[Zawgyi]

Xiaomi က တရုတ္မွာ အလန္းစား အမိုက္စား  Mi TV 5 Pro ကို ေၾကညာလိုက္ပါတယ္။ ၅၅ လက္မ၊ ၆၅ လက္မနဲ႔ ၇၅ လက္မေတြ ထုတ္လုပ္ေပးထားပါတယ္။ အားလံုးမွာ HDR10+ , MEMC Motion Compensation , 8K Decoding , 108 Percent NTSC Color Gamut ေတြပါတဲ့ Quantum Dot QLED Display တပ္ဆင္ထားပါတယ္။ Quantum Dot Display နည္းပညာက အလန္းဆံုးနဲ႔ ေစ်းအေျမာက္ဆံုး ျဖစ္ၿပီး Xiaomi က တန္ဖိုးႀကီး Smart TV နယ္ပယ္ကို ၀င္ေရာက္လာပါၿပီ။

ပံုရိပ္ေတြကို အေသးစိတ္ ေခ်ာမြတ္ ၾကည္လင္ျပတ္သားေအာင္ ျပသေပးတဲ့ MEMC Dynamic Image-quality Compensation နည္းပညာပါတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ 12nm Amlogic T972 Chipset ေမာင္းႏွင္ထားၿပီး 8K Video Recording ကို ေထာက္ပံ့ပါတယ္။ အရင္မ်ိဳးဆက္ CPU ထက္ ၆၃ ရာခုိင္ႏႈန္း ပိုျမန္ပါတယ္။

Mi TV 5 Pro မွာ 4GB RAM နဲ႔ 64GB Storage ပါတဲ့အတြက္ လွ်င္ျမန္သြက္လက္ပါတယ္။ Xiaomi ရဲ႕ အရင္ Smart TV ေတြမွာလိုပဲ PatchWall UI ကို သံုးထားပါတယ္။ Dolby Audio , DTS HD Sound ေတြပါတဲ့အတြက္ အသံထြက္က လန္ထြက္ေနမွာပါ။

Mi TV 5 Pro ရဲ႕ အထူက ၅.၈ မီလီမီတာပဲရွိၿပီး ၈.၁ မီလီမီတာ ထူတဲ့ iPhone 11 ထက္ေတာင္ ပါးပါေသးတယ္။ မ်က္ႏွာျပင္ပတ္လည္က ေဘာင္ေတြက Mi TV 4 ထက္ ၄၇.၁ ရာခုိင္ႏႈန္းေတာင္ ပိုပါးသြားၿပီး ၁.၈ မီလီမီတာပဲရွိပါတယ္။ အလူမီနီယမ္နဲ႔ တည္ေဆာက္ထားၿပီး မူလီမပါတဲ့ ဒီဇိုင္းက ဆန္းပါတယ္။ ၅၅ လက္မ ေမာ္ဒယ္ကို ၃,၆၉၉ ယြမ္၊ ၆၅ လက္မကို ၄,၉၉၉ ယြမ္နဲ႔ ၇၅ လက္မကို ၉,၉၉၉ ယြမ္ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၈၀၀,၀၀၀ ၊ ၁,၀၈၀,၀၀၀ နဲ႔ ၂,၁၆၀,၀၀၀ ေလာက္ အသီးသီး က်သင့္ပါတယ္။

Ref : gizmochina

[Unicode]

Quantum Dot 8K Display ပါတဲ့ Xiaomi Mi TV 5 Pro ကို ကြေညာ

Xiaomi က တရုတ်မှာ အလန်းစား အမိုက်စား Mi TV 5 Pro ကို ကြေညာလိုက်ပါတယ်။ ၅၅ လက်မ၊ ၆၅ လက်မနဲ့ ၇၅ လက်မတွေ ထုတ်လုပ်ပေးထားပါတယ်။ အားလုံးမှာ HDR10+ , MEMC Motion Compensation , 8K Decoding , 108 Percent NTSC Color Gamut တွေပါတဲ့ Quantum Dot QLED Display တပ်ဆင်ထားပါတယ်။ Quantum Dot Display နည်းပညာက အလန်းဆုံးနဲ့ ဈေးအမြောက်ဆုံး ဖြစ်ပြီး Xiaomi က တန်ဖိုးကြီး Smart TV နယ်ပယ်ကို ဝင်ရောက်လာပါပြီ။

ပုံရိပ်တွေကို အသေးစိတ် ချောမွတ် ကြည်လင်ပြတ်သားအောင် ပြသပေးတဲ့ MEMC Dynamic Image-quality Compensation နည်းပညာပါတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ 12nm Amlogic T972 Chipset မောင်းနှင်ထားပြီး 8K Video Recording ကို ထောက်ပံ့ပါတယ်။ အရင်မျိုးဆက် CPU ထက် ၆၃ ရာခိုင်နှုန်း ပိုမြန်ပါတယ်။

Mi TV 5 Pro မှာ 4GB RAM နဲ့ 64GB Storage ပါတဲ့အတွက် လျှင်မြန်သွက်လက်ပါတယ်။ Xiaomi ရဲ့ အရင် Smart TV တွေမှာလိုပဲ PatchWall UI ကို သုံးထားပါတယ်။ Dolby Audio , DTS HD Sound တွေပါတဲ့အတွက် အသံထွက်က လန်ထွက်နေမှာပါ။

Mi TV 5 Pro ရဲ့ အထူက ၅.၈ မီလီမီတာပဲရှိပြီး ၈.၁ မီလီမီတာ ထူတဲ့ iPhone 11 ထက်တောင် ပါးပါသေးတယ်။ မျက်နှာပြင်ပတ်လည်က ဘောင်တွေက Mi TV 4 ထက် ၄၇.၁ ရာခိုင်နှုန်းတောင် ပိုပါးသွားပြီး ၁.၈ မီလီမီတာပဲရှိပါတယ်။ အလူမီနီယမ်နဲ့ တည်ဆောက်ထားပြီး မူလီမပါတဲ့ ဒီဇိုင်းက ဆန်းပါတယ်။ ၅၅ လက်မ မော်ဒယ်ကို ၃,၆၉၉ ယွမ်၊ ၆၅ လက်မကို ၄,၉၉၉ ယွမ်နဲ့ ၇၅ လက်မကို ၉,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၈၀၀,၀၀၀ ၊ ၁,၀၈၀,၀၀၀ နဲ့ ၂,၁၆၀,၀၀၀ လောက် အသီးသီး ကျသင့်ပါတယ်။

Ref : gizmochina