Xiaomi ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက Samsung နဲ့ ပူးပေါင်းပြီးတော့ ကမ္ဘာ့ပထမဆုံးသော 108MP Camera ဖုန်းဖြစ်တဲ့ Mi CC9 Pro ဖုန်းကို မိတ်ဆက်နိုင်ခဲ့ပါတယ်။ အခုလည်း Xiaomi ကနေ Samsung နဲ့ပဲ ထပ်မံပူးပေါင်းပြီးတော့ 150MP Camera ဖုန်းကို မိတ်ဆက်လာတော့မယ်လို့ သိရပါတယ်။

အခုသတင်းကိုတော့ ယုံကြည်ရတဲ့ Tipster တစ်ဦးဖြစ်တဲ့ IceUniverse ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ အဆိုပါ 150MP Camera ဖုန်းကို လာမယ့် ၂၀၂၀ နှစ်ကုန်ပိုင်းဖြစ်တဲ့ စတုတ္ထ ၃ လပတ်မှာ မိတ်ဆက်သွားမယ်လို့ ဖော်ပြခဲ့တာပါ။ ဒါတင်မဟုတ်သေးဘဲ Samsung ကနေ နောက်ထပ် 250MP Camera Sensor တွေ ထုတ်လုပ်ဖို့ကိုပါ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

လက်ရှိသိထားရတဲ့သတင်းတွေအရဆိုရင် အဆိုပါ 150MP Camera Sensor ဟာ စွမ်းဆောင်ရည်ပိုင်းမှာ 1-inch Sensor နီးပါးရှိနေမှာဖြစ်သလို Samsung Galaxy S20 Ultra ရဲ့ ISOCELL Bright HM1 Sensor မှာအသုံးပြုထားတဲ့ Nonacell Technology ကိုပဲ အသုံးပြုလာမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် 9-in-1 Pixel Binning ကို အသုံးပြုလာပြီးတော့ Final Photo မှာတော့ 16MP Size ရှိမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ OPPO နဲ့ Vivo တို့ကလည်း 150MP Camera Sensor ပါဝင်တဲ့ဖုန်းအသစ်တွေကို လာမယ့် ၂၀၂၁ နှစ်စပိုင်းမှာ မိတ်ဆက်သွားမှာဖြစ်ပြီး Qualcomm ရဲ့ Processor အသစ်ဖြစ်တဲ့ Snapdragon 875 Processor ကို အသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုအတိုင်းဆိုရင် စမတ်ဖုန်းတွေမှာ Megapixels အများအပြားပါဝင်တဲ့ Sensor တွေကို ဆက်လက်သုံးလာဦးမှာဖြစ်သလို Samsung ကလည်း လူမျက်လုံးရဲ့ မြင်နိုင်စွမ်းထက်ပိုတဲ့ 600MP Camera Sensor တွေအထိ ထုတ်လုပ်သွားမယ်ဆိုပြီး ပြောကြားထားတာဖြစ်ပါတယ်။

Ref – Gizmo China