World of Warcraft ဂိမ္းဟာ အခုအခ်ိန္မွာ ၁၅ ႏွစ္ျပည့္သြားၿပီျဖစ္သလို အခုလိုမ်ိဳး Redmi Note 8 Pro နဲ႔ ပူးေပါင္းမႈမွာလည္း 15th Anniversary of World of Warcraft လို႔ ေရးသားထားတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ World of Warcraft Mobile Game အသစ္ကိုပါ Redmi Note 8 Pro မိတ္ဆက္ပြဲမွာ တခါတည္း ျမင္ေတြ႕ရဖို႔ရွိေနပါတယ္။

ဘာပဲျဖစ္ျဖစ္ World of Warcraft နဲ႔ Xiaomi ပရိသတ္ေတြအတြက္ကေတာ့ တကယ့္သတင္းေကာင္းတစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။

Ref – Android Authority

Unicode

Xiaomi ကနေ လာမယ့် သြဂုတ်လ ၂၉ ရက်နေ့မှာ Redmi Note 8 Series စမတ်ဖုန်းတွေကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ ဒီ Redmi Note 8 Series ဖုန်းတွေဟာ လက်ရှိမှာ လူစိတ်ဝင်စားမှုအများဆုံး ဖုန်းတွေလို့ပြောလို့ရသလို အခုလည်း Xiaomi ကနေ Special Edition Redmi Note 8 Pro ဖုန်းတစ်မျိုးကို မိတ်ဆက်မယ်ဆိုတာ အတည်ပြုလိုက်ပါပြီ။

အခု Xiaomi ကနေ မိတ်ဆက်လာမှာကတော့ Online Multiplayer Game တွေထဲမှာ ယခင်တုန်းကဆော့ကစားသူများပြားခဲ့တဲ့ World of Warcraft နဲ့ ပူးပေါင်းထားတဲ့ Redmi Note 8 Pro Warcraft Edition ဖုန်းပဲဖြစ်ပါတယ်။ Xiaomi ကတော့ ဒီ Special Edition ဖုန်း ၂ ခုရဲ့ ပုံစံကို မထုတ်ပြသေးပေမယ့် ဖုန်းဘူးခွံပုံစံ ၂ မျိုးကိုတော့ ပြသခဲ့ပါတယ်။

ဖြစ်နိုင်တာက Redmi Note 8 Pro Warcraft Edition ဖုန်းဟာ Fire & Ice Theme ၂ မျိုးနဲ့ အရောင် ၂ ရောင်မိတ်ဆက်လာနိုင်ပြီးတော့ ပထမအရောင်က အမည်းရောင်နဲ့အနီရောင်ကို အခြေခံလာပြီး နောက်အရောင်ကတော့ အဖြုနဲ့ အပြာရောင်ကို အခြေခံလာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် Xiaomi Redmi Note 8 Pro စမတ်ဖုန်းဟာ Gaming Processor တစ်ခုဖြစ်တဲ့ MediaTek Helio G90T နဲ့ ထွက်ရှိလာမှာဆိုတေ့ာ ဒီလိုမျိုး World of Warcraft Edition ဖုန်းတွေက ပိုပြီးတောင် လိုက်ဖက်နေမှာပါ။

နောက်တစ်ခုဖြစ်နိုင်တာက World of Warcraft ဂိမ်းဟာ အခုအချိန်မှာ ၁၅ နှစ်ပြည့်သွားပြီဖြစ်သလို အခုလိုမျိုး Redmi Note 8 Pro နဲ့ ပူးပေါင်းမှုမှာလည်း 15th Anniversary of World of Warcraft လို့ ရေးသားထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် World of Warcraft Mobile Game အသစ်ကိုပါ Redmi Note 8 Pro မိတ်ဆက်ပွဲမှာ တခါတည်း မြင်တွေ့ရဖို့ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် World of Warcraft နဲ့ Xiaomi ပရိသတ်တွေအတွက်ကတော့ တကယ့်သတင်းကောင်းတစ်ခုလို့တောင် ပြောလို့ရပါတယ်။

Ref – Android Authority