[Zawgyi]

Android ဖုန္းေတြမွာ ေရပန္းစားၿပီးလူႀကိဳက္မ်ားတဲ့ Browser ေတြလို႔ေျပာလိုက္တာနဲ႔ Google, Chrome, UC, Firefox စတာေတြကိုပဲ ၫႊန္ျပၾကပါလိမ့္မယ္။ တကယ္လည္း အဆင္ေျပေျပနဲ႔ ျမန္ျမန္ဆန္ဆန္ သုံးႏိုင္ၾကတဲ့အတြက္ အခုအခ်ိန္ထိ Android ဖုန္းအေတာ္မ်ားမ်ားမွာ ရွိေနတတ္ၾကတာလည္း ျဖစ္ပါတယ္။

Xiaomi ကေတာ့ သူ႔ရဲ႕ Mint browser ဟာ ဖုန္းရဲ႕ Storage နဲ႔ Memory သုံးစြဲမႈကို အထူးပဲ ေလ်ာ့က်ေစၿပီး လွ်င္ျမန္သြက္လက္တယ္လို႔ေတာ့ ႂကြားလုံးထုတ္ထားပါတယ္။ Mint browser ရဲ႕ မူလဖိုင္အ႐ြယ္အစားကလည္း 10MB ဝန္းက်င္သာ ရွိပါတယ္။ Tab ေတြ အမ်ားႀကီးဖြင့္ၿပီးသုံးႏိုင္သလို Incognito Mode, Reading Mode နဲ႔ Voice Search လို Feature ေတြလည္း ပါဝင္ပါတယ္။

Mint browser ရဲ႕ ေနာက္ထပ္အားသာခ်က္တစ္ခုက ေပါ့ပါးသြက္လက္တာေၾကာင့္ Low-range ဖုန္းေတြ၊ တစ္နည္းအားျဖင့္ စြမ္းေဆာင္ရည္ နိမ့္တဲ့ဖုန္းေတြမွာ သုံးရတာ အဆင္ေျပတယ္လို႔ ဆိုပါတယ္။ အနိမ့္ဖုန္းေတြမွာ သုံးစြဲရေကာင္းမြန္လို႔ နာမည္ရေနတဲ့ Opera Mini လိုပဲလို႔ သိရပါတယ္။ Mint မွာ အခုေလာေလာဆယ္ေတာ့ ေၾကာ္ျငာမပါဝင္ေသးေပမယ့္ ေနာင္တစ္ခ်ိန္မွာေတာ့ ပါဝင္ေကာင္း ပါဝင္လာႏိုင္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Xiaomi ဟာ IDC သတ္မွတ္ခ်က္ အဆင့္ ၄ ေနရာမွာရွိေနတာလည္း ျဖစ္ပါတယ္။ IDC စစ္တမ္းအရ ၂၀၁၈ တတိယသုံးလပတ္ျဖစ္တဲ့ ဇူလိုင္လ၊ ၾသဂုတ္နဲ႔ စက္တင္ဘာလေတြမွာ ဖုန္းအလုံးေရေပါင္း ၃၄ သန္းအထိ ေရာင္းခ်ခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။ ဒီအထဲမွာ Low-range နဲ႔ Mid-range ဖုန္းေတြက ပမာဏ အမ်ားဆုံးျဖစ္ပါတယ္။

 

Ref: Androidpoliece

 

[Unicode]

Android ဖုန်းတွေမှာ ရေပန်းစားပြီးလူကြိုက်များတဲ့ Browser တွေလို့ပြောလိုက်တာနဲ့ Google, Chrome, UC, Firefox စတာတွေကိုပဲ ညွှန်ပြကြပါလိမ့်မယ်။ တကယ်လည်း အဆင်ပြေပြေနဲ့ မြန်မြန်ဆန်ဆန် သုံးနိုင်ကြတဲ့အတွက် အခုအချိန်ထိ Android ဖုန်းအတော်များများမှာ ရှိနေတတ်ကြတာလည်း ဖြစ်ပါတယ်။

Xiaomi ကတော့ သူ့ရဲ့ Mint browser ဟာ ဖုန်းရဲ့ Storage နဲ့ Memory သုံးစွဲမှုကို အထူးပဲ လျော့ကျစေပြီး လျှင်မြန်သွက်လက်တယ်လို့တော့ ကြွားလုံးထုတ်ထားပါတယ်။ Mint browser ရဲ့ မူလဖိုင်အရွယ်အစားကလည်း 10MB ဝန်းကျင်သာ ရှိပါတယ်။ Tab တွေ အများကြီးဖွင့်ပြီးသုံးနိုင်သလို Incognito Mode, Reading Mode နဲ့ Voice Search လို Feature တွေလည်း ပါဝင်ပါတယ်။

Mint browser ရဲ့ နောက်ထပ်အားသာချက်တစ်ခုက ပေါ့ပါးသွက်လက်တာကြောင့် Low-range ဖုန်းတွေ၊ တစ်နည်းအားဖြင့် စွမ်းဆောင်ရည် နိမ့်တဲ့ဖုန်းတွေမှာ သုံးရတာ အဆင်ပြေတယ်လို့ ဆိုပါတယ်။ အနိမ့်ဖုန်းတွေမှာ သုံးစွဲရကောင်းမွန်လို့ နာမည်ရနေတဲ့ Opera Mini လိုပဲလို့ သိရပါတယ်။ Mint မှာ အခုလောလောဆယ်တော့ ကြော်ငြာမပါဝင်သေးပေမယ့် နောင်တစ်ချိန်မှာတော့ ပါဝင်ကောင်း ပါဝင်လာနိုင်ပါတယ်။

လက်ရှိအချိန်မှာတော့ Xiaomi ဟာ IDC သတ်မှတ်ချက် အဆင့် ၄ နေရာမှာရှိနေတာလည်း ဖြစ်ပါတယ်။ IDC စစ်တမ်းအရ ၂၀၁၈ တတိယသုံးလပတ်ဖြစ်တဲ့ ဇူလိုင်လ၊ သြဂုတ်နဲ့ စက်တင်ဘာလတွေမှာ ဖုန်းအလုံးရေပေါင်း ၃၄ သန်းအထိ ရောင်းချခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒီအထဲမှာ Low-range နဲ့ Mid-range ဖုန်းတွေက ပမာဏ အများဆုံးဖြစ်ပါတယ်။

 

Ref: Androidpoliece