[Unicode]

Xiaomi နောက်ထုတ်မယ့်စွမ်းရည်မြင့် Mi Series ရဲ့ သတင်းတွေထွက်လာနေပါပြီ။ ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ ဥက္ကဌ လင်ဘင်က Mi 10 Pro ကိုပါ ထုတ်လုပ်ရောင်းချမယ်လို့ အတည်ပြုထားပါတယ်။ ထုံးစံအတိုင်း Mi 10 ကိုလည်း ထုတ်လုပ်ပေးမှာပါ။ အခုတော့ ဝီဘိုကနေ Mi 10 မှာ 4,500 ကနေ 4,800mAh ကြားရှိ ဘက်ထရီ ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။

မကြာခင်ကလည်း Mi 10 Pro မှာ ဘက်ထရီကို ၃၅ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ Xiaomi ရဲ့ နောက်မျိုးဆက် အားသွင်းနည်းပညာဟာ စိတ်ဝင်စားစရာကောင်းနေပြီး တရုတ်မှာ ဒီနှစ် အစောပိုင်းက မှတ်ပုံတင်ထားတဲ့ Xiaomi 66W Charger နဲ့ သက်ဆိုင်နေမယ်ထင်ပါတယ်။

စွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့ ပမာဏက လက်ရှိ အားသွင်း ဘုရင် OPPO Reno Ace ရဲ့ 65W Charger ထက် ပိုလန်းသွားမှာပါ။ OPPO Reno Ace က 4,000mAh ဘက်ထရီကို ၂၈ မိနစ်အတွင်း အားအပြည့်ဖြည့်ပေးနိုင်ပြီး Xiaomi ရဲ့ ၃၅ မိနစ်ထက် နည်းနေပါတယ်။ ဒါပေမယ့် Mi 10 Pro ရဲ့ ဘက်ထရီ ပမာဏကို မသိရသေးပါဘူး။

လက်ရှိမှာ ဘာမှ သေသေချာချာ မပြောနိုင်သေးပါဘူး။ Xiaomi ရဲ့ Mi 10 Series , 66W Wired Charging နဲ့ 50W Wireless Charging တို့ကို ရင်ခုန်စွာ စောင့်ကြည့်ရမှာပါ။ 50W Wireless Charging နည်းပညာကို လာမယ့်နှစ် ဒုတိယ နှစ်ဝက်မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena

[Zawgyi]

Xiaomi Mi 10 မွာ 4,800mAh ဘက္ထရီ ပါလာႏိုင္

Xiaomi ေနာက္ထုတ္မယ့္စြမ္းရည္ျမင့္ Mi Series ရဲ႕ သတင္းေတြထြက္လာေနပါၿပီ။ ကုမၸဏီရဲ႕ ပူးတြဲတည္ေထာင္သူ ဥကၠဌ လင္ဘင္က Mi 10 Pro ကိုပါ ထုတ္လုပ္ေရာင္းခ်မယ္လို႔ အတည္ျပဳထားပါတယ္။ ထံုးစံအတိုင္း Mi 10 ကိုလည္း ထုတ္လုပ္ေပးမွာပါ။ အခုေတာ့ ၀ီဘိုကေန Mi 10 မွာ 4,500 ကေန 4,800mAh ၾကားရွိ ဘက္ထရီ ထည့္သြင္းထားမယ္လို႔ သတင္းထြက္လာပါတယ္။

မၾကာခင္ကလည္း Mi 10 Pro မွာ ဘက္ထရီကို ၃၅ မိနစ္အတြင္း ၀ ကေန ၁၀၀ ရာခုိင္ႏႈန္း အားသြင္းေပးႏုိင္တယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ Xiaomi ရဲ႕ ေနာက္မ်ိဳးဆက္ အားသြင္းနည္းပညာဟာ စိတ္၀င္စားစရာေကာင္းေနၿပီး တရုတ္မွာ ဒီႏွစ္ အေစာပိုင္းက မွတ္ပံုတင္ထားတဲ့ Xiaomi 66W Charger နဲ႔ သက္ဆိုင္ေနမယ္ထင္ပါတယ္။

စြမ္းအင္ ထုတ္လုပ္ေပးႏုိင္တဲ့ ပမာဏက လက္ရွိ အားသြင္း ဘုရင္ OPPO Reno Ace ရဲ႕ 65W Charger ထက္ ပိုလန္းသြားမွာပါ။ OPPO Reno Ace က 4,000mAh ဘက္ထရီကို ၂၈ မိနစ္အတြင္း အားအျပည့္ျဖည့္ေပးႏုိင္ၿပီး Xiaomi ရဲ႕ ၃၅ မိနစ္ထက္ နည္းေနပါတယ္။ ဒါေပမယ့္ Mi 10 Pro ရဲ႕ ဘက္ထရီ ပမာဏကို မသိရေသးပါဘူး။

လက္ရွိမွာ ဘာမွ ေသေသခ်ာခ်ာ မေျပာႏုိင္ေသးပါဘူး။ Xiaomi ရဲ႕ Mi 10 Series , 66W Wired Charging နဲ႔ 50W Wireless Charging တို႔ကို ရင္ခုန္စြာ ေစာင့္ၾကည့္ရမွာပါ။ 50W Wireless Charging နည္းပညာကို လာမယ့္ႏွစ္ ဒုတိယ ႏွစ္၀က္မွာ ေၾကညာမယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : gsmarena