Xiaomi ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ Redmi ဟာ အခုအချိန်မှာ စွမ်းဆောင်ရည်မြင့်မားတဲ့ဖုန်းတွေဖြစ်တဲ့ Redmi K30 နဲ့ K30 Pro စမတ်ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာ ပုံမှန် Redmi K30 5G ဖုန်းထက် စျေးပိုသက်သာတဲ့ Redmi K30i ဖုန်းကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

အခုသတင်းကိုတော့ Xiaomi နဲ့ပတ်သက်တဲ့သတင်းတွေကို ဆက်တိုက်ပြောကြာတတ်တဲ့ Xiaomishka ကနေ Twitter ကတစ်ဆင့်ပြောကြားခဲ့တာဖြစ်ပြီးတော့ Redmi K30 Lite ဆိုတဲ့နာမည်အစား Redmi K30i ဆိုပြီး မိတ်ဆက်လာမှာဖြစ်ပါတယ်။

Xiaomishka ရဲ့ ပြောကြားချက်အရတော့ Redmi K30 ဖုန်းနဲ့အဓိကကွာခြားချက်အနေနဲ့ Camera ပိုင်းမှာပဲ 64MP Camera Setup အစား 48MP Camera Setup ကိုအသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့လည်း တရုတ်ယွမ်ငွေ ၁,၇၉၉ (မြန်မာငွေ ၃ သိန်း ၆ သောင်းဝန်းကျင်) ကျသင့်မယ်လို့ ဖော်ပြခဲ့ပါတယ်။

Xiaomi ဟာ အခုနောက်ပိုင်းမှာ Series အသစ်တွေအစား ထွက်ရှိပြီးသားစမတ်ဖုန်းတွေကိုပဲ Lite Version တွေဆက်တိုက်မိတ်ဆက်လာဖွယ်ရှိနေပါတယ်။ အခု Redmi K30i အပြင် မကြာခင်မှာ Mi 10 Youth Edition ကို မိတ်ဆက်ဖို့လည်းရှိနေသေးတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Ref – Gizmo China