Xiaomi ဟာ NFC ပါဝင်တဲ့ Mi Band 4 ကို လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း ဥရောပဈေးကွက်မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။ ဒီဗားရှင်းဟာ အခုအချိန်ထိတော့ တရုတ်နိုင်ငံအတွက် သီးသန့်ဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် မကြာခင်အချိန်အတွင်းမှာ ဥရောပဈေးကွက်ကို ဖြန့်ဖို့ရှိနေပြီး ရုရှားဈေးကွက်ကနေ စတင်မယ်လို့ သိရပါတယ်။

Mi Band 4 ဟာ ကနဦးအနေနဲ့ Mastercard ကိုပဲ ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ ဒီအတွက် အသုံးပြုသူဟာ ကဒ်ကို MI Fit app ထဲပေါင်းထည့်ပြီး ဒေသနေရာမှာတော့ “ရုရှား” ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ Xiaomi အနေနဲ့ Mi Band 4 အတွက် Visa, Google Pay နဲ့ PayPal စတာတွေကိုလည်း ထည့်သွင်းပေးမယ်ဆိုပေမယ့် ဘယ်အချိန်မှလဲဆိုတာတော့ မသိရသေးပါဘူး။

Xiaomi ရဲ့ Mi Band 4 NFC ဟာ Contactless payments တွေမှာလည်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေမှာလည်း အသုံးပြုနိုင်မှာပါ။ MasterCard ရဲ့ PayPass ကတော့ လက်ရှိအချိန်မှာ ရုရှား၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ ဆွစ်ဇာလန်၊ တူရကီ၊ ယူကေနဲ့ ပြင်သစ် စတဲ့နိုင်ငံတွေမှာ ထောက်ပံ့နေတာ ဖြစ်ပါတယ်။

Xiaomi ဟာ Mi Band 4 NFC ကို လာမယ့် ဇွန်လ ၁၆ ရက်နေ့ရောက်ရင် ရုရှားဈေးကွက်မှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ RUB 4,000 (၈ သောင်း ၂ထောင်ဝန်းကျင်) ဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့ဗားရှင်းအဟောင်းထက် ၃၀% ဈေးပိုမြင့်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Xiaomi ဟာ လာမယ့် ဇွန်လ ၁၁ ရက်နေ့မှာ Mi Band 5 အသစ်ကို ပွဲထုတ်လာမှာဖြစ်ပါတယ်။

Ref: GSM Arena