Zawgyi

အခုေနာက္ပုိင္းမွာ စမတ္ဖုန္းကုမၸဏီေတြက ပံုမွန္ဖုန္းေတြထုတ္ေနတဲ့အျပင္ TV ေစ်းကြက္ကိုပါ ဝင္ေရာက္ဖုိ႔ၾကိဳးစားေနပံုပါပဲ။ မၾကာေသးခင္ကလည္း Honor ကေန Harmony OS ကို အသံုးျပဳထားတဲ့ Honor Vision TV ေတြကို မိတ္ဆက္ထားခဲ့သလုိ OnePlus ကလည္း OnePlus TV ကို မၾကာခင္မိတ္ဆက္လာေတာ့မယ္ဆုိတာ အတည္ျပဳျပီးျဖစ္ေနပါျပီ။

အခုလည္း Xiaomi ရဲ႕ ကုမၸဏီအခြဲျဖစ္တဲ့ Redmi ကေန လက္ရွိ စမတ္ဖုန္းေတြနဲ႔ Accessories ေတြအျပင္ TV ေစ်းကြက္ကိုပါ ထပ္မံဝင္ေရာက္လာေတာ့မွာပါ။ ဒီသတင္းကိုေတာ့ Xiaomi ရဲ႕ TV General Manager ျဖစ္တဲ့ Li Xiaoshuang ကေန Weibo စာမ်က္ႏွာမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Li Xiaoshuang ရဲ႕ ေျပာၾကားခ်က္အရေတာ့ Xiaomi TV က ေကာင္းေကာင္းအလုပ္္လုပ္ႏုိင္တဲ့ Team တစ္ခုျဖစ္ေနသလုိ Image Quality ၊ Sound Effect နဲ႔ System ပိုင္းမွာ လံုးဝ Outstanding ျဖစ္တဲ့ စြမ္းေဆာင္ရည္တစ္ခုရွိေနတဲ့အတြက္ ဒီ Xiaomi TV ေတြကို မွီဖုိ႔ကေတာ့ အခ်ိန္တစ္ခုလုိဦးမယ္လုိ႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Redmi ရဲ႕ ပထမဆံုး TV ဟာ ယခင္တုန္းကလည္း China National Quality Certification Center မွာ Product Code “L70M5″ နာမည္နဲ႔ ေတြ႕ခဲ့ရျပီးေတာ့ 3C Certification ကိုလည္း မၾကာေသးခင္ကမွ ရရွိခဲ့တာျဖစ္ပါတယ္။

ဒီ Redmi TV ေတြဟာ အရင္ဆံုး 40″ နဲ႔ 70” ဆုိျပီး ၂ မ်ိဳး ထြက္ရွိမွာျဖစ္ျပီးေတာ့ ၂ ခုစလံုးကလည္း 4K UltraHD ကို Support လုပ္မွာျဖစ္ပါတယ္။ ဒီ Redmi TV ေတြဟာ ေစ်းႏႈန္းအရ လက္ရွိ Mi TV ေတြထက္ေတာင္ သက္သာလာႏုိင္ျပီးေတာ့ Honor Vision Smart TV ေတြနဲ႔ OnePlus Smart TV အသစ္ေတြနဲ႔ ျပိဳင္ဆုိင္ရဖြယ္ရွိေနပါတယ္။

ျဖစ္ႏုိင္တာကေတာ့ လာမယ့္ စက္တင္ဘာလဝန္းက်င္ေလာက္မွာ Redmi TV ေတြကို တရားဝင္မိတ္ဆက္လာႏုိင္ပါတယ္။

Ref – Gizmo China

Unicode

အခုနောက်ပိုင်းမှာ စမတ်ဖုန်းကုမ္ပဏီတွေက ပုံမှန်ဖုန်းတွေထုတ်နေတဲ့အပြင် TV ဈေးကွက်ကိုပါ ဝင်ရောက်ဖို့ကြိုးစားနေပုံပါပဲ။ မကြာသေးခင်ကလည်း Honor ကနေ Harmony OS ကို အသုံးပြုထားတဲ့ Honor Vision TV တွေကို မိတ်ဆက်ထားခဲ့သလို OnePlus ကလည်း OnePlus TV ကို မကြာခင်မိတ်ဆက်လာတော့မယ်ဆိုတာ အတည်ပြုပြီးဖြစ်နေပါပြီ။

အခုလည်း Xiaomi ရဲ့ ကုမ္ပဏီအခွဲဖြစ်တဲ့ Redmi ကနေ လက်ရှိ စမတ်ဖုန်းတွေနဲ့ Accessories တွေအပြင် TV ဈေးကွက်ကိုပါ ထပ်မံဝင်ရောက်လာတော့မှာပါ။ ဒီသတင်းကိုတော့ Xiaomi ရဲ့ TV General Manager ဖြစ်တဲ့ Li Xiaoshuang ကနေ Weibo စာမျက်နှာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

Li Xiaoshuang ရဲ့ ပြောကြားချက်အရတော့ Xiaomi TV က ကောင်းကောင်းအလုပ်လုပ်နိုင်တဲ့ Team တစ်ခုဖြစ်နေသလို Image Quality ၊ Sound Effect နဲ့ System ပိုင်းမှာ လုံးဝ Outstanding ဖြစ်တဲ့ စွမ်းဆောင်ရည်တစ်ခုရှိနေတဲ့အတွက် ဒီ Xiaomi TV တွေကို မှီဖို့ကတော့ အချိန်တစ်ခုလိုဦးမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Redmi ရဲ့ ပထမဆုံး TV ဟာ ယခင်တုန်းကလည်း China National Quality Certification Center မှာ Product Code “L70M5″ နာမည်နဲ့ တွေ့ခဲ့ရပြီးတော့ 3C Certification ကိုလည်း မကြာသေးခင်ကမှ ရရှိခဲ့တာဖြစ်ပါတယ်။

ဒီ Redmi TV တွေဟာ အရင်ဆုံး 40″ နဲ့ 70” ဆိုပြီး ၂ မျိုး ထွက်ရှိမှာဖြစ်ပြီးတော့ ၂ ခုစလုံးကလည်း 4K UltraHD ကို Support လုပ်မှာဖြစ်ပါတယ်။ ဒီ Redmi TV တွေဟာ ဈေးနှုန်းအရ လက်ရှိ Mi TV တွေထက်တောင် သက်သာလာနိုင်ပြီးတော့ Honor Vision Smart TV တွေနဲ့ OnePlus Smart TV အသစ်တွေနဲ့ ပြိုင်ဆိုင်ရဖွယ်ရှိနေပါတယ်။

ဖြစ်နိုင်တာကတော့ လာမယ့် စက်တင်ဘာလဝန်းကျင်လောက်မှာ Redmi TV တွေကို တရားဝင်မိတ်ဆက်လာနိုင်ပါတယ်။

Ref – Gizmo China