Xiaomi က မေလ ၂၅ ရက်နေ့မှာ ရေခဲသေတ္တာ အသစ် ၃ လုံးကို ကြေညာမယ်လို့ ပြောပါတယ်။ အဲဒီထဲမှာ Mijia ရဲ့ တံခါး ၂ ပေါက် 170L Capacity မော်ဒယ်နဲ့ သူ့ထက် အရွယ်သေးတဲ့ 160L မော်ဒယ်တို့ ပါဝင်ပါတယ်။ 450L Capacity Mijia Smart off-door မော်ဒယ်ကိုလည်း ကြေညာမှာ ဖြစ်ပါတယ်။ လက်ရှိမှာ Xiaomi ဟာ ရေခဲသေတ္တာ မော်ဒယ် ၄ မျိုး ထုတ်လုပ်ထားပြီး တံခါး ၂ ပေါက်၊ ၃ ပေါက်၊ တံခါး ၂ ဖက် စသဖြင့် အမျိုးအစား စုံလင်ပါတယ်။ ဈေးတွေက ၈၉၉ ယွမ်ကနေ ၂၉၄၉ ယွမ် အထိ အစားစား ရှိပြီး မြန်မာငွေ ၁ သိန်း ၇ သောင်းလောက်ကနေ ၅ သိန်း ၈ သောင်းလောက်အထိ ကျသင့်မှာပါ။

Xiaomi က မော်ဒယ် အသစ် ၃ လုံးရဲ့ Specs နဲ့ ဈေးနှုန်းတွေကို မကြေညာရသေးပါဘူး။ ဒါပေမယ့် ပိုစတာတွေအရ မော်ဒယ် အသစ်တွေဟာ ဒီဇိုင်း အပိုင်းမှာ အရင်မျိုးဆက်တွေနဲ့ တူညီပြီး အခန်း အရွယ်အစားပဲ ကွဲပြားသွားမှာ ဖြစ်ပါတယ်။

Xiaomi က ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ ရေခဲသေတ္တာ မော်ဒယ် ၄ ခုကို စတင် ထုတ်လုပ်ရောင်းချခဲ့ပြီး တံခါး ပွင့်နေရင် မီးအလင်းပေးတဲ့ LED Light ထည့်သွင်းထားပါတယ်။ လျှပ်စစ်မီးအား အခြေအနေ အမျိုးမျိုးမှာ အလုပ်လုပ်နိုင်အောင် ဖန်တီးထားပြီး မီးအားကျချိန်မှာ အစိတ်အပိုင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ စွမ်းရည်မြင့် မော်ဒယ် ၂ လုံးရဲ့ တံခါး အရှေ့ဘက်မှာ ထိတွေ့မျက်နှာပြင် ၁ ခု တပ်ဆင်ထားပြီး အခန်းတွေရဲ့ အပူချိန်ကို စစ်ဆေးနိုင်သလို Settings တွေကို ချိန်ညှိနိုင်ပါတယ်။ ဒါ့အပြင် Xiao AI Voice Assistant ကို အသံအမိန့်တွေနဲ့ခိုင်းစေနိုင်ပါတယ်။

Ref : gizmochina