Xiaomi ကနေ အခုအချိန်မှာ Laptop စျေးကွက်ကိုပုံမှန် Xiaomi Mi Notebook တွေအပြင် RedmiBook ဆိုပြီးပါ ပိုပြီးစျေးသက်သာတဲ့ Laptop တွေအနေနဲ့ ထုတ်လုပ်နေပြီဖြစ်ပါတယ်။ အခုလည်း AMD Ryzen 4000 Series CPU အသစ်တွေကို အသုံးပြုလာမယ့် RedmiBook အသစ်တွေကို မိတ်ဆက်လာဦးမှာပါ။

Xiaomi ကနေ အသစ်မိတ်ဆက်လာမယ့် RedmiBook Laptop တွေကိုတော့ RedmiBook 13 ၊ RedmiBook 14S နဲ့ RedmiBook 16 ဆိုပြီး နာမည်ပေးထားတယ်လို့ သိရပါတယ်။ Ryzen 4000 Series CPU တွေကို အသုံးပြုလာမှာဖြစ်ပေမယ့် အလယ်အလတ်တန်းစား Ryzen 5 4500U ကိုပဲ အသုံးပြုလာဖို့များနေပါတယ်။

အဆိုပါသတင်းကိုတော့ Xiaomi နဲ့ ပတ်သက်တဲ့သတင်းတွေကို ထုတ်ပြန်နေကြ Xiaomisha ကနေ ပြောကြားခဲ့တာဖြစ်ပြီး အဆိုပါ Ryzen 4000 Series CPU တွေအပြင် RAM ကိုလည်း 16GB အထိတိုးမြှင့်နိုင်မယ်လို့ သိရပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာတော့ AMD Ryzen 5 4500U CPU ဟာ 6-Core ၊ 6-Threads CPU အမျိုးအစားဖြစ်ပြီး လက်ရှိ Intel 10th Gen i7 Processor တွေနီးပါးကို စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi ရဲ့ RedmiBook Laptop တွေဟာ ယခင်ထဲက စျေးသက်သာတဲ့ Laptop တွေဖြစ်တဲ့အတွက် အခု RedmiBook အသစ်တွေကလည်း စျေးနှုန်းအရတော်တော်လေးတန်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Laptop တွေဖြစ်လာမှာပါ။

Ref – Notebook Check