Zawgyi Font Version

Xiaomi ကေန Xiaomi Note Book Lite, Mi 8 Lite နဲ႔ တစ္ျခား Xiaomi Product ေတြကို မၾကာေသးခင္ကမွ မိတ္ဆက္ျပသခဲ့ပါတယ္။ အသစ္မိတ္ဆက္ျပတဲ့ ပစၥည္းေတြထဲမွာ Type C Earphones အသစ္ပါဝင္ျပီး Apple ရဲ႕ Earpods လိုမ်ိဳးပဲ နားအတြင္းထဲထိထည့္ရတာမဟုတ္ပဲ နားအေပါက္ဝေလးမွာပဲ တပ္ဆက္ျပီး နားေထာင္ရတဲ့ Half in-ear အမ်ိဳးအစားပါ။

အဆိုပါ Earphones ဟာ Type-C Audio Support ေပးတဲ့ဘယ္ USB Type C Phone နဲ႔မဆို တြဲဘက္အသံုးျပဳႏိုင္တယ္လို႔သိရပါတယ္။ (၁.၅) မီတာ အရွည္ရွိတဲ့ Soft TPE ဆိုတဲ့ အၾကမ္းခံတဲ့ ပစၥည္းတစ္မ်ိဳးနဲ႔ Earphones ရဲ႕ ဝါယာၾကိဳးေတြကို ရစ္ပတ္ေပးထားတာျဖစ္ျပီး အေလးခ်ိန္ကေတာ့ (၁၅) ဂရမ္ပဲေလးပါတယ္။ အဆိုပါ Earphones အသစ္ဟာ ကိုယ္တြယ္ထိေတြ႔ရတာ အရမ္းႏူးညံ့ျပီး Button သံုးခုပါ ပါတယ္။ ဖုန္းလက္ခံေျပာဆိုတာ ဖုန္းခ်တာ သီခ်င္းဖြင့္တာေတြ သီခ်င္းရပ္တာေတြ သီခ်င္းေက်ာ္တာေတြနဲ႔ အသံအတိုးအက်ယ္ပါ ထိန္းခ်ဳပ္လို႔ရတဲ့ Button သံုးခုေၾကာင့္ အသံုးျပဳရအရမ္းအဆင္ေျပေစပါတယ္။

Xiaomi ရဲ႕ အဆိုအရ အဆိုပါ Earphones ဟာ ဂ်ပန္ႏိုင္ငံ ရဲ႕ Audio Association ၾကီးရဲ႕ Hi Res Certificate ရရွိျပီးျဖစ္လို႔ အသံထြက္အရည္အေသြးပိုင္းမွာေတာ့ ေျပာစရာမလိုေအာင္ေကာင္းပါတယ္။ Built-in DAC တစ္ခုပါဝင္တယ္လို႔ခန္႔မွန္းရျပီး OnePlus ကအသစ္ထုတ္မယ့္ Bullets Type C Earphones နဲ႔ ေစ်းႏွုန္းခ်င္းတူတာေၾကာင့္ OnePlus Type C Earphones နဲ႔ အဓိက ျပိဳင္ဘက္ျဖစ္လာႏိုင္ပါတယ္။

Xiaomi ရဲ႕ေနာက္ထြက္ဖုန္းေတြဟာ USB Type C ပါဝင္လာျပီး 3.5mm Headphone Jack ကိုျဖဳတ္လာတာေၾကာင့္ Xiaomi ကေနျပီး 3.5mm Headphones ေတြမထုတ္ေတာ့ပဲ Type C Earphones, Headphones ေတြပဲ ထုတ္လုပ္လာႏိုင္ပါတယ္။ အခု ေနာက္ဆံုးထုတ္လိုက္တဲ့ Type C Earphones ကေတာ့ Xiaomi ရဲဲ႕ Budget Type C Earphones ေစ်းကြက္အတြက္ပထမဆံုးေျခလွမ္းျဖစ္ႏိုင္ပါတယ္။

Xiaomi ကေန Type C Earphones တစ္ခု ထုတ္ထားေသးေပမယ့္ ထင္သေလာက္ ေအာင္ျမင္မွုမရခဲ့ပါဘူး။ အခု Type C Earphones ကိုေတာ့ ေစ်းသက္သာျပီး တပ္ဆင္ရလြယ္ကူတဲ့အတြက္ လူၾကိဳက္မ်ားလာမယ္လို႔ေတာ့ထင္ရပါတယ္။ အဆိုပါ Xiaomi Type C Earphones ေတြကို တရုတ္ျပည္မွာစတင္ေရာင္းျပီး မၾကာခင္မွာပဲ ျပည္တြင္းမွာ ရရွိႏိုင္ေတာ့မွာမို႔လို႔ Audio Crazy ေတြအတြက္ သတင္းေကာင္းပါးလိုက္ရပါတယ္။

Ref: Gizchina

Unicode Version

Xiaomi ကနေ Xiaomi Note Book Lite, Mi 8 Lite နဲ့ တစ်ခြား Xiaomi Product တွေကို မကြာသေးခင်ကမှ မိတ်ဆက်ပြသခဲ့ပါတယ်။ အသစ်မိတ်ဆက်ပြတဲ့ ပစ္စည်းတွေထဲမှာ Type C Earphones အသစ်ပါဝင်ပြီး Apple ရဲ့ Earpods လိုမျိုးပဲ နားအတွင်းထဲထိထည့်ရတာမဟုတ်ပဲ နားအပေါက်ဝလေးမှာပဲ တပ်ဆက်ပြီး နားထောင်ရတဲ့ Half in-ear အမျိုးအစားပါ။

အဆိုပါ Earphones ဟာ Type-C Audio Support ပေးတဲ့ဘယ် USB Type C Phone နဲ့မဆို တွဲဘက်အသုံးပြုနိုင်တယ်လို့သိရပါတယ်။ (၁.၅) မီတာ အရှည်ရှိတဲ့ Soft TPE ဆိုတဲ့ အကြမ်းခံတဲ့ ပစ္စည်းတစ်မျိုးနဲ့ Earphones ရဲ့ ဝါယာကြိုးတွေကို ရစ်ပတ်ပေးထားတာဖြစ်ပြီး အလေးချိန်ကတော့ (၁၅) ဂရမ်ပဲလေးပါတယ်။ အဆိုပါ Earphones အသစ်ဟာ ကိုယ်တွယ်ထိတွေ့ရတာ အရမ်းနူးညံ့ပြီး Button သုံးခုပါ ပါတယ်။ ဖုန်းလက်ခံပြောဆိုတာ ဖုန်းချတာ သီချင်းဖွင့်တာတွေ သီချင်းရပ်တာတွေ သီချင်းကျော်တာတွေနဲ့ အသံအတိုးအကျယ်ပါ ထိန်းချုပ်လို့ရတဲ့ Button သုံးခုကြောင့် အသုံးပြုရအရမ်းအဆင်ပြေစေပါတယ်။

Xiaomi ရဲ့ အဆိုအရ အဆိုပါ Earphones ဟာ ဂျပန်နိုင်ငံ ရဲ့ Audio Association ကြီးရဲ့ Hi Res Certificate ရရှိပြီးဖြစ်လို့ အသံထွက်အရည်အသွေးပိုင်းမှာတော့ ပြောစရာမလိုအောင်ကောင်းပါတယ်။ Built-in DAC တစ်ခုပါဝင်တယ်လို့ခန့်မှန်းရပြီး OnePlus ကအသစ်ထုတ်မယ့် Bullets Type C Earphones နဲ့ ဈေးနှုန်းချင်းတူတာကြောင့် OnePlus Type C Earphones နဲ့ အဓိက ပြိုင်ဘက်ဖြစ်လာနိုင်ပါတယ်။

Xiaomi ရဲ့နောက်ထွက်ဖုန်းတွေဟာ USB Type C ပါဝင်လာပြီး 3.5mm Headphone Jack ကိုဖြုတ်လာတာကြောင့် Xiaomi ကနေပြီး 3.5mm Headphones တွေမထုတ်တော့ပဲ Type C Earphones, Headphones တွေပဲ ထုတ်လုပ်လာနိုင်ပါတယ်။ အခု နောက်ဆုံးထုတ်လိုက်တဲ့ Type C Earphones ကတော့ Xiaomi ရဲ့ Budget Type C Earphones ဈေးကွက်အတွက်ပထမဆုံးခြေလှမ်းဖြစ်နိုင်ပါတယ်။

Xiaomi ကနေ Type C Earphones တစ်ခု ထုတ်ထားသေးပေမယ့် ထင်သလောက် အောင်မြင်မှုမရခဲ့ပါဘူး။ အခု Type C Earphones ကိုတော့ ဈေးသက်သာပြီး တပ်ဆင်ရလွယ်ကူတဲ့အတွက် လူကြိုက်များလာမယ်လို့တော့ထင်ရပါတယ်။ အဆိုပါ Xiaomi Type C Earphones တွေကို တရုတ်ပြည်မှာစတင်ရောင်းပြီး မကြာခင်မှာပဲ ပြည်တွင်းမှာ ရရှိနိုင်တော့မှာမို့လို့ Audio Crazy တွေအတွက် သတင်းကောင်းပါးလိုက်ရပါတယ်။

Ref: Gizchina