Xiaomi ရဲ့ နောက်ထုတ်မယ့် ထုတ်ကုန် စာရင်း ထွက်ပေါ်လာပြီး ဥရောပမှာ Mi TV Box ရဲ့ အရွယ်သေး မော်ဒယ် ဖြစ်တဲ့ Mi TV Stick ကို မေလထဲမှာ ကြေညာမယ်လို့ စီစဉ်ထားတယ်ဆိုတာ သိခဲ့ရပါတယ်။ ဒါပေမယ့် မေလ ကုန်တော့မှာ ဖြစ်တဲ့အတွက် နောက်လလောက်ကျမှ ကြေညာနိုင်ပါတယ်။ Xiaomi ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဂျာမနီမှာ ပွဲ ၁ ခု ကျင်းပပြီး Redmi Note 9 Series စမတ်ဖုန်းတွေကို ကြေညာခဲ့ပါတယ်။ ပွဲမှာ Mi TV Stick ရဲ့ ဓါတ်ပုံ ၁ ပုံကို ပြသခဲ့ပြီး ပြီးခဲ့တဲ့ လက ထွက်လာခဲ့တဲ့ ဓါတ်ပုံနဲ့ တော်တော်တူပါတယ်။

ဓါတ်ပုံမှာ Remote လည်း ပါလာပြီး Mi Box ရဲ့ Remote နဲ့ ဆင်တူပါတယ်။ Netflix , Amazon Prime Video နဲ့ Google Assistant တို့အတွက် Shortcut Button တွေ ထည့်သွင်းထားပါတယ်။ Mi Box မှာလို 4K Support ပါလာမလားဆိုတာ မသိရသေးပါဘူး။ ဈေးသက်သာစေဖို့ Full HD ပဲ ထောက်ပံ့ထားနိုင်ပါတယ်။

Gearbest မှာ Mi TV Stick ကို မကြာခင်က စာရင်းတင်ထားပြီး Android 9.0 , 2GB RAM , 8GB Storage , Dual-band WiFi , Amlogic S905 Y2 Quad-core Processor , Mali-G31 MP2 GPU နဲ့ 4K Support ပါလာမယ်လို့ ဖော်ပြထားပါတယ်။ Xiaomi က Redmi Note 9 Series မိတ်ဆက်ပွဲမှာ  Mi Band မျိုးဆက်သစ်ကို ဖန်တီးနေတယ်လို့ ပြောခဲ့ပေမယ့် Mi Band 4 ဓါတ်ပုံကိုပဲ ပြသခဲ့ပါတယ်။ Mi Band အသစ်ရဲ့ သတင်းအချက်အလက်တွေကို မပြောသွားခဲ့ပါဘူး။

Ref : fonearena