[Unicode]

Xiaomi က ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီ ဖြစ်တဲ့ Mi Watch ကို မကြာခင်က ချပြခဲ့ပါတယ်။ အခုတော့ Mi Watch Forbidden City Edition ကို ကြေညာလိုက်ပြီး ကုမ္ပဏီ ရဲ့ Crowdfunding Platform မှာ ဝယ်ယူနိုင်ပါပြီ။ ၁,၆၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃၆၀,၀၀၀ လောက်ရှိပါတယ်။ Crowdfunding Campaign ကနေ ဝယ်ရင် လျှော့ဈေး ၁,၂၉၉ ယွမ် နဲ့ရမှာ ဖြစ်ပြီး မြန်မာငွေ ၂၇၀,၀၀၀ လောက်ပဲကျမှာပါ။ Youpin ကနေ မှာယူနိုင်ပြီ ဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ပို့ဆောင်ပေးမှာပါ။

စမတ်နာရီဟာ စက်ဝိုင်းပုံ ဖြစ်ပြီး ၁.၃ လက်မ OLED Anti-scratch မျက်နှာပြင် ပါပါတယ်။ Screen-to-body Ratio မှာ ၇၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ 316L Stainless Steel နဲ့ တည်ဆောက်ထားပြီး Forbidden City Dial နဲ့ ဒီဇိုင်းဆန်းသစ်ထားပါတယ်။ Smart Voice Assistant ကို အသံနဲ့ ခိုင်းစေနိုင်တာက မိုက်ပါတယ်။ လက်ပတ်ကို အီတလီက တင်သွင်းတဲ့ သားရေနဲ့ ပြုလုပ်ထားတာကြောင့် ဒီဇိုင်းက အလန်းစားပါ။ လက်ပတ်ကြိုးအတွက် အစိမ်းနဲ့ အနက်ရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Mi Watch Forbidden City Edition မှာ Mobile Push Notification နဲ့ Quick Notification တွေကို ထောက်ပံ့ပါတယ်။ QR Code ကနေ ငွေပေးချေတာတွေ ပြုလုပ်နိုင်ပြီး ကိုယ်လက်လှုပ်ရှားမှုတွေကို တိုင်းတာပေးနိုင်ပါတယ်။ NFC , GPS နဲ့ ၂၄ နာရီ နှလုံး စောင့်ကြည့်တဲ့ လုပ်ဆောင်ချက်တွေ ထည့်ထားပါတယ်။ ရေကူးရင်တောင် ဝတ်ဆင်နိုင်တဲ့ စံနှုန်းကလည်း လန်းပါတယ်။

စမတ်နာရီမှာ Bluetooth 4.1 နဲ့ Wi-Fi 802.11 b/g/g/n စတဲ့ ဆက်သွယ်မှုတွေကို ထောက်ပံ့ပါတယ်။ 512MB RAM နဲ့ 4GB Storage တွေ ပါပါတယ်။ Google WearOS မောင်းနှင်ထားပြီး WeChat, QQ, Keep နဲ့ Netease Cloud Music တွေ ထည့်ထားပါတယ်။

Ref : gizmochina

[Zawgyi]

Xiaomi က Mi Watch Forbidden City Edition ကို ကြေညာ





Ref : gizmochina