[Zawgyi]

ျပီးခဲ့တဲ့လထဲမွာ Xiaomi ဟာသူတုိ႔ရဲ႕ Mi Mix 3 စမတ္ဖုန္းကို မိတ္ဆက္ခဲ့ပါတယ္။ ဒါဟာ ၂၀၁၈ ခုႏွစ္ အတြက္ သူတုိ႔ကုမၸဏီရဲ႕ ေနာက္ဆုံးထုတ္ Flagship စမတ္ဖုန္းပါပဲ။ ဒါေပမယ့္ တရုတ္အေျခစုိက္ထုတ္လုပ္သူဟာ လာမယ့္ႏွစ္ကိုလည္း အၾကမ္းစားဖြင့္လွစ္ဖို႔ ၾကိဳတင္ျပင္ဆင္ေနျပီလို႔ ယူဆရျပီး Xiaomi ဥကၠဌ Lin Bin ဟာ ဇန္နဝါရီလမွာ မိတ္ဆက္လာမယ္ ဆုိတဲ့ 48MP ဖုန္းကင္မရာ တစ္လုံးရဲ႕ ပုံရိပ္ကို Weibo အေကာင့္မွာ တင္လာခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္ရဲ႕ ဇူလိုင္လမွာ ဆုိနီကုမၸဏီက ကမာၻေပၚမွာ Resolution အျမင့္ဆုံး ဖုန္းကင္မရာ Sensor အျဖစ္ 48 Megapixel Sony IMX586 ကို မိတ္ဆက္လာခဲ့တယ္။ ေအာက္တိုဘာမွာေတာ့ ဆမ္ေဆာင္းက 48 MP စြမ္းအားျမင့္ ISOCELL Bright GM1 ပုံရိပ္ဆင္ဆာနည္းပညာကို ထပ္မိတ္ဆက္လာပါတယ္။ ဆုိနီက IMX586 ရဲ႕ စက္ရုံထုတ္ နမူနာေတြကို စက္တင္ဘာမွာ စတင္ တင္ပုိ႔သြားမယ္လို႔ အတည္ျပဳခဲ့ျပီး အခုထြက္ေပၚလာတဲ့ Xiaomi ရဲ႕ 48MP ကင္မရာနဲ႔ ဖုန္းအသစ္ဟာ IMX586 မဟုတ္ရင္ ဆမ္ေဆာင္းရဲ႕ ISOCELL GM1 တစ္ခုခုကိုသာ အသုံးျပဳလာမွာပါ။

အဆုိပါပုံထဲမွာ ျမင္ရတဲ့အတုိင္းဆုိရင္ေတာ့ လွ်ဳိ႕ဝွက္တဲ့ Xiaomi ထုတ္ကုန္သစ္ဟာ ေဒါင္လုိက္ ကင္မရာ Setup နဲ႔ျဖစ္ျပီး ေက်ာဘက္ကုိယ္ထည္ကို Glass နဲ႔လုပ္ထားပါတယ္။ 48MP ကင္မရာ Sensor ကိုေတာ့ Dual-tone LED ဖလက္ရွ္နဲ႔ တြဲထားတယ္။ ေဘးမွာလည္း Volume Button ေတြလို႔ ထင္ရတဲ့ ခလုတ္ရွည္တစ္ခု ပါတာကို ျမင္ရမွာပါ။ ဒီဖုန္းကို ဘယ္လိုေခၚလာမယ္၊ အျခားဘာေတြပါလာဦးမယ္ ဆုိတာကိုေတာ့ နည္းနည္း အခ်ိန္ေစာင့္ၾကည့္ရသင့္တယ္လို႔ ထင္ပါတယ္။

Ref – Playful Droid

[Unicode]

ပြီးခဲ့တဲ့လထဲမှာ Xiaomi ဟာသူတို့ရဲ့ Mi Mix 3 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၈ ခုနှစ် အတွက် သူတို့ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် Flagship စမတ်ဖုန်းပါပဲ။ ဒါပေမယ့် တရုတ်အခြေစိုက်ထုတ်လုပ်သူဟာ လာမယ့်နှစ်ကိုလည်း အကြမ်းစားဖွင့်လှစ်ဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ ယူဆရပြီး Xiaomi ဥက္ကဌ Lin Bin ဟာ ဇန်နဝါရီလမှာ မိတ်ဆက်လာမယ် ဆိုတဲ့ 48MP ဖုန်းကင်မရာ တစ်လုံးရဲ့ ပုံရိပ်ကို Weibo အကောင့်မှာ တင်လာခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ရဲ့ ဇူလိုင်လမှာ ဆိုနီကုမ္ပဏီက ကမ္ဘာပေါ်မှာ Resolution အမြင့်ဆုံး ဖုန်းကင်မရာ Sensor အဖြစ် 48 Megapixel Sony IMX586 ကို မိတ်ဆက်လာခဲ့တယ်။ အောက်တိုဘာမှာတော့ ဆမ်ဆောင်းက 48 MP စွမ်းအားမြင့် ISOCELL Bright GM1 ပုံရိပ်ဆင်ဆာနည်းပညာကို ထပ်မိတ်ဆက်လာပါတယ်။ ဆိုနီက IMX586 ရဲ့ စက်ရုံထုတ် နမူနာတွေကို စက်တင်ဘာမှာ စတင် တင်ပို့သွားမယ်လို့ အတည်ပြုခဲ့ပြီး အခုထွက်ပေါ်လာတဲ့ Xiaomi ရဲ့ 48MP ကင်မရာနဲ့ ဖုန်းအသစ်ဟာ IMX586 မဟုတ်ရင် ဆမ်ဆောင်းရဲ့ ISOCELL GM1 တစ်ခုခုကိုသာ အသုံးပြုလာမှာပါ။

အဆိုပါပုံထဲမှာ မြင်ရတဲ့အတိုင်းဆိုရင်တော့ လျှို့ဝှက်တဲ့ Xiaomi ထုတ်ကုန်သစ်ဟာ ဒေါင်လိုက် ကင်မရာ Setup နဲ့ဖြစ်ပြီး ကျောဘက်ကိုယ်ထည်ကို Glass နဲ့လုပ်ထားပါတယ်။ 48MP ကင်မရာ Sensor ကိုတော့ Dual-tone LED ဖလက်ရှ်နဲ့ တွဲထားတယ်။ ဘေးမှာလည်း Volume Button တွေလို့ ထင်ရတဲ့ ခလုတ်ရှည်တစ်ခု ပါတာကို မြင်ရမှာပါ။ ဒီဖုန်းကို ဘယ်လိုခေါ်လာမယ်၊ အခြားဘာတွေပါလာဦးမယ် ဆိုတာကိုတော့ နည်းနည်း အချိန်စောင့်ကြည့်ရသင့်တယ်လို့ ထင်ပါတယ်။

Ref – Playful Droid