Unicode

တရုတ်အခြေစိုက် ဖုန်းထုတ်လုပ်သူ Xiaomi ဟာ သူတို့ရဲ့ Custom Android Skin သို့မဟုတ် Mi ဖုန်းတွေအတွက် စက်နှင်စနစ်ဖြစ်တဲ့ MIUI မျိုးဆက်သစ် MIUI 12 ကို ပထမဆုံးအကြိမ် Tease လုပ်လာခဲ့ပါတယ်။ MIUI 12 ဟာ MIUI 11 ရဲ့ တိုက်ရိုက်ဆက်ခံသူဖြစ်လာကာ နာမည်ကို ပြောင်းလဲဖို့ ဆန္ဒမရှိသေးပုံပေါ်ပါတယ်။

ကုမ္ပဏီက သူတို့ရဲ့ တရုတ်ဆိုရှယ်နက်ဝပ် Weibo ပေါ်မှာ MIUI 12 ရဲ့ လိုဂိုနဲ့ ဓါတ်ပုံတစ်ပုံတင်လာခဲ့တာကလွဲရင် အခြားအချက်အလက်တွေကို မဖော်ပြလာသေးပါဘူး။ သူ့ရဲ့နောင်တော် MIUI 11 ကိုတော့ ၂၀၁၉ စက်တင်ဘာမှာ မိတ်ဆက်ခဲ့ကာ အောက်တိုဘာလအတွင်းက စလို့ Xiaomi စမတ်ဖုန်းတွေအပေါ် တစ်ဆင့်ချင်း ထုတ်လွှွင့်ပေးခဲ့ပါတယ်။ ဒါ့ကြောင့် MIUI 12 ကိုလည်း အလားတူကာလမှာ မြင်ရမယ်လို့ ယူဆရတာပါ။

MIUI 11 ဟာ System တစ်ခုလုံးအတွက် Dark Mode အပြင် တိုးတက်လာတဲ့ Always-on Display စနစ်နဲ့ Mi Lan Po System Font တို့ ယူဆောင်လာခဲ့ပါတယ်။ ထုံးစံအတိုင်း အန်နီမေးရှင်းပုံရိပ်အသစ်တွေ၊ Wallpaper နဲ့ Theme တွေ အစရှိတာတွေလည်း မပါမဖြစ်ပါပဲ။

MIUI 12 မှာ ဘာတွေပါလာမလဲ ဆိုတာနဲ့ လက်ရှိမျိုးဆက်ထက် ဘာတွေထူးခြားလာမလဲ ဆိုတာ မမြင်ရသေးပေမယ့် အခုလို စောစောစီးစီး ထုတ်ပြလာတဲ့အတွက် လာမယ့်လပိုင်းအတွင်းမှာ တစ်ခုခုတော့ ထပ်မံကြေညာလာဦးမှာ မလွဲပါဘူး။

Ref – GSM Arena

Zawgyi

တရုတ္အေျခစိုက္ ဖုန္းထုတ္လုပ္သူ Xiaomi ဟာ သူတုိ႔ရဲ႕ Custom Android Skin သို႔မဟုတ္ Mi ဖုန္းေတြအတြက္ စက္ႏွင္စနစ္ျဖစ္တဲ့ MIUI မ်ဳိးဆက္သစ္ MIUI 12 ကုိ ပထမဆုံးအႀကိမ္ Tease လုပ္လာခဲ့ပါတယ္။ MIUI 12 ဟာ MIUI 11 ရဲ႕ တုိက္ရုိက္ဆက္ခံသူျဖစ္လာကာ နာမည္ကို ေျပာင္းလဲဖို႔ ဆႏၵမရွိေသးပုံေပၚပါတယ္။

ကုမၸဏီက သူတုိ႔ရဲ႕ တရုတ္ဆုိရွယ္နက္ဝပ္ Weibo ေပၚမွာ MIUI 12 ရဲ႕ လိုဂုိနဲ႔ ဓါတ္ပုံတစ္ပုံတင္လာခဲ့တာကလြဲရင္ အျခားအခ်က္အလက္ေတြကို မေဖာ္ျပလာေသးပါဘူး။ သူ႕ရဲ႕ေနာင္ေတာ္ MIUI 11 ကိုေတာ့ ၂၀၁၉ စက္တင္ဘာမွာ မိတ္ဆက္ခဲ့ကာ ေအာက္တုိဘာလအတြင္းက စလို႔ Xiaomi စမတ္ဖုန္းေတြအေပၚ တစ္ဆင့္ခ်င္း ထုတ္လႊြင့္ေပးခဲ့ပါတယ္။ ဒါ့ေၾကာင့္ MIUI 12 ကိုလည္း အလားတူကာလမွာ ျမင္ရမယ္လို႔ ယူဆရတာပါ။

MIUI 11 ဟာ System တစ္ခုလုံးအတြက္ Dark Mode အျပင္ တုိးတက္လာတဲ့ Always-on Display စနစ္နဲ႔ Mi Lan Po System Font တုိ႔ ယူေဆာင္လာခဲ့ပါတယ္။ ထုံးစံအတုိင္း အန္နီေမးရွင္းပုံရိပ္အသစ္ေတြ၊ Wallpaper နဲ႔ Theme ေတြ အစရွိတာေတြလည္း မပါမျဖစ္ပါပဲ။

MIUI 12 မွာ ဘာေတြပါလာမလဲ ဆုိတာနဲ႔ လက္ရွိမ်ဳိးဆက္ထက္ ဘာေတြထူးျခားလာမလဲ ဆုိတာ မျမင္ရေသးေပမယ့္ အခုလို ေစာေစာစီးစီး ထုတ္ျပလာတဲ့အတြက္ လာမယ့္လပုိင္းအတြင္းမွာ တစ္ခုခုေတာ့ ထပ္မံေၾကညာလာဦးမွာ မလြဲပါဘူး။

Ref – GSM Arena