ဇူလိုင်လရဲ့ ဒုတိယပတ်မှာတော့ Xioami ဟာ RedmiBook laptop နှစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ နှစ်မျိုးစလုံးဟာ 10th gen Intel processor တွေ အသုံးပြုထားတာဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းက ကြေညာထားတဲ့ အလားတူမော်ဒယ်ကတော့ Ryzen 4000 APUs နဲ့ ဖြစ်ပါတယ်။

RedmiBook 16 ကတော့ ဗားရှင်းသစ်ဖြစ်ပြီး Core i5-1035G1 နဲ့ i7-1065G7 ဆိုပြီးရွေးချယ်စရာရှိပါတယ်။ နှစ်မျိုးစလုံးက 4 cores နဲ့ 8 threads 15 W chips တွေဆိုပေမယ့် i7 ကတော့ clock speeds (1.3-3.9 GHz vs. 1.0-3.6 GHz) ဖြစ်ပါတယ်။ GPU computing units နှစ်ဆဖြစ်ပါတယ်။ ပြီးတော့ Nvidia MX350 GPU နဲ့ 2 GB of GDDR5 RAM လည်း ဖြစ်ပါတယ်။

Intel တွေနဲ့ ဗားရှင်းသစ်ကတော့ အစောပိုင်းက Ryzen ဗားရှင်းထက် ဈေးပိုကြီးတာ အမှန်ပါပဲ။ i5 ဆိုရင် $710 (၉ သိန်း ၇ သောင်းဝန်းကျင်) လောက်ကျသင့်ပြီး i7 ကတော့ $810 (၁၁ သိန်းဝန်းကျင်) လောက် ကျသင့်မှာ ဖြစ်ပါတယ်။ နှစ်မျိုးစလုံးဟာ 16GB of RAM နဲ့ 512GB SSD တွေဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းမှာတော့ 16-1-inch မျက်နှာပြင်ကို ကျဉ်းမြောင်းတဲ့ Bezels တွေက ဝန်းရံထားပါတယ်။ 46WHr ဘက်ထရီအပါအဝင် အလေးချိန်ဟာ 1.8kg ဖြစ်ပြီး ၁၂ နာရီကြာ ဘက်ထရီနဲ့အသုံးပြုနိုင်တယ်လို့ Xiaomi က ဆိုထားပါတယ်။ 65W USB-C charger နဲ့ အားသွင်းရင် နာရီဝက်အတွင်း ၅၀% အားပြန်သွင်းနိုင်တယ်လို့လည်း သိရပါတယ်။ USB-A 3.0, USB-A 2.0 နဲ့ HDMI ပေါက်တွေအပြင် 3.5mm headphone jack လည်း ပါဝင်ပါသေးတယ်။

RedmiBook 14 II ကတော့ 14-inch laptop ဖြစ်ပါတယ်။ သေးငယ်သလို ပေါ့ပါးတဲ့အတွက် 1.3kg သာ အလေးချိန်ရှိပါတယ်။ ဘက်ထရီလည်း သေးငယ်ပြီး 40WHr ဖြစ်ပါတယ်။ ဒါပေမယ့် ၁၀ နာရီကြာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ 65W USB-C charger နဲ့လာတာဖြစ်ပြီး 0-50% ကို ၂၈ မိနစ်နဲ့ အားသွင်းနိုင်တယ်လို့ ဆိုပါတယ်။

RedmiBook 14 II လည်း Core i5-1035G1 နဲ့ i7-1065G7 ဆိုပြီး ရွေးစရာ CPU နှစ်မျိုး ရှိပါတယ်။ နှစ်မျိုးစလုံးကတော့ Nvidia MX350 GPU နဲ့ပါ။ မန်မိုရီက 8 GB of DDR4-3200 နဲ့ 16 GBကြိုက်ရာရွေးနိုင်ပါတယ်။ SSD ရဲ့ သိုလှောင်မှုပမာဏက 512 GB ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ $670 လို့ဆိုတာကြောင့် (၉ သိန်း ၁ သောင်းဝန်းကျင်) ဖြစ်ပါတယ်။ (i7, 16 GB RAM) ဆိုရင်တော့ $810 ဖြစ်တဲ့အတွက် (၁၁ သိန်းဝန်းကျင်) လောက် ဖြစ်သွားပါလိမ့်မယ်။

ဇူလိုင်လ ၁၅ ရက်နေ့ရောက်ရင် ဒီ Laptop နှစ်မျိုးစလုံးကို တရုတ်နိုင်ငံဈေးကွက်ထဲမှာပဲ ရောင်းချမှာဖြစ်ပါတယ်။

Ref: GSM Arena