Xiaomi ကနေ ပြီးခဲ့တဲ့လတုန်းက တရုတ်နိုင်ငံမှာ AMD Ryzen 4000 Series Processor တွေကို အသုံးပြုထားတဲ့ RedmiBook Laptop အသစ်တွေကို မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ RedmiBook တွေထဲမှာ RedmiBook 16″ က Xiaomi ရဲ့ ယခင် Redmi Notebook တွေနဲ့မတူညီဘဲ Model အသစ်လို့တောင် ပြောလို့ရပါတယ်။

အခုလည်း Xiaomi ကနေ ပုံစံ Design ပြောင်းလဲထားတဲ့ Mi Notebook 14 Model အသစ်ကို လာမယ့်ဇွန်လ ၁၁ ရက်နေ့မှာ India နိုင်ငံမှာ မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။ အဆိုပါ Mi Notebook 14 ဟာဆိုရင် လက်ရှိရောင်းချနေတဲ့ Mi Notebook 13 အရွယ်အစားအတူတူကိုပဲ Screen-to-Body Ratio ပိုမြင့်မားလာအောင် Design ပြောင်းလဲထားတာဖြစ်မယ်လို့ ယူဆရပါတယ်။

လောလောဆယ်မှာ အဆိုပါ Mi Notebook 14 ရဲ့ Specification တွေပေါက်ကြားလာပြီဖြစ်ပြီး Model ၄ မျိုး မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အဆိုပါ Mi Notebook 14 တွေဟာ AMD Ryzen Processor အစား Intel 10th Gen Processor တွေကိုပဲ အသုံးပြုသွားမှာဖြစ်ပါတယ်။ 10th Gen Intel i5 နဲ့ i7 Processor ဆိုပြီးရွေးချယ်နိုင်မှာဖြစ်သလို Integrated Graphics သို့မဟုတ် Nvidia GeForce MX250 Graphics Card နဲ့ ရွေးချယ်နိုင်မယ်လို့လည်း သိရပါတယ်။

နောက်ထပ်လည်း Xiaomi ကနေ 10th Gen Intel i7 Processor ၊ Nvidia GeForce MX350 Graphics နဲ့ Screen-to-Body Ratio 91% အထိရှိမယ့် 14″ Full HD Display ကို အသုံးပြုထားမယ့် Mi Notebook 14 Horizon Edition ကိုလည်း သီးသန့်မိတ်ဆက်သွားဦးမယ်လို့ သိရပါတယ်။ ကျန်တဲ့ Mi Notebook 14 Model တွေလည်း 14″ Full HD Display ကို အသုံးပြုသွားမှာဖြစ်ပေမယ့် Screen-to-Body Ratio ဘယ်လောက်ရှိမလဲကတော့ မသိရှိရသေးပါဘူး။

ကျန်တဲ့ Specs တွေအနေနဲ့ကတော့ RAM 8GB နဲ့ 256GB သို့မဟုတ် 512GB SSD တွေပါဝင်မှာဖြစ်တယ်လို့ သိရပြီး Xiaomi ကတော့ Battery Life အနေနဲ့ ၁၀ နာရီအထိ ဆက်တိုက်အသုံးပြုနိုင်မယ်လို့ ပြောကြားထားပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ အဆိုပါ Mi Notebook 14 Laptop တွေဟာ 50,000 INR (မြန်မာငွေ ၉ သိန်းဝန်းကျင်) ကနေ စတင်ရောင်းလာနိုင်ပါတယ်။

Ref – Gizmo China