Xiaomi ဟာ လက်ရှိအချိန်မှာ Mid Range Series ဖုန်းတွေဖြစ်တဲ့ Redmi Note 11 Series တွေကို ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။ လောလောဆယ်မှာလည်း အဆိုပါ Redmi Note 11 Series ဟာ စျေးကွက်ထဲမှာ အောင်မြင်မှုကို ရရှိနေပြီးလို့တောင် ပြောနိုင်ပါတယ်။

အခုလည်း Xiaomi ကနေ Redmi Note 11 Pro Series ဖုန်းတွေကို မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ သိရပြီး အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ လာမယ့် မတ်လအတွင်းမှာ မိတ်ဆက်သွားနိုင်ပါတယ်။ ဒါကို Xiaomi ရဲ့ Global Vice President ဖြစ်တဲ့ Manu Kuman ကနေ Twitter မှာ Teaser အနေနဲ့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Xiaomi ဟာ Redmi Note 11 Pro 4G နဲ့ Redmi Note 11 Pro 5G ဖုန်းတွေကို မိတ်ဆက်သွားမှာဖြစ်ပြီး India မှာ မတ်လ ပထမပါတ်အတွင်းမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Redmi Note 11 Pro Series ဖုန်းတွေဟာ 6.67″ 120Hz AMOLED Display ပါဝင်မှာဖြစ်ပြီး 4G Version မှာ MediaTek Helio G96 Chipset နဲ့ 5G Version မှာ Qualcomm Snapdragon 695 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။

ကျန်တဲ့အချက်တွေအနေနဲ့ကတော့ တူညီမှာဖြစ်ပြီး 108MP + 8MP + 2MP Triple Camera Setup ၊ 16MP Selfie Camera ၊ 5000mAh Battery နဲ့ 67W Fast Charging တွေကို Support ပြုလုပ်မှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 11 ကိုပဲ အသုံးပြုထားမယ်လို့ သိရပါတယ်။

Ref – Gizmo China