[Unicode]

Xiaomi က Mi Mix Alpha ကို ကြေညာထားတာ လအနည်းငယ်ကြာနေပါပြီ။ အဲဒီ ဖုန်းကို ရောင်းမယ့် အချိန်ကို လူတွေ စိတ်ဝင်တစား စောင့်နေကြပါတယ်။ အခုတော့ ကုမ္ပဏီက အဲဒီဖုန်းရဲ့ Teaser ၁ ခုကို ဝီဘိုမှာ မျှဝေလိုက်ပါတယ်။ အဲဒီအတွက် မကြာခင်မှာ ရောင်းတော့မယ်လို့ ထင်ပါတယ်။ အစောပိုင်းက ဒီဇင်ဘာလမှာ ရောင်းဖို့ စီစဉ်ထားခဲ့တာပါ။

Mi Mix Alpha ဟာ ဧရိယာ ၁ ခုလုံးနီးပါးကို ကွေးညွှတ် မျက်နှာပြင်နဲ့ ပတ်ထားတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ အနောက်ဘက်က ဒေါင်လိုက် ဘောင်လေးပေါ်မှာ ကင်မရာ တပ်ဆင်ထားပါတယ်။ အဲဒီဘောင်လေးက လွဲပြီး အရှေ့၊ အနောက်နဲ့ ဘေးဘက်တွေကို ကွေးညွှတ် မျက်နှာပြင်နဲ့ အုပ်ထားပါတယ်။

ဖုန်းမှာ မျက်နှာပြင် ၁ ခုထဲပါပြီး ၇.၉၂ လက်မ အရွယ် ဖြစ်ပါတယ်။ Screen-to-body Ratio က ၁၈၀.၆ ရာခိုင်နှုန်းတောင်ရှိတာက အကြမ်းစားကြီးပါ။ မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်က ဘောင်တွေက မရှိသလောက် ပါးလွှာပါတယ်။ 5G Dual SIM Support ပါတဲ့ Snapdragon 855+ ပါလာမှာပါ။ 12/512GB မော်ဒယ် ၁ ခုပဲ ထုတ်လုပ်ထားပြီး 40W Fast Charging ပါတဲ့ 4,050mAh ဘက်ထရီ ထည့်ထားပါတယ်။

ဒီဇိုင်း အလန်းစား မျက်နှာပြင် အပြင် နောက်ထပ် အလန်းစားက 108MP ပင်မ ကင်မရာ ဖြစ်ပါတယ်။ တခြား Specs တွေကလည်း အမိုက်စားတွေချည်းပါပဲ။ ဒီလောက်လန်းနေတဲ့ ဖုန်းရဲ့ ဈေးကလည်း မသေးပါဘူး။ ၁၉,၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၄၃ သိန်းလောက်ရှိပါတယ်။

Ref : gizmochina

[Zawgyi]

Xiaomi က Mi Mix Alpha ကို မၾကာခင္ ေရာင္းေတာ့မလား

Xiaomi က Mi Mix Alpha ကို ေၾကညာထားတာ လအနည္းငယ္ၾကာေနပါၿပီ။ အဲဒီ ဖုန္းကို ေရာင္းမယ့္ အခ်ိန္ကို လူေတြ စိတ္၀င္တစား ေစာင့္ေနၾကပါတယ္။ အခုေတာ့ ကုမၸဏီက အဲဒီဖုန္းရဲ႕ Teaser ၁ ခုကို ၀ီဘိုမွာ မွ်ေ၀လိုက္ပါတယ္။ အဲဒီအတြက္ မၾကာခင္မွာ ေရာင္းေတာ့မယ္လို႔ ထင္ပါတယ္။ အေစာပိုင္းက ဒီဇင္ဘာလမွာ ေရာင္းဖို႔ စီစဥ္ထားခဲ့တာပါ။

Mi Mix Alpha ဟာ ဧရိယာ ၁ ခုလံုးနီးပါးကို ေကြးညႊတ္ မ်က္ႏွာျပင္နဲ႔ ပတ္ထားတဲ့ ကမာၻ႕ ပထမဆံုုး စမတ္ဖုန္း ျဖစ္ပါတယ္။ အေနာက္ဘက္က ေဒါင္လိုက္ ေဘာင္ေလးေပၚမွာ ကင္မရာ တပ္ဆင္ထားပါတယ္။ အဲဒီေဘာင္ေလးက လြဲၿပီး အေရွ႕၊ အေနာက္နဲ႔ ေဘးဘက္ေတြကို ေကြးညႊတ္ မ်က္ႏွာျပင္နဲ႔ အုပ္ထားပါတယ္။

ဖုန္းမွာ မ်က္ႏွာျပင္ ၁ ခုထဲပါၿပီး ၇.၉၂ လက္မ အရြယ္ ျဖစ္ပါတယ္။ Screen-to-body Ratio က ၁၈၀.၆ ရာခုိင္ႏႈန္းေတာင္ရွိတာက အၾကမ္းစားႀကီးပါ။ မ်က္ႏွာျပင္ရဲ႕ အထက္နဲ႔ ေအာက္က ေဘာင္ေတြက မရွိသေလာက္ ပါးလႊာပါတယ္။ 5G Dual SIM Support ပါတဲ့ Snapdragon 855+ ပါလာမွာပါ။ 12/512GB ေမာ္ဒယ္ ၁ ခုပဲ ထုတ္လုပ္ထားၿပီး 40W Fast Charging ပါတဲ့ 4,050mAh ဘက္ထရီ ထည့္ထားပါတယ္။

ဒီဇိုင္း အလန္းစား မ်က္ႏွာျပင္ အျပင္ ေနာက္ထပ္ အလန္းစားက 108MP ပင္မ ကင္မရာ ျဖစ္ပါတယ္။ တျခား Specs ေတြကလည္း အမိုက္စားေတြခ်ည္းပါပဲ။ ဒီေလာက္လန္းေနတဲ့ ဖုန္းရဲ႕ ေစ်းကလည္း မေသးပါဘူး။ ၁၉,၉၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၄၃ သိန္းေလာက္ရွိပါတယ္။

Ref : gizmochina