Xiaomi TV Stick 4K ကို စမ်းသပ်နေတဲ့ သတင်းတွေ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ထွက်ပေါ်လာခဲ့ပြီး အခုတော့ ကုမ္ပဏီက တရားဝင် ကြေညာလိုက်ပြီ ဖြစ်ကာ အိန္ဒိယမှာ ရောင်းချမယ့် ဈေးနှုန်းကိုပါ ပြောပြလိုက်ပါတယ်။

The Xiaomi TV Stick 4K is finally orderable for US$57.99 with Android TV 11 and a voice remote - NotebookCheck.net News

Xiaomi TV Stick 4K ဟာ ရိုးရိုး TV ကို စမတ် TV အဖြစ် ပြောင်းလဲပေးနိုင်ပြီး 4K Resolution ကို ထောက်ပံ့ပါတယ်။ Dolby Atmos , Dolby Vision ကို ထောက်ပံ့ထားပြီး Chromecast ကို အသုံးပြုနိုင်ပါတယ်။

Xiaomi Tv Stick 4k

TV Stick 4K နဲ့တွဲဖက် အသုံးပြုနိုင်ဖို့ Mi Voice Remote ထည့်သွင်းထားပြီး Netflix, Amazon Prime Video , Disney Hotstar နဲ့ အသံနဲ့ ထိန်းချုပ်ဖို့ Assistant Button တွေ တပ်ဆင်ထားပါတယ်။ Quad Core Cortex A35 Processor မောင်းနှင်ထားပြီး Dual Band WiFi 802.11 ac ပါပါတယ်။ Android TV 11 OS ထည့်သွင်းထားပြီး Patchwall Software ပါပါတယ်။

Xiaomi TV Stick 4K မှာ 4K Resolution ကို ထောက်ပံ့တဲ့အတွက် ရုပ်ရှင်နဲ့ ဗီဒီယိုတွေကို Ultra High Definition နဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အိန္ဒိယမှာ ၄,၉၉၉ ရူပြီး (၆၀ ဒေါ်လာ ဝန်းကျင်)နဲ့ ရောင်းချမှာ ဖြစ်ပြီး ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက်၊ Mi.com ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref : gizmochina