[Zawgyi]

Xiaomi က လာမယ့္ အဂၤါေန႔မွာ Mi CC9 Pro/Mi Note 10 ကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ အဲဒီ ဖုန္းနဲ႔အတူ Mi Watch နဲ႔ Mi TV 5 အသစ္ကိုလည္း ခ်ျပေတာ့မွာပါ။ အခုေတာ့ Xiaomi က Mi Watch နဲ႔ Mi TV ရဲ႕ Teaser ကို မွ်ေ၀လိုက္ပါတယ္။ Xiaomi ရဲ႕ စမတ္နာရီဟာ Apple Watch နဲ႔ အရမ္းကို တူၿပီး ေလးေထာင့္ မ်က္ႏွာျပင္ တပ္ဆင္ထားပါတယ္။ ညာဘက္ျခမ္းရဲ႕ ထိပ္နားမွာ ခလုတ္ ၁ ခု ပါပါတယ္။ Mi TV အသစ္မွာေတာ့ 4K Quantum-dot နည္းပညာနဲ႔ 108% NTSC ပါမယ္လို႔ ေၾကညာလိုက္ပါတယ္။

Mi Watch မွာ Wi-Fi, GPS, NFC နဲ႔ Qualcomm Chipset ပါတဲ့အတြက္  ကုမၸဏီရဲ႕ စီအီးအိုက သင့္ လက္ေကာက္၀တ္မွာ ၀တ္ဆင္ႏုိင္တဲ့ စမတ္ဖုန္းလို႔ ညႊန္းဆိုထားပါတယ္။ စမတ္နာရီ ၁ လံုးရဲ႕ စြမ္းရည္ေတြ အားလံုးပါလာမွာ ျဖစ္ပါတယ္။ ဒါဟာ Xiaomi ရဲ႕ Mi Brand ကေန ထုတ္လုပ္ေရာင္းခ်တဲ့ ပထမဆံုး စမတ္နာရီ ျဖစ္လာမွာပါ။

Mi Watch ကို အနက္နဲ႔ ေငြေရာင္ေတြ ထုတ္လုပ္ထားၿပီး Apple Watch Series ေတြထက္ ေစ်းသက္သာမွာ ျဖစ္ပါတယ္။ Apple ရဲ႕ ေနာက္ဆံုးထုတ္ Watch Series ကို ၃၉၉ ေဒၚလာနဲ႔ ေရာင္းခ်ေပးထားၿပီး ျမန္မာေငြ ၆၀၀,၀၀၀ ေလာက္ရွိပါတယ္။ အဲဒီ ထုတ္ကုန္ အသစ္ေတြကို မိတ္ဆက္ဖို႔ ၁ ပတ္ေလာက္လိုေသးတဲ့အတြက္ ဒီၾကားထဲမွာ သူတို႔ရဲ႕ သတင္းအခ်က္အလက္ေတြကို ပိုမိုသိလာရမယ္လို႔ ထင္ပါတယ္။

Ref : gsmarena

[Unicode]

Xiaomi က Mi Watch နဲ့ Mi TV ရဲ့ Teaser ကို မျှဝေ

Xiaomi က လာမယ့် အင်္ဂါနေ့မှာ Mi CC9 Pro/Mi Note 10 ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းနဲ့အတူ Mi Watch နဲ့ Mi TV 5 အသစ်ကိုလည်း ချပြတော့မှာပါ။ အခုတော့ Xiaomi က Mi Watch နဲ့ Mi TV ရဲ့ Teaser ကို မျှဝေလိုက်ပါတယ်။ Xiaomi ရဲ့ စမတ်နာရီဟာ Apple Watch နဲ့ အရမ်းကို တူပြီး လေးထောင့် မျက်နှာပြင် တပ်ဆင်ထားပါတယ်။ ညာဘက်ခြမ်းရဲ့ ထိပ်နားမှာ ခလုတ် ၁ ခု ပါပါတယ်။ Mi TV အသစ်မှာတော့ 4K Quantum-dot နည်းပညာနဲ့ 108% NTSC ပါမယ်လို့ ကြေညာလိုက်ပါတယ်။

Mi Watch မှာ Wi-Fi, GPS, NFC နဲ့ Qualcomm Chipset ပါတဲ့အတွက် ကုမ္ပဏီရဲ့ စီအီးအိုက သင့် လက်ကောက်ဝတ်မှာ ဝတ်ဆင်နိုင်တဲ့ စမတ်ဖုန်းလို့ ညွှန်းဆိုထားပါတယ်။ စမတ်နာရီ ၁ လုံးရဲ့ စွမ်းရည်တွေ အားလုံးပါလာမှာ ဖြစ်ပါတယ်။ ဒါဟာ Xiaomi ရဲ့ Mi Brand ကနေ ထုတ်လုပ်ရောင်းချတဲ့ ပထမဆုံး စမတ်နာရီ ဖြစ်လာမှာပါ။

Mi Watch ကို အနက်နဲ့ ငွေရောင်တွေ ထုတ်လုပ်ထားပြီး Apple Watch Series တွေထက် ဈေးသက်သာမှာ ဖြစ်ပါတယ်။ Apple ရဲ့ နောက်ဆုံးထုတ် Watch Series ကို ၃၉၉ ဒေါ်လာနဲ့ ရောင်းချပေးထားပြီး မြန်မာငွေ ၆၀၀,၀၀၀ လောက်ရှိပါတယ်။ အဲဒီ ထုတ်ကုန် အသစ်တွေကို မိတ်ဆက်ဖို့ ၁ ပတ်လောက်လိုသေးတဲ့အတွက် ဒီကြားထဲမှာ သူတို့ရဲ့ သတင်းအချက်အလက်တွေကို ပိုမိုသိလာရမယ်လို့ ထင်ပါတယ်။

Ref : gsmarena