Xiaomi က MWC 2023 မှာ Watch S1 Pro ကို ကြေညာလိုက်ပြီး Classic ဆန်တဲ့ ခေတ်ပေါ် စမတ်နာရီ ဖြစ်ပါတယ်။ ငွေရောင် ကိုယ်ထည်နဲ့ အညိုရောင်သားရေလက်ပတ် တပ်ဆင်ထားပြီး ဒစ်ဂျစ်တယ်ထက် Analogue နာရီကို ပိုမို နှစ်သက်သူတွေအတွက် သင့်တော်ပါတယ်။

Xiaomi Watch S1 Pro

၁.၄၇ လက်မ AMOLED ထိတွေ့မျက်နှာပြင် အဝိုင်း တပ်ဆင်ထားပြီး 480×480 Pixels Resolution ရှိပါတယ်။ မျက်နှာပြင်ကို ခြစ်ရာ မထင်စေဖို့ Sapphire Crystal Glass နဲ့ ကာကွယ်ထားပြီး အလွန်ပါးလွှာတဲ့ ဘေးဘောင်တွေကြောင့် ဒီဇိုင်းလှပပါတယ်။ Rotating ဒစ်ဂျစ်တယ် Crown နဲ့ Shortcut Button တို့နဲ့ Xiaomi MIUI Watch OS Interface မှာ လွယ်ကူစွာ Navigate လုပ်နိုင်ပါတယ်။

Xiaomi Watch S1 Pro ဟာ Sport မဆန်ပေမယ့် အားကစားနဲ့ ကိုယ်လက်လှုပ်ရှားမှု ၁၀၀ ကျော်ကို တွက်ချက်ပေးနိုင်ပါတယ်။ ခြေလှမ်း၊ အိပ်စက်မှု၊ နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏတွေ အပါအဝင် ကျန်းမာရေးနဲ့ လေ့ကျင့်ခန်းတွေကို တိုင်းတာပေးနိုင်ပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်တဲ့အတွက် ရေကူးသူတွေအတွက် အသုံးဝင်ပါတယ်။

Xiaomi Buds 4 Pro and Xiaomi Watch S1 Pro go global

အနက်ရောင် Stainless Steel Case နဲ့ အနက်ရောင် လက်ပတ်ကြိုးပါတဲ့ မော်ဒယ်၊ ငွေရောင် Stainless Steel Case နဲ့ အညိုရောင် သားရေလက်ပတ်ကြိုးပါတဲ့ မော်ဒယ်ဆိုပြီး ၂ မျိုး ထုတ်လုပ်ထားပါတယ်။ စမတ်နာရီမှာ စပီကာပါတဲ့အတွက် ဖုန်းပြောနိုင်ပြီး NFC ပါတဲ့အတွက် Contactless Payment တွေ ပြုလုပ်နိုင်ပါတယ်။ ဘက်ထရီ သက်တမ်းက ၁၄ ရက် ဖြစ်ပြီး ကြိုးမဲ့အားသွင်းရင် ၈၅ မိနစ် ကြာပါတယ်။ ကြိုးနဲ့ ၁၀ မိနစ်အားသွင်းရင် ၂ ရက် အသုံးခံပါတယ်။

Xiaomi Watch S1 Pro ကို Xiaomi UK Website မှာ ၂၉၉ စတာလင်ပေါင်နဲ့ ရောင်းပေးလိုက်ပါပြီ။

Ref : gizmochina