[Zawgyi]

Xiaomi ဟာ 5G ေဈးကြက္ထဲကို အျမန္ဆုံးဝင္ေရာက္ႏိုင္တဲ့ ထုတ္လုပ္မႈလုပ္ငန္းႀကီးေတြထဲမွာ တစ္ခုအပါအဝင္ ျဖစ္ပါတယ္။ ဒီႏွစ္အေစာပိုင္းမွာပဲ Mi Mix 3 5G ကို မိတ္ဆက္ခဲ့ၿပီးျဖစ္ပါတယ္။ ဒါ့အျပင္ ကုမၸဏီဟာ Mi 9 Pro 5G ကို ေၾကညာခဲ့သလို Mi Mix Alpha ကိုလည္း မိတ္ဆက္ဦးမွာ ျဖစ္ပါတယ္။

တ႐ုတ္အေျခစိုက္ နည္းပညာကုမၸဏီႀကီးဟာ လာမယ့္ႏွစ္မွာေတာ့ 5G စမတ္ဖုန္းကို ပိုၿပီးေတာ့ အရွိန္အဟုန္ျပင္းျပင္းနဲ႔ ထုတ္လုပ္သြားဖို႔ ျပင္ဆင္ေနတာပါ။ တ႐ုတ္မွာျပဳလုပ္တဲ့ World Internet Conference မွာ Xiaomi ရဲ႕ CEO Lei Jun က ကုမၸဏီအေနနဲ႔ လာမယ့္ႏွစ္မွာ 5G စမတ္ဖုန္း ၁၀ မ်ိဳးထက္မနည္း ထုတ္လုပ္ေရာင္းခ်ဖို႔ ျပင္ဆင္ေနတယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

Xiaomi ေျပာတဲ့ 5G စမတ္ဖုန္း ၁၀ မ်ိဳးမွာ Premium flagship ေတြတင္မကဘဲ Low-end ေတြအထိ ေဈးကြက္အားလုံးအတြက္ အမ်ိဳးအစားအစုံ ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။ Lei Jun ကေတာ့ ကုမၸဏီဟာ လာမယ့္ႏွစ္မွာ 5G အသုံးျပဳႏိုင္တဲ့ စမတ္ဖုန္း ထုတ္လုပ္ေရးကိုပဲ အာ႐ုံစိုက္သြားမွာ ျဖစ္တယ္လို႔ ျဖည့္စြက္ေျပာဆိုခဲ့ပါေသးတယ္။

လက္ရွိအခ်ိန္မွာလည္း ႏိုင္ငံတကာေဈးကြက္မွာ 5G အသုံးျပဳႏိုင္တဲ့ စမတ္ဖုန္းေတြရဲ႕ ဝယ္လိုအားက အထက္ဘက္ကိုပဲ ျမားဦးတည္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္ လာမယ့္ႏွစ္အနည္းငယ္အတြင္း ေရာင္းအားက သာမန္ 4G စမတ္ဖုန္းေတြထက္ မ်ားျပားလာမယ္ဆိုတဲ့ အာမခံခ်က္ေတာ့ မရွိတာအမွန္ပဲ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

၂၀၂၀ မှာ 5G စမတ်ဖုန်း အနည်းဆုံး ၁၀ မျိုးထိ ထုတ်သွားမယ်လို့ Xiaomi CEO ပြော

Xiaomi ဟာ 5G ဈေးကွက်ထဲကို အမြန်ဆုံးဝင်ရောက်နိုင်တဲ့ ထုတ်လုပ်မှုလုပ်ငန်းကြီးတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းမှာပဲ Mi Mix 3 5G ကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီဟာ Mi 9 Pro 5G ကို ကြေညာခဲ့သလို Mi Mix Alpha ကိုလည်း မိတ်ဆက်ဦးမှာ ဖြစ်ပါတယ်။

တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ လာမယ့်နှစ်မှာတော့ 5G စမတ်ဖုန်းကို ပိုပြီးတော့ အရှိန်အဟုန်ပြင်းပြင်းနဲ့ ထုတ်လုပ်သွားဖို့ ပြင်ဆင်နေတာပါ။ တရုတ်မှာပြုလုပ်တဲ့ World Internet Conference မှာ Xiaomi ရဲ့ CEO Lei Jun က ကုမ္ပဏီအနေနဲ့ လာမယ့်နှစ်မှာ 5G စမတ်ဖုန်း ၁၀ မျိုးထက်မနည်း ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Xiaomi ပြောတဲ့ 5G စမတ်ဖုန်း ၁၀ မျိုးမှာ Premium flagship တွေတင်မကဘဲ Low-end တွေအထိ ဈေးကွက်အားလုံးအတွက် အမျိုးအစားအစုံ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ Lei Jun ကတော့ ကုမ္ပဏီဟာ လာမယ့်နှစ်မှာ 5G အသုံးပြုနိုင်တဲ့ စမတ်ဖုန်း ထုတ်လုပ်ရေးကိုပဲ အာရုံစိုက်သွားမှာ ဖြစ်တယ်လို့ ဖြည့်စွက်ပြောဆိုခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာလည်း နိုင်ငံတကာဈေးကွက်မှာ 5G အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေရဲ့ ဝယ်လိုအားက အထက်ဘက်ကိုပဲ မြားဦးတည်နေတာဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်နှစ်အနည်းငယ်အတွင်း ရောင်းအားက သာမန် 4G စမတ်ဖုန်းတွေထက် များပြားလာမယ်ဆိုတဲ့ အာမခံချက်တော့ မရှိတာအမှန်ပဲ ဖြစ်ပါတယ်။

Ref: GSM Arena