Xiaomi ဟာ Mi 11 စမတ်ဖုန်းကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက တရားဝင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ Mi 11 စမတ်ဖုန်းဟာ Qualcomm Snapdragon 888 Chipset ကို အသုံးပြုထားတဲ့ Flagship ဖုန်းဖြစ်ပြီး လာမယ့်လအတွင်းမှာ Mi 11 Pro ဖုန်းအပြင် Mi 11 Lite ဖုန်းကိုလည်း ထပ်မံမိတ်ဆက်ဖို့ရှိနေပါတယ်။

ဒါတင်မဟုတ်သေးဘဲ နောက်ထပ်သိရှိရတဲ့သတင်းတွေအရ Xiaomi ကနေ Mi 10 Series အနေနဲ့ စမတ်ဖုန်းအသစ်တစ်လုံးကိုပါ မိတ်ဆက်လာဦးမယ့်ပုံစံပါပဲ။ အဆိုပါ Mi 10 Series စမတ်ဖုန်းအသစ်မှာ Qualcomm ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ Snapdragon 870 Chipset ကို အသုံးပြုထားမယ်လို့လည်း သိရပါတယ်။

Qualcomm Snapdragon 870 Chipset ဟာ မနှစ်တုန်းက Snapdragon 865+ ကို အနည်းငယ်အဆင့်မြှင့်တင်ထားတဲ့ Chipset တစ်ခုဖြစ်ပြီး 5nm အစား 7nm Architecture ကိုပဲ အခြေခံထားတာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းအနေနဲ့ကတေ့ာ အတိအကျမသိရှိရသေးပေမယ့် Snapdragon 888 နဲ့ Snapdragon 865+ ကြားမှာ ရှိနိုင်ပါတယ်။

Xiaomi ဟာ အစောပိုင်းတုန်းက Snapdragon 870 Chipset နဲ့ Redmi K40 Series ဖုန်းကိုလည်း မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ပါသေးတယ်။ ဖြစ်နိုင်ခြေများနေတာကတော့ တရုတ်နိုင်ငံစျေးကွက်မှာ Redmi K40 အနေနဲ့ မိတ်ဆက်ဖို့များနေပြီး Global စျေးကွက်မှာတော့ Mi 10 Series စမတ်ဖုန်းတစ်လုံးအနေနဲ့ နာမည်ပြောင်းလဲမိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

Qualcomm Snapdragon 870 Chipset ဟာ Motorola Edge S ဖုန်းအပြင် OPPO ၊ OnePlus ၊ iQOO နဲ့ တခြားသောစမတ်ဖုန်းထုတ်လုပ်သူတွေပါ အသုံးပြုကြမှာဖြစ်တဲ့အတွက် ရေပန်းစားလာမယ့် Chipset ဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China