Zawgyi

Xiaomi ကေန ၿပီးခဲ့တဲ့ရက္သတၱပတ္ပိုင္းတုန္းက Redmi Note Series စမတ္ဖုန္းအသစ္တစ္ခုျဖစ္တဲ့ Redmi Note 8 စမတ္ဖုန္းကို မိတ္ဆက္ထားခဲ့ပါတယ္။ အခုအခ်ိန္မွာဆိုရင္လည္း ဒီ Redmi Note 8 စမတ္ဖုန္းေတြဟာ ေစ်းကြက္ထဲမွာ ေရာင္းအားေကာင္းေနတဲ့အျပင္ Price-to-Performance အေကာင္းဆုံး Mid Range ဖုန္းတစ္ခုဆိုရင္လည္းမမွားပါဘူး။

ဒါေပမယ့္ Xiaomi ကေန Redmi Note 8 ကို မိတ္ဆက္ခဲ့တုန္းက RAM 4GB + 64GB Version ၊ RAM 6GB + 64GB Version နဲ႔ RAM 6GB + 128GB Version ဆိုၿပီး ၃ မ်ိဳးပဲ ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ အခုလိုမ်ိဳး RAM 6GB ပါဝင္တာက Mid Range ဖုန္းတစ္ခုအေနနဲ႔ကေတာ့ လုံေလာက္တယ္လို႔ဆိုႏိုင္ေပမယ့္ Xiaomi ကေန Redmi Note 8 ကို ပိုၿပီး စြမ္းေဆာင္ရည္ျမင့္တဲ့ Version ကို ထုတ္ဦးမယ့္ပုံစံပါပဲ။

ဘာေၾကာင့္လဲဆိုရင္ တ႐ုတ္ႏိုင္ငံရဲ႕ TENAA Listing မွာ Redmi Note 8 ကို RAM 8GB နဲ႔ Storage 256GB ပါဝင္တဲ့ ေနာက္ထပ္ Version တစ္ခုအေနနဲ႔ေတြ႕ရွိခဲ့ရလို႔ပဲျဖစ္ပါတယ္။ Redmi Note 8 ဟာ Snapdragon 665 Processor ကိုပဲ အသုံးျပဳထားတာျဖစ္ၿပီး အခုလိုမ်ိဳး RAM 8GB ပါဝင္လာတာက OPPO ကေန မၾကာေသးခင္ကမွ မိတ္ဆက္ထားခဲ့တဲ့ RAM 8GB ပါဝင္ၿပီး Snapdragon 665 ကိုပဲ အသုံးျပဳထားတဲ့ A9 2020 နဲ႔ ယွဥ္ၿပိဳင္ဖို႔အတြက္ ျဖစ္ႏိုင္ပါတယ္။

ဘာပဲျဖစ္ျဖစ္ OPPO A9 2020 နဲ႔ မတူညီတဲ့အခ်က္အေနနဲ႔ကေတာ့ Storage မွာလည္း 256GB အထိကို တိုးထားေပးထားတာျဖစ္ၿပီးေတာ့ ဒါက ဖုန္းထဲမွာ Media ေတြအမ်ားအျပားကို သိမ္းဆည္းတတ္တဲ့သူေတြအတြက္ သတင္းေကာင္းတစ္ခုျဖစ္မွာပါ။ ေနာက္ၿပီး Redmi Note 8 ဖုန္းမွာ ေနာက္ထပ္ 256GB အထိ ထပ္ထည့္ႏိုင္တဲ့ MicroSD Card Slot လည္း ပါဝင္ေနပါေသးတယ္။

ဒီ Redmi Note 8 RAM 8GB Version ဟာ Redmi K20 Pro လိုမ်ိဳးပဲ Premium Edition လို႔ ေခၚဆိုလာႏိုင္ၿပီးေတာ့ က်န္တဲ့ Specification ပိုင္းေတြမွာေတာ့ လက္ရွိ Redmi Note 8 ဖုန္းလိုမ်ိဳးပဲ 6.3″ FHD+ DIsplay ၊ 48MP Quad Camera Setup ၊ 4000mAh Battery စသျဖင့္ အကုန္လုံးတူညီေနမွာျဖစ္ပါတယ္။

Ref – Gizmo China

Unicode

Xiaomi ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက Redmi Note Series စမတ်ဖုန်းအသစ်တစ်ခုဖြစ်တဲ့ Redmi Note 8 စမတ်ဖုန်းကို မိတ်ဆက်ထားခဲ့ပါတယ်။ အခုအချိန်မှာဆိုရင်လည်း ဒီ Redmi Note 8 စမတ်ဖုန်းတွေဟာ စျေးကွက်ထဲမှာ ရောင်းအားကောင်းနေတဲ့အပြင် Price-to-Performance အကောင်းဆုံး Mid Range ဖုန်းတစ်ခုဆိုရင်လည်းမမှားပါဘူး။

ဒါပေမယ့် Xiaomi ကနေ Redmi Note 8 ကို မိတ်ဆက်ခဲ့တုန်းက RAM 4GB + 64GB Version ၊ RAM 6GB + 64GB Version နဲ့ RAM 6GB + 128GB Version ဆိုပြီး ၃ မျိုးပဲ ရောင်းချခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး RAM 6GB ပါဝင်တာက Mid Range ဖုန်းတစ်ခုအနေနဲ့ကတော့ လုံလောက်တယ်လို့ဆိုနိုင်ပေမယ့် Xiaomi ကနေ Redmi Note 8 ကို ပိုပြီး စွမ်းဆောင်ရည်မြင့်တဲ့ Version ကို ထုတ်ဦးမယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် တရုတ်နိုင်ငံရဲ့ TENAA Listing မှာ Redmi Note 8 ကို RAM 8GB နဲ့ Storage 256GB ပါဝင်တဲ့ နောက်ထပ် Version တစ်ခုအနေနဲ့တွေ့ရှိခဲ့ရလို့ပဲဖြစ်ပါတယ်။ Redmi Note 8 ဟာ Snapdragon 665 Processor ကိုပဲ အသုံးပြုထားတာဖြစ်ပြီး အခုလိုမျိုး RAM 8GB ပါဝင်လာတာက OPPO ကနေ မကြာသေးခင်ကမှ မိတ်ဆက်ထားခဲ့တဲ့ RAM 8GB ပါဝင်ပြီး Snapdragon 665 ကိုပဲ အသုံးပြုထားတဲ့ A9 2020 နဲ့ ယှဥ်ပြိုင်ဖို့အတွက် ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် OPPO A9 2020 နဲ့ မတူညီတဲ့အချက်အနေနဲ့ကတော့ Storage မှာလည်း 256GB အထိကို တိုးထားပေးထားတာဖြစ်ပြီးတော့ ဒါက ဖုန်းထဲမှာ Media တွေအများအပြားကို သိမ်းဆည်းတတ်တဲ့သူတွေအတွက် သတင်းကောင်းတစ်ခုဖြစ်မှာပါ။ နောက်ပြီး Redmi Note 8 ဖုန်းမှာ နောက်ထပ် 256GB အထိ ထပ်ထည့်နိုင်တဲ့ MicroSD Card Slot လည်း ပါဝင်နေပါသေးတယ်။

ဒီ Redmi Note 8 RAM 8GB Version ဟာ Redmi K20 Pro လိုမျိုးပဲ Premium Edition လို့ ခေါ်ဆိုလာနိုင်ပြီးတော့ ကျန်တဲ့ Specification ပိုင်းတွေမှာတော့ လက်ရှိ Redmi Note 8 ဖုန်းလိုမျိုးပဲ 6.3″ FHD+ DIsplay ၊ 48MP Quad Camera Setup ၊ 4000mAh Battery စသဖြင့် အကုန်လုံးတူညီနေမှာဖြစ်ပါတယ်။

Ref – Gizmo China