Redmi က တရုတ်မှာ Redmi Note 9 Series ဖုန်း အသစ်တွေကို ကြေညာလိုက်ပါတယ်။ အားလုံးထဲမှာ Redmi Note 9 Pro 5G က အမိုက်ဆုံး ဖြစ်ပြီး အရင်တုန်းက ကြေညာထားတဲ့ Redmi Note 9 Pro နဲ့ ဈေးချင်းတူပေမယ့် ဟာ့ဒ်ဝဲတွေ အများကြီး ပိုကောင်းလာပါတယ်။

အဲဒီဖုန်းမှာ 5G ထောက်ပံ့တဲ့ Snapdragon 750G Chipset မောင်းနှင်ထားပြီး UFS 2.2 Storage က အရင်မျိုးဆက်က UFS 2.1 ထက် ပိုမြန်ပါတယ်။ ၆.၆၇ လက်မ FHD+ မျက်နှာပြင် ထည့်ထားပြီး 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ကြောင့် မျက်နှာပြင် တုန့်ပြန်မှု အရမ်း ကောင်းပါတယ်။ အရှေ့နဲ့ အနောက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

ကင်မရာက ဒီဖုန်းရဲ့ အမိုက်ဆုံး ဟာ့ဒ်ဝဲ ၁ ခုဖြစ်ပါတယ်။ ပင်မ ကင်မရာက 108MP ဖြစ်ပြီး 9-in-1 Pixel Binning နည်းပညာ ထောက်ပံ့ထားပါတယ်။ Dual Native ISO နဲ့ Night Mode အသစ် ပါလာပြီး အမှောင်ထဲမှာ ဓါတ်ပုံ အရည်အသွေး အရမ်းကို ကောင်းပါတယ်။ ပင်မကင်မရာနဲ့အတူ 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံးနဲ့အားဖြည့်ထားပါတယ်။ Telephoto ကင်မရာတော့ မပါပေမယ့် ပင်မ ကင်မရာက 3x Digital Zoom ထောက်ပံ့ပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။

Xiaomi unveils new Redmi Note 9 trio: two with 5G, the top model has a 108 MP cam, 120 Hz screen

33W Fast Charging ပါတဲ့ 4,820mAh ဘက်ထရီ ပါလာပြီး ၅၈ မိနစ်အတွင်း  ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ 5G , WiFi နဲ့ Bluetooth လျှင်မြန်စေဖို့ အန်တင်နာ ၁၁ ခု ကျော်ကို ဖုန်း ပတ်ပတ်လည်မှာ ထည့်သွင်းထားပါတယ်။ NFC , IR Blaster နဲ့ နားကြပ်ပေါက် ပါလာပါတယ်။

Pricing

Redmi Note 9 Pro 5G 6GB + 128GB – 1599 yuan

Redmi Note 9 Pro 5G 8GB + 128GB – 1799 yuan

Redmi Note 9 Pro 5G 8GB + 256GB – 1999 yuan

စျေးနှုန်းတွေက ကာလတန်ဖိုး ၃ သိန်း ၂ သောင်း ၊ ၃ သိန်း ၆ သောင်းနဲ့ ၄ သိန်းလောက် အသီးသီး ကျသင့်မှာဖြစ်ပါတယ်။ တရုတ်မှာ နောက်လ ၁ ရက်နေ့ ရောင်းမှာဖြစ်ပြီး တခြားနိုင်ငံမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena