လွန်ခဲ့တဲ့နှစ်က စတင်ပြီး Mi TV 4A Series ကို မိတ်ဆက်ပေးခဲ့တဲ့ Xiaomi ဟာ အခုအခါမှာလည်း Mi TV 4A Series ရဲ့ မော်ဒယ် အသစ်တစ်ခု ဖြစ်တဲ့ လက်မ ၅၀ အရွယ်အစားရှိ 4K HDR Mi TV 4A အသစ်ကို ထပ်မံ မိတ်ဆက် ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

အရင်တုန်းက ထွက်ရှိထားတဲ့ Mi TV 4A မော်ဒယ်တွေ ကို ၃၂ လက်မ၊ ၄၃ လက်မ၊ ၄၉ လက်မ၊ ၅၅ လက်မ၊ ၆၅ လက်မ စတဲ့ အရွယ်အစားတွေနဲ့ ထုတ်လုပ် ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။ အသစ် မိတ်ဆက် ပေးလိုက်တဲ့ ၅၀ လက်မ အရွယ်အစားရှိ Mi TV 4A မော်ဒယ် အသစ်မှာ 60 GHz Refresh Rate ကို Support လုပ်ပေးမယ့် 4K Display (3840 x 2160 Pixels Resolution) ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ 178-Degree Wide Angle View ရရှိမှာဖြစ်ပြီး Contrast Ratio 5000:1 ရရှိမယ်လို့ သိရပါတယ်။

Mi TV 4A မော်ဒယ်အသစ်ကို ဘောင်မဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပြီး စပီကာ ၁၀လုံး ပါဝင်တဲ့ Integrated Mi TV Bar၊ Wireless Rear Satellite စပီကာ နှစ်လုံး နဲ့အတူ Subwoofer တစ်လုံး ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေ ပိုမိုကောင်းမွန်တဲ့ 3D Sound Experience ကို ခံစားနိုင်စေဖို့ အတွက် Dolby Atoms Audio နည်းပညာကို Support ပေးမယ့် Up-Firing စပီကာ ၂လုံး ပါဝင်အုံးမှာ ဖြစ်ပါတယ်။

Mi TV 4A မော်ဒယ် အသစ်မှာ Processor အနေနဲ့ 1.5 GHz Quad-Core Amlogic L963 Cortex-153 Processor ကို အသုံးပြုထားပြီး GPU အနေနဲ့ 750 MHz Mali-450 MP3 GPU ကို အသုံးပြုထားပါတယ်။ RAM အနေနဲ့ 2 GB ပါဝင်မှာဖြစ်ပြီး Internal Storage 8 GB ပါဝင်မှာပဲ ဖြစ်ပါတယ်။

အသစ်မိတ်ဆက်ပေးလိုက်တဲ့ Mi TV 4A မော်ဒယ်အသစ်ကို Android OS ပေါ်မှာ အခြေပြုထားတာ ဖြစ်ပြီး PatchWall လို့အမည်ရတဲ့ AI နည်းပညာကို အခြေခံထားတဲ့ UI ကို အသုံးပြုထားပါတယ်။ HDR 10၊ HLG၊ H.263၊ H.264၊ H.265၊ MPEG1 စတဲ့ Video Format တွေကို Support လုပ်ပေးသွား မှာ ဖြစ်ပြီး Mi TV 4A မော်ဒယ်အသစ်မှာ မျက်လုံးညောင်းကိုက်မှုကို လျှော့ချပေးမယ့် Blue Light-Reducing Mode ပါဝင်တယ်လို့ သိရပါတယ်။

Connectivity Options အနေနဲ့ 3 HDMI Ports၊ 2 USB Ports၊ AV Input၊ Ethernet၊ Mi Port၊ Bluetooth 4.2 LE၊ WiFi 802.11 ac (2.4/ 5GHz)၊ S/PDIF Audio Output Port တို့ ပါဝင်ပါတယ်။ Mi TV 4A မော်ဒယ်အသစ်နဲ့အတူ Mi Bluetooth Remote Control တစ်ခု ပါဝင်မှာ ဖြစ်ပြီး Bluetooth, Speech Recognition, Mi Touch, Infrared စတဲ့ Feature တွေကို Remote ကနေ တစ်ဆင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Mi TV 4A လက်မ ၅၀ မော်ဒယ်အသစ်ကို တရုတ်ယွမ် ၂၃၉၉ ( မြန်မာငွေ ၅ သိန်း ဝန်းကျင် ) နဲ့ ရောင်းချ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: Gadget.Ndtv