[Zawgyi]

XDA Developers က MIUI 11 Beta မွာ 120Hz Display Settings ေျပာင္းႏိုင္တဲ့ Option ကို ေတြ႕ရတယ္လို႔ ေျပာပါတယ္။ အဲဒီအတြက္ Xiaomi ဟာ အလန္းစား Refresh Rate ပါတဲ့ ဖုန္းကို ဖန္တီးေနတယ္လို႔ ထင္ရပါတယ္။ လက္ရွိမွာ ဒီေလာက္ျမင့္တဲ့ Refresh Rate ကို Razer Phone နဲ႔ Asus ROG Phone II တို႔လို Gaming Phones ေတြမွာသာ ထည့္သြင္းေပးထားတာ ျဖစ္ပါတယ္။

ဒါ့အျပင္ Xiaomi ဟာ ေနာက္ထုတ္မယ့္ ဖုန္းမွာ အလန္းစား Telephoto Lens ကိုပါ ထည့္သြင္းထားႏိုင္ပါတယ္။ MIUI 11 ရဲ႕ Camera App မွာ 5x Optical Zoom ေထာက္ပံ့တဲ့ Telephoto Sensor အသစ္ပါလာမယ့္ အေထာက္အထားေတြေတြ႕ရပါတယ္။ ဒါ့အျပင္ Ultra-telephoto Mode က 50x Digital Zoom ကိုပါ ေထာက္ပံ့ေပးႏုိင္မွာ ျဖစ္ပါတယ္။

မၾကာခင္ကလည္း XDA Developers မွ ဂုရုေတြက 30fps နဲ႔ 8K Video ေတြကို ရိုက္ကူးႏုိင္တဲ့ ဖုန္းကို Xiaomi ဖန္တီးေနတဲ့ အေထာက္အထားေတြေတြ႕ရတယ္လို႔ ေျပာပါတယ္။ MIUI 11 Beta ကို အဆင့္ျမွင့္ၿပီးေနာက္ MIUI Camera App ရဲ႕ ကုဒ္ေတြကို ေလ့လာၾကည့္တဲ့ အခါမွာ 7,680 x 4,320 Resolution or 8K Video at 30fps ကို ေထာက္ပံ့ထားတာကိုေတြ႕ရပါတယ္။ XDA-Developers က MIUI Camera App ရဲ႕ Mi Logo ေဘးမွ “8K 30fps” စာသားကို ျပသထားတဲ့ ဓါတ္ပံုကို အစဆြဲထုတ္ခဲ့တာ ျဖစ္ပါတယ္။

Xiaomi သာ အဲဒီဖုန္းကို တကယ္ ဖန္တီးေနတယ္ဆိုရင္ 8K/30fps Video ေတြကို ရိုက္ကူးႏိုင္တဲ့ ပထမဆံုး ဖုန္း ျဖစ္လာမွာပါ။ Nubia Red Magic 3 , Asus ZenFone 6 နဲ႔ ROG Phone 2 တို႔လို ဖုန္းေတြဟာ 8K ကို ရိုက္ကူးႏုိင္ေပမယ့္ အျမင့္ဆံုး အရည္အေသြးက 24fps သာ ရွိပါတယ္။

မၾကာခင္က ေၾကညာခဲ့တဲ့ Mi Mix Alpha ရဲ႕ 108MP Samsung Sensor ကေတာင္ 6K/30fps ကိုသာ အျမင့္ဆံုး ေထာက္ပံ့ေပးပါတယ္။ Xiaomi က 8K/30fps ကို ဖန္တီးဖို႔ ဆိုရင္ သူ႔ကို ေထာက္ပံ့ႏုိင္မယ့္ SoC နဲ႔ ဘက္ထရီ အကုန္ျမန္တဲ့ ျပႆနာကို ေျဖရွင္းရမွာျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Xiaomi က 120Hz Display နဲ့ 5X Telephoto Camera ပါတဲ့ ဖုန်းကို ဖန်တီးနေ

XDA Developers က MIUI 11 Beta မှာ 120Hz Display Settings ပြောင်းနိုင်တဲ့ Option ကို တွေ့ရတယ်လို့ ပြောပါတယ်။ အဲဒီအတွက် Xiaomi ဟာ အလန်းစား Refresh Rate ပါတဲ့ ဖုန်းကို ဖန်တီးနေတယ်လို့ ထင်ရပါတယ်။ လက်ရှိမှာ ဒီလောက်မြင့်တဲ့ Refresh Rate ကို Razer Phone နဲ့ Asus ROG Phone II တို့လို Gaming Phones တွေမှာသာ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် Xiaomi ဟာ နောက်ထုတ်မယ့် ဖုန်းမှာ အလန်းစား Telephoto Lens ကိုပါ ထည့်သွင်းထားနိုင်ပါတယ်။ MIUI 11 ရဲ့ Camera App မှာ 5x Optical Zoom ထောက်ပံ့တဲ့ Telephoto Sensor အသစ်ပါလာမယ့် အထောက်အထားတွေတွေ့ရပါတယ်။ ဒါ့အပြင် Ultra-telephoto Mode က 50x Digital Zoom ကိုပါ ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

မကြာခင်ကလည်း XDA Developers မှ ဂုရုတွေက 30fps နဲ့ 8K Video တွေကို ရိုက်ကူးနိုင်တဲ့ ဖုန်းကို Xiaomi ဖန်တီးနေတဲ့ အထောက်အထားတွေတွေ့ရတယ်လို့ ပြောပါတယ်။ MIUI 11 Beta ကို အဆင့်မြှင့်ပြီးနောက် MIUI Camera App ရဲ့ ကုဒ်တွေကို လေ့လာကြည့်တဲ့ အခါမှာ 7,680×4,320 Resolution or 8K Video at 30fps ကို ထောက်ပံ့ထားတာကိုတွေ့ရပါတယ်။ XDA-Developers က MIUI Camera App ရဲ့ Mi Logo ဘေးမှ “8K 30fps” စာသားကို ပြသထားတဲ့ ဓါတ်ပုံကို အစဆွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

Xiaomi သာ အဲဒီဖုန်းကို တကယ် ဖန်တီးနေတယ်ဆိုရင် 8K/30fps Video တွေကို ရိုက်ကူးနိုင်တဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ Nubia Red Magic 3 , Asus ZenFone 6 နဲ့ ROG Phone 2 တို့လို ဖုန်းတွေဟာ 8K ကို ရိုက်ကူးနိုင်ပေမယ့် အမြင့်ဆုံး အရည်အသွေးက 24fps သာ ရှိပါတယ်။

မကြာခင်က ကြေညာခဲ့တဲ့ Mi Mix Alpha ရဲ့ 108MP Samsung Sensor ကတောင် 6K/30fps ကိုသာ အမြင့်ဆုံး ထောက်ပံ့ပေးပါတယ်။ Xiaomi က 8K/30fps ကို ဖန်တီးဖို့ ဆိုရင် သူ့ကို ထောက်ပံ့နိုင်မယ့် SoC နဲ့ ဘက်ထရီ အကုန်မြန်တဲ့ ပြဿနာကို ဖြေရှင်းရမှာဖြစ်ပါတယ်။

Ref : gsmarena