Zawgyi

Sony Xperia 1 စမတ္ဖုန္းဟာ လက္ရွိအခ်ိန္ထိ အေမရိကန္ေစ်းကြက္ကို တင္ပို႔ျခင္းမျပဳရေသးေပမယ့္ စိတ္ဝင္စားစရာအျဖစ္ Sony Xperia 2 ဟန္းဆက္ရဲ႕ Render ပုံရိပ္ေတြက အြန္လိုင္းမွာ ေပါက္ၾကားလာခဲ့ပါတယ္။မူရင္းဖုန္း ေဈးကြက္ထဲမေရာက္ခင္ ေနာက္ထြက္မယ့္ဖုန္းရဲ႕ ဒီဇိုင္းကို ျမင္ရတယ္ဆိုတာဟာ ႀကဳံေနက် ကိစၥတစ္ခုေတာ့ မဟုတ္ပါဘူး။

အခုပုံေတြထဲမွာ ျမင္ရတဲ့အတုိင္းဆုိရင္ေတာ့ Xperia 1 နဲ႔ Xperia 2 ၾကားမွာ သိသာထူးျခားလွတဲ့ အေျပာင္းအလဲေတြ သိပ္မရွိေသးပါဘူး။ ဒါေပမယ့္ လက္ရွိမွာကြာျခားေနတာေတြထဲက အထင္ရွားဆုံးတစ္ခုက Sony Xperia 2 ရဲ႕ေနာက္ဘက္မွာ Triple-camera ကိုအသုံးျပဳလာသလို အလယ္တည့္တည့္ကေန ဘယ္ဘက္ကို ေရႊ႕သြားပါတယ္။

အေပၚနဲ႔ေအာက္ Bezel ေတြကလည္း အတူတူပဲျဖစ္ၿပီး Xperia 1 မွာေတာ့ ၾကီးမားတဲ့ အေပၚပုိင္းနဲ႔ ပါးလႊာတဲ့ ေအာက္ဘက္ Chin တုိ႔ ပါဝင္ထားတာပါ။ Render ပုံရိပ္သက္သက္နဲ႔ေတာ့ က်ိန္းေသေျပာလို႔ မရႏုိင္ေသးေပမယ့္ Xperia 2 မွာလည္း တူညီတဲ့ 21:9 ျမင္ကြင္းအခ်ဳိးကို ဆက္လက္သယ္ယူလာပါတယ္။ ဒါေပမယ့္ သတင္းထြက္ေပၚမႈထဲမွာ Xperia 2 ရဲ႕မ်က္ႏွာျပင္ဟာ ပထမဖုန္းထက္ ပုိေသးမယ္လို႔ ပါဝင္ၿပီး 6.5” လက္မအရြယ္ Display ၾကီးအစား သိသိသာသာ ပိုေသးတဲ့ 6.1” ကိုသာ အသုံးျပဳလာမွာပါ။ ႏွစ္ခုစလုံးမွာ Audio Jack မပါတာကိုလည္း ေတြ႕ရပါတယ္။

Xperia 1 ဖုန္းဟာ မတ္လမွာ အၾကိဳအမွာစာလက္ခံခဲ့ၿပီး ခုခ်ိန္ထိ ႏုိင္ငံတကာေစ်းကြက္ေတြကို မတင္ပုိ႔ရေသးပါဘူး။ ဒီလိုအခ်ိန္မွာ ေနာက္ဆက္တြဲဖုန္းရဲ႕ ပုံရိပ္ထြက္လာတာ ထူးဆန္းၿပီး Sony ကုမၸဏီက ေနာက္ဖုန္းကို အခ်ိန္သိပ္မခြာပဲ ထုတ္လာမွာလားလို႔ ထင္ခ်င္စရာပါပဲ။

Ref – Android Authority

Unicode

Sony Xperia 1 စမတ်ဖုန်းဟာ လက်ရှိအချိန်ထိ အမေရိကန်ဈေးကွက်ကို တင်ပို့ခြင်းမပြုရသေးပေမယ့် စိတ်ဝင်စားစရာအဖြစ် Sony Xperia 2 ဟန်းဆက်ရဲ့ Render ပုံရိပ်တွေက အွန်လိုင်းမှာ ပေါက်ကြားလာခဲ့ပါတယ်။ မူရင်းဖုန်း ဈေးကွက်ထဲမရောက်ခင် နောက်ထွက်မယ့်ဖုန်းရဲ့ ဒီဇိုင်းကို မြင်ရတယ်ဆိုတာဟာ ကြုံနေကြ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

အခုပုံတွေထဲမှာ မြင်ရတဲ့အတိုင်းဆိုရင်တော့ Xperia 1 နဲ့ Xperia 2 ကြားမှာ သိသာထူးခြားလှတဲ့ အပြောင်းအလဲတွေ သိပ်မရှိသေးပါဘူး။ ဒါပေမယ့် လက်ရှိမှာကွာခြားနေတာတွေထဲက အထင်ရှားဆုံးတစ်ခုက Sony Xperia 2 ရဲ့နောက်ဘက်မှာ Triple-camera ကိုအသုံးပြုလာသလို အလယ်တည့်တည့်ကနေ ဘယ်ဘက်ကို ရွှေ့သွားပါတယ်။

အပေါ်နဲ့အောက် Bezel တွေကလည်း အတူတူပဲဖြစ်ပြီး Xperia 1 မှာတော့ ကြီးမားတဲ့ အပေါ်ပိုင်းနဲ့ ပါးလွှာတဲ့ အောက်ဘက် Chin တို့ ပါဝင်ထားတာပါ။ Render ပုံရိပ်သက်သက်နဲ့တော့ ကျိန်းသေပြောလို့ မရနိုင်သေးပေမယ့် Xperia 2 မှာလည်း တူညီတဲ့ 21:9 မြင်ကွင်းအချိုးကို ဆက်လက်သယ်ယူလာပါတယ်။ ဒါပေမယ့် သတင်းထွက်ပေါ်မှုထဲမှာ Xperia 2 ရဲ့မျက်နှာပြင်ဟာ ပထမဖုန်းထက် ပိုသေးမယ်လို့ ပါဝင်ပြီး 6.5” လက်မအရွယ် Display ကြီးအစား သိသိသာသာ ပိုသေးတဲ့ 6.1” ကိုသာ အသုံးပြုလာမှာပါ။ နှစ်ခုစလုံးမှာ Audio Jack မပါတာကိုလည်း တွေ့ရပါတယ်။

Xperia 1 ဖုန်းဟာ မတ်လမှာ အကြိုအမှာစာလက်ခံခဲ့ပြီး ခုချိန်ထိ နိုင်ငံတကာဈေးကွက်တွေကို မတင်ပို့ရသေးပါဘူး။ ဒီလိုအချိန်မှာ နောက်ဆက်တွဲဖုန်းရဲ့ ပုံရိပ်ထွက်လာတာ ထူးဆန်းပြီး Sony ကုမ္ပဏီက နောက်ဖုန်းကို အချိန်သိပ်မခွာပဲ ထုတ်လာမှာလားလို့ ထင်ချင်စရာပါပဲ။

Ref – Android Authority