Xiaomi ဟာ စမတ်ဖုန်းတွေအပြင် Smart TV တွေဖြစ်တဲ့ Mi TV တွေကိုလည်း အမြောက်အများထုတ်လုပ်နေပြီးတော့ စျေးကွက်အတွင်းမှာ နေရာကောင်းကောင်းရနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း Mi Surface နဲ့ Mi Display 1A နာမည်နဲ့ Monitor တွေကို ထုတ်လုပ်ခဲ့ပြီး အဆိုပါ Monitor တွေကလည်း Feedback ကောင်းကောင်းရရှိခဲ့တယ်လို့ ပြောရမှာပါ။

အခုလည်း Xiaomi ကနေ Gaming Monitor တစ်ခုကို လာမယ့် ဇူလိုင်လအတွင်းမှာ မိတ်ဆက်သွားဖို့ စီစဥ်နေတယ်ဆိုပြီး သတင်းတွေထွက်ရှိနေပါတယ်။ Xiaomi ကနေ မိတ်ဆက်ဖို့ စီစဥ်ထားတဲ့ Gaming Monitor ကတော့ 27″ Screen Size ရှိမှာဖြစ်ပြီး Refresh Rate အနေနဲ့ 165Hz အထိ ထောက်ပံ့ပေးနိုင်မှာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် Xiaomi ကနေ ထုတ်ထားတဲ့ Monitor တွေထဲမှာ Refresh Rate အကောင်းဆုံး Monitor လည်းဖြစ်လာမှာပါ။

Xiaomi ကနေ အဆိုပါ 27″ Gaming Monitor အပြင် 3000mAh Power Bank ကိုပါ မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ Power Bank အသစ်ကလည်း စမတ်ဖုန်းတွေအပြင် Laptop တွေကိုမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Xiaomi အနေနဲ့ လာမယ့် စက်တင်ဘာလဝန်းကျင်မှာ 29.5″ နဲ့ 27″ 4K Monitor တွေကိုပါ မိတ်ဆက်သွားဖို့ စီစဥ်ထားပါတယ်။ စျေးပိုသက်သာတဲ့ Redmi Monitor တွေကလည်း လာမယ့်လပိုင်းမှာတင် ဆက်တိုက်ထွက်ရှိလာဖို့ရှိနေပါသေးတယ်။

Ref – Giz China