အိန္ဒိယမှာ Xiaomi က မေလ ၈ ရက်နေ့မှာ Mi 10 Series ကို ကြေညာမှာ ဖြစ်ပြီး အိန္ဒိယဌာနရဲ့ ဒါရိုက်တာ ဖြစ်သူ Manu Kumar Jain က မိတ်ဆက်ပွဲ Live Stream မှာ ကြေညာစရာ တခြား ထုတ်ကုန်တွေလည်း ရှိနေတယ်လို့ တွစ်တာက‌နေ အသိပေးလိုက်ပါတယ်။ ရိုးရိုး တီဗီကို စမတ်တီဗီ အဖြစ် ပြောင်းပေးနိုင်တဲ့ Mi Box ၊ Apple AirPods နဲ့တူတဲ့ True Wireless Earphones တွေ ဖြစ်နိုင်ပါတယ်။

Mi Box ကို ကြေညာမယ်ဆိုတာ တွစ်တာက ကွန်းမန့်မှာ အတည်ပြုထားပြီး Mi India အကောင့်ဟာ Tweet တိုင်းကို လေးလေးစားစား ပြန်ဖြေပေးနေပါတယ်။ TWS Earphones ရဲ့ ၇ စက္ကန့်ကြာ ဗီဒီယိုမှာ ဒီဇိုင်း အသစ်ကို မြင်ရတဲ့အတွက် စိတ်ဝင်စားစရာကောင်းပါတယ်။

ပထမဆုံး Mi TWS Earphones ကို နိုင်ငံတကာမှာ ရောင်းချပေးထားပြီး ဒီဇိုင်းက ထူးခြား ဆန်းသစ်သလို ဆီလီကွန်ထိပ်ဖူး ပါလာပါတယ်။ အခု မျိုးဆက်သစ်မှာ Realme Buds Air လိုမျိူး ဒီဇိုင်းကို အသုံးပြုထားနိုင်ပါတယ်။ Xiaomi က မိတ်ဆက်ပွဲကို အွန်လိုင်းကနေ Live Stream နဲ့ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena