Xiaomi ဟာ ယခင်ကတည်းက Qualcomm ရဲ့ Snapdragon Chipset တွေအပြင် MediaTek ရဲ့ Chipset တွေကိုပါဆက်တိုက်အသုံးပြုခဲ့တာဖြစ်ပါတယ်။ အခုလည်း Xiaomi ကနေ MediaTek နဲ့ ပူးပေါင်းပြီး နောက်ပိုင်းထွက်ရှိမယ့်စမတ်ဖုန်းတွေအတွက် Custom Chipset တွေထုတ်လုပ်သွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

Xiaomi ဟာ လောလောဆယ်မှာ MediaTek ရဲ့ Helio G90T ကို Redmi Note 8 Pro မှာ အစောဆုံးအသုံးပြုထားခဲ့သလို Redmi 10X စမတ်ဖုန်းကလည်း MediaTek Dimensity 820 Chipset ကို အသုံးပြုထားတဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်ပါတယ်။ မကြာခင်မှာလည်း Redmi ကနေ MediaTek Dimensity 1000+ Chipset ကိုအသုံးပြုထားတဲ့ Flagship ဖုန်းအသစ်ကို မိတ်ဆက်သွားဦးမှာပါ။

အခုသတင်းကိုတော့ နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေဖော်ပြခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ MediaTek နဲ့ တွဲဖက်ထုတ်လုပ်ထားတဲ့ Chipset တွေကို Xiaomi ဖုန်းတွေမှာ တွေ့လာရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Flagship Chipset ဖြစ်မလား၊ Mid Range Chipset ပဲဖြစ်မလားဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Xiaomi ဟာ ယခင်တုန်းကတော့ Mi 5c ဖုန်းအတွက် ကိုယ်ပိုင် Surge S1 အမည်ရတဲ့ Chipset တစ်ခုကို မိတ်ဆက်ခဲ့ဖူးပြီးတော့ အဆိုပါ Chipset ဟာ တခြားသော Qualcomm Snapdragon နဲ့ MediaTek Chipset တွေနဲ့တောင် ယှဥ်ပြိုင်နိုင်ခြင်းမရှိတဲ့အတွက် ဆက်လက်ထုတ်လုပ်ခြင်းမရှိဘဲ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခု MediaTek နဲ့ တွဲဖက်ထုတ်လုပ်မယ့် Chipset တွေကရော ဘယ်လိုမျိုးအခြေအနေရှိမလဲဆိုတာကို စောင့်ကြည့်ရမှာပါ။

Ref – Gizmo China