[Unicode]

Xiaomi ရဲ့ ပူးတွဲတည်ထောင်သူနဲ့ စမတ်ဖုန်းဌာနရဲ့ ဥက္ကဌ Lin Bin က အသစ်စက်စက်ကြေညာထားတဲ့ Snapdragon 865 SoC ပါတဲ့ ဖုန်း ၁ လုံးကို ထုတ်လုပ်ရောင်းချမယ်လို့ ပြောထားပါတယ်။ အခုတော့ စီအီးအို Lei Jun က SD865 ပါတဲ့ Xiaomi Mi 10 ကို ၂၀၂၀ ပထမ ၃ လအတွင်းရောင်းမယ်လို့ အတည်ပြုလိုက်ပါတယ်။ သူက ကုမ္ပဏီရဲ့ စွမ်းရည်မြင့် ဖုန်းတွေမှာ Qualcomm ရဲ့ စွမ်းရည်မြင့် Chipset တွေသုံးတဲ့ အစဉ်အလာကို ဆက်ထိန်းထားမယ်လို့ ပြောပါတယ်။ Mi Mix 2S မှာ SD845 နဲ့ Mi 9 မှာ SD855 တွေ ထည့်သွင်းထားပါတယ်။

Qualcomm ရဲ့ Snapdragon Chipset တွေ ထည့်သွင်းထားတဲ့ ဖုန်း အလုံးရေ ၄၂၇ သန်းကျော် ရောင်းချပြီးပြီလို့ Xiaomi က ပြောပါတယ်။ Lei Jun က ဒီနှစ်မှာ 5G ဖုန်း အနည်းဆုံး ၁၀ လုံးထုတ်လုပ်မယ်လို့ အတည်ပြုထားပြီးပါပြီ။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ Mi 10 မှာ ၆.၅ လက်မ OLED မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ပါလာမှာပါ။ 5G ပါတဲ့ SD865 မောင်းနှင်ထားမှာပါ။ 12GB RAM ထည့်သွင်းထားပြီး 128GB , 256GB နဲ့ 512GB Storage တွေ ထုတ်လုပ်ထားမှာပါ။ 108MP Main , 48MP , 12MP နဲ့ 8MP ကင်မရာတွေကို အနောက်ဘက်မှာ တပ်ဆင်ထားမှာပါ။ 48W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ပါလာနိုင်ပါတယ်။ Pro Version မှာ ဒီထက် ပိုလန်းတဲ့ 65W ပါလာမှာပါ။ Android 10 အခြေပြု MIUI 11 မောင်းနှင်ထားမှာပါ။

Ref : gizmochina

[Zawgyi]

Xiaomi Mi 10 ကို ၂၀၂၀ ပထမ ၃ လအတြင္းေရာင္းမယ္လို႔ ေျပာ

Xiaomi ရဲ႕ ပူးတြဲတည္ေထာင္သူနဲ႔ စမတ္ဖုန္းဌာနရဲ႕ ဥကၠဌ Lin Bin က အသစ္စက္စက္ေၾကညာထားတဲ့ Snapdragon 865 SoC ပါတဲ့ ဖုန္း ၁ လုံးကို ထုတ္လုပ္ေရာင္းခ်မယ္လို႔ ေျပာထားပါတယ္။ အခုေတာ့ စီအီးအို Lei Jun က SD865 ပါတဲ့ Xiaomi Mi 10 ကို ၂၀၂၀ ပထမ ၃ လအတြင္းေရာင္းမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ သူက ကုမၸဏီရဲ႕ စြမ္းရည္ျမင့္ ဖုန္းေတြမွာ Qualcomm ရဲ႕ စြမ္းရည္ျမင့္ Chipset ေတြသုံးတဲ့ အစဥ္အလာကို ဆက္ထိန္းထားမယ္လို႔ ေျပာပါတယ္။ Mi Mix 2S မွာ SD845 နဲ႔ Mi 9 မွာ SD855 ေတြ ထည့္သြင္းထားပါတယ္။

Qualcomm ရဲ႕ Snapdragon Chipset ေတြ ထည့္သြင္းထားတဲ့ ဖုန္း အလုံးေရ ၄၂၇ သန္းေက်ာ္ ေရာင္းခ်ၿပီးၿပီလို႔ Xiaomi က ေျပာပါတယ္။ Lei Jun က ဒီႏွစ္မွာ 5G ဖုန္း အနည္းဆုံး ၁၀ လုံးထုတ္လုပ္မယ္လို႔ အတည္ျပဳထားၿပီးပါၿပီ။

ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းေတြအရ Mi 10 မွာ ၆.၅ လက္မ OLED မ်က္ႏွာျပင္ တပ္ဆင္ထားၿပီး 90Hz Refresh Rate ပါလာမွာပါ။ 5G ပါတဲ့ SD865 ေမာင္းႏွင္ထားမွာပါ။ 12GB RAM ထည့္သြင္းထားၿပီး 128GB , 256GB နဲ႔ 512GB Storage ေတြ ထုတ္လုပ္ထားမွာပါ။ 108MP Main , 48MP , 12MP နဲ႔ 8MP ကင္မရာေတြကို အေနာက္ဘက္မွာ တပ္ဆင္ထားမွာပါ။ 48W Fast Charging ပါတဲ့ 4,500mAh ဘက္ထရီ ပါလာႏိုင္ပါတယ္။ Pro Version မွာ ဒီထက္ ပိုလန္းတဲ့ 65W ပါလာမွာပါ။ Android 10 အေျချပဳ MIUI 11 ေမာင္းႏွင္ထားမွာပါ။

Ref : gizmochina