Xiaomi ဟာ လက်ရှိအချိန်မှာ Wireless Earbuds ကို Design မျိုးစုံ၊ စျေးနှုန်းမျိုးစုံအတွက် ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။ အခုလည်း Active Noise Cancellation ပါဝင်တဲ့ True Wireless (TWS) Earbuds တစ်မျိူးကို မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

အအခုသတင်းကိုတော့ Bluetooth Certification ရရှိလာတာကနေ သိရှိခဲ့ရတာဖြစ်ပြီး တရားဝင်မိတ်ဆက်မယ့်အချိန်က နီးကပ်နေပြီလို့တောင်ပြောလို့ရပါတယ်။ အဆိုပါ TWS Earbuds ဟာ Xiaomi အတွက်တေ့ ပထဆုံး Active Noise Cancellation ပါဝင်တဲ့ Wireless Earbuds ပါဝင်လာမှာဖြစ်ပါတယ်။

အဆိုပါ TWS Earbuds တွေဟာ Model Number အနေနဲ့ “LYXQEJ05WM” လို့ပေးထားတယ်လို့ သိရပြီးတော့ Bluetooth 5.0 ၊ SBC ၊ AAC Codec တွေအပြင် IPX4 Water Resistant Rating လည်းပါဝင်မယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Design ပိုင်းအနေနဲ့ကတော့ ဘယ်လိုမျိုးပုံစံဖြစ်လာမလဲဆိုတာ မသိရှိရသေးပါဘူး။

ဖြစ်နိုင်တာကတော့ Xiaomi ကနေ အဆိုပါ ANC ပါဝင်တဲ့ TWS Earbuds ကို Mi 10 Pro Plus စမတ်ဖုန်းနဲ့အတူမိတ်ဆက်သွားဖွယ်ရှိနေပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ လက်ရှိ Xiaomi ကနေ ထုတ်လုပ်ထားတဲ့ Wireless Earbuds တွေထက် ပိုများနိုင်သလို Wireless Charging လိုမျိုး Feature တွေလည်း ပါဝင်လာနိုင်ပါတယ်။

Ref – Gizmo China