[Zawgyi]

Xiaomi ရဲ႕ ကုမၸဏီခြဲ Redmi က 64MP Camera Smartphone ကို ေအာက္တိုဘာလနဲ႔ ဒီဇင္ဘာလအၾကားမွာ ေရာင္းမွာ ျဖစ္ၿပီး အကန္႔အသတ္နဲ႔ မဟုတ္ဘဲ အမ်ားအျပားေရာင္းခ်ႏိုင္ေအာင္ ျပဳလုပ္ေနတယ္လို႔ ၿပီးခဲ့တဲ့ တစ္ပတ္က ေျပာခဲ့ပါတယ္။ အခုေတာ့ Xiaomi ရဲ႕ ဒုတိယ ဥကၠဌ Lu Weibing က အဲဒီ ဖုန္းကို အမ်ားအျပားထုတ္လုပ္ေနတယ္ဆိုတာကို သက္ေသျပလိုက္တဲ့ ဗီဒီယို အတို ၁ ခုကို မွ်ေ၀လိုက္ပါတယ္။

ဗီဒီယိုမွာ ကင္မရာ ဖြဲ႕စည္းပံုကို ျပသထားၿပီး ကင္မရာ ၃ လံုးကို ေဒါင္လိုက္တပ္ဆင္ထားပါတယ္။ စတုတၳ ကင္မရာကို ညာဘက္မွာ ထည့္သြင္းထားပါတယ္။ Pop-up Selfie Camera မပါတဲ့အတြက္ Waterdrop Notch ပါလာမွာပါ။  Weibing က ၿပီးခဲ့တဲ့ လ၀က္ေလာက္ကတည္းက Redmi ရဲ႕ 64MP Quad Camera Smartphone ကို အမ်ားအျပား ထုတ္လုပ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီ ဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြကို မေျပာေသးပါဘူး။

Realme က Samsung ရဲ႕ 64MP ISOCELL Sensor ပါတဲ့ ဖုန္းကို ဒီႏွစ္ ကြာတား ၄ (ေအာက္တုိဘာလနဲ႔ ဒီဇင္ဘာလၾကား) မွာ ေရာင္းမယ္လို႔ ေၾကညာထားပါတယ္။ Xiaomi က Redmi ဟာ အဲဒီ Sensor ကို သံုးတဲ့ ကမာၻ႕ ပထမဆံုး ကုမၸဏီေတြထဲက တစ္ခု ျဖစ္မယ္လို႔ မၾကာခင္က ေၾကညာထားပါတယ္။ အဲဒီဖုန္းဟာ Redmi Note 8 ျဖစ္ႏုိင္ၿပီး  အိႏၵိယမွာ အေစာဆံုး ေရာင္းခ်ႏုိင္ပါတယ္။

64MP ISOCELL Sensor မွာ 1.6μm-sized Pixels ပါတဲ့ အရြယ္ႀကီး 1/1.7-inch Sensor ကို အသံုးျပဳထားပါတယ္။ အေရာင္ထုတ္လုပ္မႈ တိုးတက္လာၿပီး လက္ရွိ Sensors ေတြနဲ႔ ယွဥ္ရင္ ပိုေကာင္းတဲ့ Dynamic Range ကို ထုတ္လုပ္ေပးႏုိင္တဲ့ Hybrid 3D HDR လည္း ပါလာမွာပါ။

Ref : gsmarena

[Unicode]

Xiaomi က 64MP Quad Camera Smartphone ရဲ့ Production Video ကို ပြသ

Xiaomi ရဲ့ ကုမ္ပဏီခွဲ Redmi က 64MP Camera Smartphone ကို အောက်တိုဘာလနဲ့ ဒီဇင်ဘာလအကြားမှာ ရောင်းမှာ ဖြစ်ပြီး အကန့်အသတ်နဲ့ မဟုတ်ဘဲ အများအပြားရောင်းချနိုင်အောင် ပြုလုပ်နေတယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်က ပြောခဲ့ပါတယ်။ အခုတော့ Xiaomi ရဲ့ ဒုတိယ ဥက္ကဌ Lu Weibing က အဲဒီ ဖုန်းကို အများအပြားထုတ်လုပ်နေတယ်ဆိုတာကို သက်သေပြလိုက်တဲ့ ဗီဒီယို အတို ၁ ခုကို မျှဝေလိုက်ပါတယ်။

ဗီဒီယိုမှာ ကင်မရာ ဖွဲ့စည်းပုံကို ပြသထားပြီး ကင်မရာ ၃ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ စတုတ္ထ ကင်မရာကို ညာဘက်မှာ ထည့်သွင်းထားပါတယ်။ Pop-up Selfie Camera မပါတဲ့အတွက် Waterdrop Notch ပါလာမှာပါ။  Weibing က ပြီးခဲ့တဲ့ လဝက်လောက်ကတည်းက Redmi ရဲ့ 64MP Quad Camera Smartphone ကို အများအပြား ထုတ်လုပ်နေတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။

Realme က Samsung ရဲ့ 64MP ISOCELL Sensor ပါတဲ့ ဖုန်းကို ဒီနှစ် ကွာတား ၄ (အောက်တိုဘာလနဲ့ ဒီဇင်ဘာလကြား) မှာ ရောင်းမယ်လို့ ကြေညာထားပါတယ်။ Xiaomi က Redmi ဟာ အဲဒီ Sensor ကို သုံးတဲ့ ကမ္ဘာ့ ပထမဆုံး ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်မယ်လို့ မကြာခင်က ကြေညာထားပါတယ်။ အဲဒီဖုန်းဟာ Redmi Note 8 ဖြစ်နိုင်ပြီး အိန္ဒိယမှာ အစောဆုံး ရောင်းချနိုင်ပါတယ်။

64MP ISOCELL Sensor မှာ 1.6μm-sized Pixels ပါတဲ့ အရွယ်ကြီး 1/1.7-inch Sensor ကို အသုံးပြုထားပါတယ်။ အရောင်ထုတ်လုပ်မှု တိုးတက်လာပြီး လက်ရှိ Sensors တွေနဲ့ ယှဉ်ရင် ပိုကောင်းတဲ့ Dynamic Range ကို ထုတ်လုပ်ပေးနိုင်တဲ့ Hybrid 3D HDR လည်း ပါလာမှာပါ။

Ref : gsmarena