Unicode

Xiaomi ကနေ လက်ရှိတရုတ်နိုင်ငံတွင်းမှာ မြို့ကြီးအတော်များများကို ပြန့်နှံ့နေပြီဖြစ်တဲ့ Coronavirus ကြောင့် ပြည်တွင်းမှာရှိတဲ့ Offline Store တွေကို ပိတ်သိမ်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။ အခုလိုမျိုး Offline Store တွေကို ပိတ်သိမ်းမယ့်အချိန်က ဇန်နဝါရီလ ၂၈ ရက်နေ့ကနေ စတင်မှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ပြန်လည်ဖွင့်လှစ်ဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

Xiaomi အနေနဲ့ အခုသတင်းကို Press Release ထုတ်ပြန်ခဲ့ပြီးတေ့ာ အစိုးရနဲ့လည်း ကာကွယ်မှုတွေကိုပြုလုပ်ပြီးတော့ ဝန်ထမ်းတွေအပြင် လာရောက်ဝယ်ယူသူတွေနဲ့ မိသားစုတွေရဲ့ ကျန်းမာရေးအတွက် အခုလိုမျိုး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

Xiaomi ရဲ့ Press Release အရ

(၁) Xiaomi Offline Store တွေအကုန်လုံးဟာ ဇန်နဝါရီလ ၂၈ ရက်နေ့ ၂၀၂၀ ခုနှစ်ကနေ ဖေဖော်ဝါရီလ ၂ ရက်နေ့ ၂၀၂၀ ခုနှစ်အထိ ပိတ်ထားမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့ ၂၀၂၀ ခုနှစ်မှာ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်။ တကယ်လို့ ရက်အပြောင်းအလဲရှိခဲ့တယ်ဆိုရင်လည်း ပြန်လည်ကြေညာသွားမှာဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။

(၂) Xiaomi ရဲ့ Product တွေကို အဆိုပါ ရက်ပိုင်းအတွင်း ဝယ်ယူမယ်ဆိုရင် Xiaomi Official Website သို့မဟုတ် Xiaomi Mall App ကနေ ဝယ်ယူနိုင်ကြောင်း၊ ဝယ်ယူတဲ့ပစ္စည်းတွေကို ရုံးပိတ်ရက်တွေကြောင့် Delay ဖြစ်တာကလွဲရင် ပို့ဆောင်ပေးမှာဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။

(၃) ဒီကြားထဲမှာ After-sales Service လိုအပ်ခဲ့ရင် အခမဲ့ဝန်ဆောင်မှုပေးသွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားခဲ့ပါတယ်။

လက်ရှိအချိန်မှာ တရုတ်နိုင်ငံတွင်းမှာ Coronavirus ကူးစက်ခံရသူ ၄,၄၀၀ ကျော်ရှိနေပြီဖြစ်သလို လူအယောက် ၁၀၀ ကျော် အသက်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီအတွက် Xiaomi အနေနဲ့ ဒီလိုမျိုး ဆုံးဖြတ်ချက်ချလိုက်တာက မှန်ကန်တယ်လို့ ပြောရမှာပါ။

Ref – Gizmo China

Zawgyi

Xiaomi ကေန လက္ရွိတ႐ုတ္ႏိုင္ငံတြင္းမွာ ၿမိဳ႕ႀကီးအေတာ္မ်ားမ်ားကို ျပန္႔ႏွံ႔ေနၿပီျဖစ္တဲ့ Coronavirus ေၾကာင့္ ျပည္တြင္းမွာရွိတဲ့ Offline Store ေတြကို ပိတ္သိမ္းေတာ့မယ္လို႔ ေၾကညာလိုက္ပါတယ္။ အခုလိုမ်ိဳး Offline Store ေတြကို ပိတ္သိမ္းမယ့္အခ်ိန္က ဇန္နဝါရီလ ၂၈ ရက္ေန႔ကေန စတင္မွာျဖစ္ၿပီး လာမယ့္ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔မွ ျပန္လည္ဖြင့္လွစ္ဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။

Xiaomi အေနနဲ႔ အခုသတင္းကို Press Release ထုတ္ျပန္ခဲ့ၿပီးေတ့ာ အစိုးရနဲ႔လည္း ကာကြယ္မႈေတြကိုျပဳလုပ္ၿပီးေတာ့ ဝန္ထမ္းေတြအျပင္ လာေရာက္ဝယ္ယူသူေတြနဲ႔ မိသားစုေတြရဲ႕ က်န္းမာေရးအတြက္ အခုလိုမ်ိဳး ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔လည္း ေျပာၾကားခဲ့ပါေသးတယ္။

Xiaomi ရဲ႕ Press Release အရ

(၁) Xiaomi Offline Store ေတြအကုန္လုံးဟာ ဇန္နဝါရီလ ၂၈ ရက္ေန႔ ၂၀၂၀ ခုႏွစ္ကေန ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ ၂၀၂၀ ခုႏွစ္အထိ ပိတ္ထားမွာျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ ၂၀၂၀ ခုႏွစ္မွာ ျပန္လည္ဖြင့္လွစ္သြားမွာျဖစ္တယ္။ တကယ္လို႔ ရက္အေျပာင္းအလဲရွိခဲ့တယ္ဆိုရင္လည္းျပန္လည္ေၾကညာသြားမွာျဖစ္တယ္ဆိုၿပီး ေဖာ္ျပထားပါတယ္။

(၂) Xiaomi ရဲ႕ Product ေတြကို အဆိုပါ ရက္ပိုင္းအတြင္း ဝယ္ယူမယ္ဆိုရင္ Xiaomi Official Website သို႔မဟုတ္ Xiaomi Mall App ကေန ဝယ္ယူႏိုင္ေၾကာင္း၊ ဝယ္ယူတဲ့ပစၥည္းေတြကို ႐ုံးပိတ္ရက္ေတြေၾကာင့္ Delay ျဖစ္တာကလြဲရင္ ပို႔ေဆာင္ေပးမွာျဖစ္ပါတယ္လို႔ ေဖာ္ျပထားပါတယ္။

(၃) ဒီၾကားထဲမွာ After-sales Service လိုအပ္ခဲ့ရင္ အခမဲ့ဝန္ေဆာင္မႈေပးသြားမွာျဖစ္တယ္လို႔လည္း ေဖာ္ျပထားခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ တ႐ုတ္ႏိုင္ငံတြင္းမွာ Coronavirus ကူးစက္ခံရသူ ၄,၄၀၀ ေက်ာ္ရွိေနၿပီျဖစ္သလို လူအေယာက္ ၁၀၀ ေက်ာ္ အသက္ေသဆုံးခဲ့ၿပီးျဖစ္ပါတယ္။ အဲ့ဒီအတြက္ Xiaomi အေနနဲ႔ ဒီလိုမ်ိဳး ဆုံးျဖတ္ခ်က္ခ်လိုက္တာက မွန္ကန္တယ္လို႔ ေျပာရမွာပါ။

Ref – Gizmo China