Xiaomi တည်ထောင်သူ Lei Jun ဟာ ဩဂုတ်လမှာ ပထမဆုံး ကားရဲ့ နမူနာ မော်ဒယ်ကို ပြသမယ်လို့ သတင်းထွက်လာပါတယ်။ Lei Jun က အဲဒီ ကား စီမံကိန်းဟာ စီစဉ်ထားသလို တိုးတက်သလားဆိုတာ Xiaomi Auto ရုံးချုပ်မှာ လေ့လာစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

Design team behind the Maven concept is working on Xiaomi's first car

နမူနာ ကား မော်ဒယ်ကို ပြသပြီးနောက်မှာ လမ်းမတွေမှာ စမ်းသပ်မှာ ဖြစ်ပါတယ်။ WM Motor ရဲ့ Maven Concept ကားကို ဖန်တီးထားတဲ့ HVST Automobile Design က Xiaomi ရဲ့ ကားကို ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

Xiaomi will unveil its first car prototype in August - GSMArena.com news

Xiaomi ဟာ ကိုယ်ပိုင် ကား Brand ကို တည်ထောင်ဖို့ ပြင်ဆင်နေပါတယ်။ PR ဒါရိုက်တာ ၁ ယောက်ကို ငှားရမ်းထားပြီး နမူနာ ကား မော်ဒယ်ကို ပြသပြီးနောက်မှာ အရောင်းမြှင့်တင်ရေး အစီအစဉ်တွေကို ပြုလုပ်မှာပါ။

ကုမ္ပဏီဟာ လျှပ်စစ်ကား နယ်ပယ်ထဲ ဝင်ရောက်မယ်လို့ ပြီးခဲ့တဲ့ နှစ်က တရားဝင် ကြေညာခဲ့ပြီး နောက် ၁၀ နှစ်အတွင်း ဒေါ်လာ ၁၀ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ပြောခဲ့ပါတယ်။ Xiaomi Auto ရဲ့ ကားထုတ်လုပ်တဲ့ စက်ရုံကို ယီဇောင်မှာ တည်ဆောက်မှာ ဖြစ်ပြီး အဲဒီမှာ R&D စင်တာလည်း ရှိမှာပါ။ စက်ရုံ အပြည့်အဝ လည်ပတ်နိုင်တဲ့အခါကျရင် ၁ နှစ်ကို ကား အစီးရေ ၃ သိန်း ထုတ်လုပ်ဖို့ မျှော်လင့်ထားပါတယ်။

အစောပိုင်းမှာ ၁ နှစ်ကို အစီးရေ ၁၅၀,၀၀၀ ထုတ်လုပ်မှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ ပထမဆုံး ကားကို ထုတ်လုပ်မှာပါ။ R&D အဖွဲ့မှာ ဝန်ထမ်း ၁,၀၀၀ ကျော် ရှိပြီ ဖြစ်ပြီး ဆက်လက် တိုးပွားလာဦးမှာပါ။

Ref : arenaev