နည်းပညာ လောကမှာ စက်ရုပ်တွေကို အပြိုင်အဆိုင် တီထွင်နေကြပြီး အဲဒီအထဲမှာ Xiaomi လည်း ပါပါတယ်။ Xiaomi ဟာ MWC 2023 မှာ ခြေထောက် ၄ ချောင်းပါတဲ့ စက်ရုပ်ခွေး CyberDog နဲ့ လူတူ စက်ရုပ် CyberOne ကို ပြသမှာပါ။ MWC ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စတင်ကာ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီစက်ရုပ်တွေဟာ အသစ်တော့ မဟုတ်ဘဲ CyberDog ကို ၂၀၂၁ ခုနှစ်နဲ့ CyberOne ကို ၂၀၂၂ ခုနှစ်မှာ ပြသခဲ့ဖူးပြီး နိုင်ငံတကာမှာ မကြာခင် ရောင်းချနိုင်ပါတယ်။

Lei Jun: Xiaomi will participate in the MWC 2023 conference, CyberDog and CyberOne robots will debut overseas - TechGoing

CyberOne မှာ Mi-Sense Depth Vision Module နဲ့ AI ထည့်သွင်းထားပြီး စက်ရုပ်က လူတွေ၊ လက်ဟန်ခြေဟန်နဲ့ လူ့စိတ်ခံစားမှုတွေကို နားလည်ပါတယ်။ CyberOne က သဘာဝ အသံ ၈၅ မျိုးနဲ့ လူ့စိတ်ခံစားမှု ၄၅ မျိုးကို နားလည်ပြီး သတင်းအချက်အလက်တွေ ပြသပေးတဲ့ OLED မျက်နှာပြင် ပါပါတယ်။

Xiaomi will bring CyberDog and CyberOne robots to Mobile World Congress – TechnoPixel

CyberDog မှာ NVIDIA ရဲ့ Jetson Xavier NX Platform ၊ ဆန်ဆာ ၁၁ ခု ထည့်သွင်းထားပြီး Boston Dynamics ရဲ့ ခွေးစက်ရုပ်ထက် အရွယ်အစား ပိုသေးငယ်ပါတယ်။ CyberDog ကို ဒေါ်လာ ၁,၅၄၀ သတ်မှတ်ထားပြီး စက်ရုပ်ကို Mobile Phone App, Voice Control နဲ့ Remote Control တို့နဲ့ ထိန်းချုပ်နိုင်ပါတယ်။ လက်ရှိမှာ  Redmi K40 Gaming Edition, Redmi K40, Redmi K30 5G, Redmi 10X Pro, Redmi 10X နဲ့ Mi MIX 2S တို့ကနေ ထိန်းချုပ်နိုင်ပါတယ်။ Xiaomi က အနာဂတ်မှာ ထိန်းချုပ်နိုင်တဲ့ Device တွေ ပိုများလာအောင် လုပ်ပေးမယ်လို့ ပြောပါတယ်။

Xiaomi က အဲဒီ စက်ရုပ် ၁,၀၀၀ ကို ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေပြီး နေအိမ်တွေမှာ အဖော်လုပ်ပေးမယ့် စက်ရုပ်တွေ ဖြစ်ပါတယ်။

Ref : gizmochina