[Zawgyi]

လာမယ့္ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔မွာေတာ့ Sony ဟာ သူတုိ႔ရဲ႕ Flagship အသစ္ Xperia XZ4 ကို MWC 2019 ပြဲေတာ္မွာ မိတ္ဆက္သြားေတာ့မွာပါ။ Xperia XZ4 ဟာ အရင္သတင္းေတြမွာ 6GB RAM / 128GB Storage ပါမယ္လို႔ ၾကာျမင့္စြာ သတင္းထြက္ထားေပမယ့္ အခုေပၚထြက္လာတဲ့ TENAA စာရင္းမွာေတာ့ ပိုအားေကာင္းတဲ့ 8GB / 256GB ဗားရွင္းကုိပါ ေတြ႕လာရတာ ျဖစ္ပါတယ္။

အဆုိပါ TENAA စာရင္းအရ Xperia XZ4 ဟာ 166.9 x 72.4 x 8.3mm ကိုယ္ထည္အခ်ဳိးရွိၿပီး ၁၈၈ ဂရမ္ အေလးခ်ိန္ရွိပါတယ္။ ဒီစမတ္ဖုန္းမွာ 6.4” လက္မအရြယ္ 3360 x 1440p Display ပါဝင္တယ္။ 2.84GHz ျမန္ႏႈန္းရွိတဲ့ Octa-core ပရုိဆက္ဆာပါဝင္တာကို ေတြ႕ရတယ္။ Android 9 Pie OS နဲ႔အသုံးျပဳရမွာျဖစ္ကာ ဘကၳရီကေတာ့ 3,680 mAh ျဖစ္ပါတယ္။

ယခင္က ေပါက္ၾကားခဲ့တဲ့သတင္းေတြမွာ Xperia XZ4 ဟာ Sony ရဲ႕ပထမဆုံး Triple Camera ပါတဲ့ ဟန္းဆက္ျဖစ္လာမယ္လို႔ ဆုိၿပီး 52MP နဲ႔ 26MP အဓိက Sensor ႏွစ္လုံးကို 8MP Depth Sensor နဲ႔ တြဲလာမယ္လို႔ ေျပာေနၾကတာပါ။ ဒါ့အျပင္ ေရွ႕ဆယ္ဖီကလည္း 24MP လို႔ဆုိထားတာေၾကာင့္ နဂုိထဲက ကင္မရာနည္းပညာမွာ ေရွ႕ေရာက္တဲ့ Sony ဟာ တကယ္ပဲ XZ4 မွာ လူတုိင္းအံ့အားသင့္ေအာင္ လုပ္ခ်လာမွာလား ဆုိတာ ျမင္ရဖုိ႔လဲ သိပ္မလိုေတာ့ပါဘူး။

Ref – Playful Droid

[Unicode]

လာမယ့်ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာတော့ Sony ဟာ သူတို့ရဲ့ Flagship အသစ် Xperia XZ4 ကို MWC 2019 ပွဲတော်မှာ မိတ်ဆက်သွားတော့မှာပါ။ Xperia XZ4 ဟာ အရင်သတင်းတွေမှာ 6GB RAM / 128GB Storage ပါမယ်လို့ ကြာမြင့်စွာ သတင်းထွက်ထားပေမယ့် အခုပေါ်ထွက်လာတဲ့ TENAA စာရင်းမှာတော့ ပိုအားကောင်းတဲ့ 8GB / 256GB ဗားရှင်းကိုပါ တွေ့လာရတာ ဖြစ်ပါတယ်။

အဆိုပါ TENAA စာရင်းအရ Xperia XZ4 ဟာ 166.9 x 72.4 x 8.3mm ကိုယ်ထည်အချိုးရှိပြီး ၁၈၈ ဂရမ် အလေးချိန်ရှိပါတယ်။ ဒီစမတ်ဖုန်းမှာ 6.4” လက်မအရွယ် 3360 x 1440p Display ပါဝင်တယ်။ 2.84GHz မြန်နှုန်းရှိတဲ့ Octa-core ပရိုဆက်ဆာပါဝင်တာကို တွေ့ရတယ်။ Android 9 Pie OS နဲ့အသုံးပြုရမှာဖြစ်ကာ ဘက္ထရီကတော့ 3,680 mAh ဖြစ်ပါတယ်။

ယခင်က ပေါက်ကြားခဲ့တဲ့သတင်းတွေမှာ Xperia XZ4 ဟာ Sony ရဲ့ပထမဆုံး Triple Camera ပါတဲ့ ဟန်းဆက်ဖြစ်လာမယ်လို့ ဆိုပြီး 52MP နဲ့ 26MP အဓိက Sensor နှစ်လုံးကို 8MP Depth Sensor နဲ့ တွဲလာမယ်လို့ ပြောနေကြတာပါ။ ဒါ့အပြင် ရှေ့ဆယ်ဖီကလည်း 24MP လို့ဆိုထားတာကြောင့် နဂိုထဲက ကင်မရာနည်းပညာမှာ ရှေ့ရောက်တဲ့ Sony ဟာ တကယ်ပဲ XZ4 မှာ လူတိုင်းအံ့အားသင့်အောင် လုပ်ချလာမှာလား ဆိုတာ မြင်ရဖို့လဲ သိပ်မလိုတော့ပါဘူး။

Ref – Playful Droid