[Zawgyi]

အာရွရဲ႕ ဖုန္းေဈးကြက္မွာ အိႏၵိယေဈးကြက္ကလည္း အေတာ္ေလးကို ႀကီးမားၿပီး စမတ္ဖုန္းကုမၸဏီတိုင္း မ်က္စိက်ေလ့ရွိပါတယ္။ တ႐ုတ္စမတ္ဖုန္းကုမၸဏီႀကီးျဖစ္တဲ့ Xiaomi ကလည္း အိႏၵိယေဈးကြက္မွာ သူ႔ရဲ႕ အမွတ္တံဆိပ္ကို ခိုင္ခိုင္မာမာ တည္ေဆာက္ထားႏိုင္ၿပီျဖစ္ေပမယ့္ ၿပိဳင္ဘက္အမွတ္တံဆိပ္ေတြနဲ႔ ယွဥ္ၿပိဳင္ဖို႔ ႀကိဳးစားေနရတုန္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက Xiaomi အိႏၵိယအဖြဲ႕အစည္းဖိုရမ္မွာ သတင္းတစ္ခုထြက္ေပၚလာခဲ့ပါတယ္။ အဲဒါကေတာ့ Xiaomi မွာ အိႏၵိယေဈးကြက္မွာျဖန႔္ဖို႔ ကင္မရာသုံးလုံးနဲ႔ စမတ္ဖုန္းအသစ္တစ္လုံးအေၾကာင္း ဖြလိုက္တာပါပဲ။ Teased လုပ္တဲ့ပုံမွာေတာ့ အသစ္ထြက္လာမယ့္ ဖုန္းနဲ႔ပတ္သက္တဲ့အေၾကာင္းအရာေတြကို ၫႊန္းဆိုထားျခင္း မေတြ႕ရပါဘူး။

႐ုပ္ပုံမွာျမင္ေတြ႕ရတာကေတာ့ ကင္မရာတစ္လုံး၊ ကင္မရာႏွစ္လုံးနဲ႔ ကင္မရာသုံးလုံးတြဲပုံေတြျဖစ္ၿပီး ဘယ္အမ်ိဳးအစား ထြက္ေပၚလာမလဲဆိုတာကိုပဲ ခန႔္မွန္းခိုင္းထားတာ ျဖစ္ပါတယ္။ အိႏၵိယဖိုရမ္မွာလည္း ဒါထက္ပိုၿပီး ထူးျခားတဲ့ သတင္းသဲလြန္စကို ေတြ႕ရွိရျခင္း မရွိေသးတဲ့ အေျခအေနလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ထြက္ေပၚလာတဲ့ သတင္းအရ Xiaomi ဟာ Snapdragon 7XX SoC အသုံးျပဳထားတဲ့ စမတ္ဖုန္းသုံးမ်ိဳးကို ျဖန႔္ခ်ိဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ သိရပါတယ္။ ဒီစမတ္ဖုန္း သုံးမ်ိဳးထဲမွာ အနည္းဆုံး တစ္မ်ိဳးက ကင္မရာသုံးလုံး တပ္ဆင္ထားတာျဖစ္ၿပီး အိႏၵိယေဈးကြက္မွာ ျဖန႔္ခ်ိမယ္လို႔ ခန႔္မွန္းရပါတယ္။

Ref: GSMArena

[Unicode]

ကင်မရာသုံးလုံးနဲ့ဖုန်းကို အိန္ဒိယဈေးကွက်မှာ ဖြန့်မယ့်အကြောင်း Teased လုပ်လိုက်တဲ့ Xiaomi

အာရှရဲ့ ဖုန်းဈေးကွက်မှာ အိန္ဒိယဈေးကွက်ကလည်း အတော်လေးကို ကြီးမားပြီး စမတ်ဖုန်းကုမ္ပဏီတိုင်း မျက်စိကျလေ့ရှိပါတယ်။ တရုတ်စမတ်ဖုန်းကုမ္ပဏီကြီးဖြစ်တဲ့ Xiaomi ကလည်း အိန္ဒိယဈေးကွက်မှာ သူ့ရဲ့ အမှတ်တံဆိပ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်ပြီဖြစ်ပေမယ့် ပြိုင်ဘက်အမှတ်တံဆိပ်တွေနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားနေရတုန်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Xiaomi အိန္ဒိယအဖွဲ့အစည်းဖိုရမ်မှာ သတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ Xiaomi မှာ အိန္ဒိယဈေးကွက်မှာဖြန့်ဖို့ ကင်မရာသုံးလုံးနဲ့ စမတ်ဖုန်းအသစ်တစ်လုံးအကြောင်း ဖွလိုက်တာပါပဲ။ Teased လုပ်တဲ့ပုံမှာတော့ အသစ်ထွက်လာမယ့် ဖုန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ညွှန်းဆိုထားခြင်း မတွေ့ရပါဘူး။

ရုပ်ပုံမှာမြင်တွေ့ရတာကတော့ ကင်မရာတစ်လုံး၊ ကင်မရာနှစ်လုံးနဲ့ ကင်မရာသုံးလုံးတွဲပုံတွေဖြစ်ပြီး ဘယ်အမျိုးအစား ထွက်ပေါ်လာမလဲဆိုတာကိုပဲ ခန့်မှန်းခိုင်းထားတာ ဖြစ်ပါတယ်။ အိန္ဒိယဖိုရမ်မှာလည်း ဒါထက်ပိုပြီး ထူးခြားတဲ့ သတင်းသဲလွန်စကို တွေ့ရှိရခြင်း မရှိသေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာတဲ့ သတင်းအရ Xiaomi ဟာ Snapdragon 7XX SoC အသုံးပြုထားတဲ့ စမတ်ဖုန်းသုံးမျိုးကို ဖြန့်ချိဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီစမတ်ဖုန်း သုံးမျိုးထဲမှာ အနည်းဆုံး တစ်မျိုးက ကင်မရာသုံးလုံး တပ်ဆင်ထားတာဖြစ်ပြီး အိန္ဒိယဈေးကွက်မှာ ဖြန့်ချိမယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSMArena